ဥတ္တရာရုံသီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၂.၈.၂၀၂၂)နေ့တွင် ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မိုးကောင်းမြို့၊ ဥတ္တရာရုံသီလရှင်ကျောင်းသို့ အလှူငွေ၊ ဆန်၊ ဆီ၊ ဗလာစာအုပ်နှင့် ဖိနပ်များ သွားရောက်လှူဒါန်းခဲ့ပါသည်။
Myanmar Women and Children Development Foundation
(၂၂.၈.၂၀၂၂)နေ့တွင် ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မိုးကောင်းမြို့၊ ဥတ္တရာရုံသီလရှင်ကျောင်းသို့ အလှူငွေ၊ ဆန်၊ ဆီ၊ ဗလာစာအုပ်နှင့် ဖိနပ်များ သွားရောက်လှူဒါန်းခဲ့ပါသည်။
(၂၀.၈.၂၀၂၂)နေ့၊ မဏ္ဍိုင်ဆရာတော်ဘုရားကြီး သက်တော်(၈၁)မွေးနေ့အလှူတွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များမှ သံဃာတော်အပါး-(၂၀၀)အား ဝတ္ထုငွေ၊ ဆွမ်းနှင့် အသင်းဗလာစာအုပ်များ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
(၁၆.၈.၂၀၂၂)နေ့တွင် MWCDF အသင်းမှ တွဲဘက်ဘဏ္ဍာရေးမှူးနှင့် CEC တို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်၍ သားဖွားမီးယပ်ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများနှင့် လူနာစောင့်များအား နေ့လည်စာ-ထမင်း၊ ကြက်သားဟင်း၊ ကန်စွန်းရွက်ချဉ်ဟင်းဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။
(၁၆.၈.၂၀၂၂)နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆို်ငရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ပဲခူးမြို့၌ ကျင်းပပြုလုပ်သော တိုင်းအဆင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း(BDMC)အမှတ်စဉ် (၁/၂၀၂၂)သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌ တက်ရောက်ခဲ့ပြီး ၎င်းသင်တန်းသို့ တိုင်းအသင်း ကိုယ်စားပြု အဖွဲ့ဝင်(၂)ဦးမှ သင်တန်းသူအနေဖြင့် တက်ရောက်ခဲ့ပါသည်။
(၁၆.၈.၂၀၂၂)နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သော အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေး နှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးသို့ MWCDF အသင်း အတွင်းရေးမှူးမှ Zoom Online ဖြင့် တက်ရောက်ဆွေးနွေးခဲ့ပါသည်။
(၅.၈.၂၀၂၂)နေ့တွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် လူမှုဝန်ထမ်းရုံး၌ ကျင်းပပြုလုပ်သော သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးသို့ ကချင်ပြည်နယ် MWCDF အသင်းဥက္ကဌ တက်ရောက်ခဲ့ပါသည်။