Photo

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

(၂၆.၆.၂၀၂၃)နေ့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော “ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး” သို့ မွန်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့်အတွင်းရေးမှူးတို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၆.၆.၂၀၂၃)နေ့၊ နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၂)တွင် ကျင်းပပြုလုပ်သော “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” အခမ်းအနားသို့ နေပြည်တော်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

(၂၀.၆.၂၀၂၃)နေ့၊ မကွေးတိုင်း၊ မကွေးမြို့၊ တိုင်းလူမှုဝန်ထမ်းရုံးတွင် ကျင်းပပြုလုပ်သော “တိုင်းအမျိုးသမီးကော်မတီအစည်းအဝေး” သို့ မကွေးတိုင်း MWCDF အသင်းမှ အမှုဆောင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။

သင်တန်းတက်ရောက်ခြင်း

သင်တန်းတက်ရောက်ခြင်း

(၁.၆.၂၀၂၃)နေ့၊  မကွေးတိုင်း၊ မကွေးမြို့၊ တိုင်းလူမှုဝန်ထမ်းရုံးတွင် ဖွင့်လှစ်သော “ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား အရည်အသွေးမြှင့်တင်ရေးသင်တန်း” သို့ မကွေးတိုင်း MWCDF အသင်းမှ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခြင်း

အစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခြင်း

(၂၂.၆.၂၀၂၃)နေ့၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ တိုင်းလူမှုဝန်ထမ်းရုံးတွင် ကျင်းပပြုလုပ်သော “တိုင်း အမျိုးသမီးကော်မတီအစည်းအဝေးနှင့် အမျိုးသမီးများနှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး အလုပ်ရုံဆွေးနွေးပွဲ” သို့ ဧရာဝတီတိုင်း MWCDF အသင်းမှ အတွင်းရေးမှူး တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးပွဲတက်ရောက်ခြင်း

ဆွေးနွေးပွဲတက်ရောက်ခြင်း

(၂၀.၆.၂၀၂၃)နေ့၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆွေးနွေးပွဲသို့ ကချင်ပြည်နယ် MWCDF အသင်းဥက္ကဌမှ တက်ရောက်ဆွေးနွေးခဲ့ပါသည်။