ကထိန်အလှူတော်မင်္ဂလာအတွက် လှူဒါန်းခြင်း

(၇.၁၁.၂၀၂၂)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ လားရှိုးမြို့၌ ကျင်းပပြုလုပ်သော မြို့လုံးကျွတ်ကထိန်အလှူတော်မင်္ဂလာအတွက် ပဒေသာပင်တစ်ပင် လှူဒါန်းခဲ့ပါသည်။
Myanmar Women and Children Development Foundation
(၇.၁၁.၂၀၂၂)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ လားရှိုးမြို့၌ ကျင်းပပြုလုပ်သော မြို့လုံးကျွတ်ကထိန်အလှူတော်မင်္ဂလာအတွက် ပဒေသာပင်တစ်ပင် လှူဒါန်းခဲ့ပါသည်။
(၆.၁၁.၂၀၂၂)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များသည် လားရှိုးမြို့၊ အထက်မန်အိုင် အတုလဇေယျဝံသီ သာသနာ့ရိပ်သာကျောင်းသို့ သွားရောက်၍ စားသောက်ကုန်နှင့် စာရေးကိရိယာများ လှူဒါန်းခဲ့ပါသည်။
(၆.၁၁.၂၀၂၂)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များသည် လားရှိုးမြို့၊ သက်စမ်းရေ မျက်မမြင်ဆရာ ဦးစီးဖွင့်လှစ်သော မိဘမဲ့ကျောင်းသို့ သွားရောက်၍ မိဘမဲ့ကလေးများအတွက် အလှူငွေ၊ စားသောက်ကုန်နှင့် စာရေးကိရိယာများ လှူဒါန်းခဲ့ပါသည်။
(၃.၁၁.၂၀၂၂)နေ့တွင် MWCDF အသင်းမှ တွဲဘက်ဘဏ္ဍာရေးမှူးနှင့် CEC အဖွဲ့ဝင်တို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်၍ သားဖွားမီးယပ်ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများ၊ လူနာစောင့်များနှင့် ဆေးရုံဝန်ထမ်းများအား နေ့လည်စာ-ထမင်း၊ ကြက်သားဟင်း၊ မုန်လာဥချဉ်ရည်ဟင်း ဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။
(၂၆.၁၀.၂၀၂၂နေ့တွင် မြန်မာနို်ငငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ (ပဉ္စမအကြိမ်)မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားအား နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်၊ ဇောတိကာရာမကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
(၁၄.၁၀.၂၀၂၂)နေ့တွင် MWCDF အသင်းမှ ခေတ္တဥက္ကဌနှင့် တွဲဘက်ဘဏ္ဍာရေးမှူးတို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်၍ သားဖွားမီးယပ်ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများနှင့် လူနာစောင့်များအား နေ့လည်စာ-ထမင်း၊ ကြက်သားဟင်း၊ ကန်စွန်းရွက်ချဉ်ဟင်းဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။