Photo

အိမ်တွင်းမှုလုပ်ငန်းသင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်ခြင်း

အိမ်တွင်းမှုလုပ်ငန်းသင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်ခြင်း

(၁၄.၁၀.၂၀၂၂)နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သော အိမ်တွင်းမှုလုပ်ငန်း သင်တန်းအပတ်စဉ်(၄/၂၀၂၂)သင်တန်းဆင်းပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်း MWCDF အသင်းဥက္ကဌ တက်ရောက်ခဲ့ပါသည်။  

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနား တက်ရောက်ခြင်း

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနား တက်ရောက်ခြင်း

(၁၃.၁၀.၂၀၂၂)နေ့တွင် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနား တက်ရောက်ခြင်း

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနား တက်ရောက်ခြင်း

(၁၃.၁၀.၂၀၂၂)နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ MWCDF အသင်းမှ ခေတ္တဥက္ကဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ပါသည်။

မွေးလူနာမိခင်နှင့်ကလေးအား ထောက်ပံ့ခြင်း

မွေးလူနာမိခင်နှင့်ကလေးအား ထောက်ပံ့ခြင်း

(၇.၁၀.၂၀၂၂)နေ့တွင် မကွေးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် မကွေးမြို့၊ ပြည်သူ့ ဆေးရုံကြီး၌ တက်ရောက်မီးဖွားနေသော အခက်အခဲဖြစ်နေသည့် မွေးလူနာမိခင်အတွက် လိုအပ်သော အဝတ်အထည်၊ ကလေးအတွက် အနှီးပိတ်စ၊ အင်္ကျီနှင့် အလှူငွေများ သွားရောက်ထောက်ပံ့ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတက်ရောက်ခြင်း

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၁.၁၀.၂၀၂၂)နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၌ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ကရင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်၍ အသက်(၉၀)နှင့်အထက် ဘိုးဘွား(၆၇)ဦးအား အလှူငွေများ ကန်တော့ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတက်ရောက်ခြင်း

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၁.၁၀.၂၀၂၂)နေ့တွင် မကွေးတိုင်း၊ မကွေးမြို့၌ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အခမ်းအနားသို့ မကွေးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်၍ သက်ကြီး အဘိုးအဘွား(၇၂)ဦးအား အလှူငွေနှင့် အသုံးအဆောင်ပစ္စည်းများ ကန်တော့ခဲ့ပါသည်။