Photo

ချင်းရွာ အ.မ.က(၃)ကျောင်းသို့ လှူဒါန်းခြင်း

ချင်းရွာ အ.မ.က(၃)ကျောင်းသို့ လှူဒါန်းခြင်း

(၃.၈.၂၀၂၂)နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ချင်းရွာ အ.မ.က(၃)ကျောင်းရှိ ဆရာ/မ(၇)ဦး အတွက် ကျောင်းဝတ်စုံ၊ ဆန်၊ ဆီနှင့် ကျောင်းသား/သူ(၁၄၉)ဦးအတွက် ကျောင်းသုံးစာရေးကိရိယာများ အား အလှူရှင် ဒုဥက္ကဌမိသားစုမှ ပေးအပ်လှူဒါန်းခဲ့ပါသည်။

MWCDF အသင်း၏ (၉)နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနား (Online Zoom Meeting)

MWCDF အသင်း၏ (၉)နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနား (Online Zoom Meeting)

(၃.၈.၂၀၂၂)နေ့တွင် နေပြည်တော် MWCDF(ရုံးချုပ်)၌ အသင်း၏(၉)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား (Online Zoom Meeting)အား MWCDF (ဗဟို) ဥက္ကဌ၊ ခေတ္တဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် CEC အဖွဲ့ဝင်များ၊ ပြည်နယ်/တိုင်း MWCDF အသင်းများမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များနှင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း

(၁.၈.၂၀၂၂)နေ့တွင် နေပြည်တော် MWCDF (ရုံးချုပ်)၌ သံဃာတော်များ ပင့်ဖိတ်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ဘုမ္မော်ရပ်ကွက် အ.မ.က မူလွန်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ဘုမ္မော်ရပ်ကွက် အ.မ.က မူလွန်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၂.၇.၂၀၂၂)နေ့တွင် တနင်္သာရီတိုင်း MWCDF အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်၊ အ.မ.က(မူလွန်)ကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူကလေးများအား ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်လှူဒါန်းခြင်း၊ ပညာ၏ မြင့်မြတ်မှု၊ အဖိုးတန်မှုများနှင့် အားပေးစကားများ ပြောကြားခဲ့ပါသည်။

အခက်အခဲဖြစ်နေသော အမျိုးသမီးအား ကူညီထောက်ပံ့ခြင်း

အခက်အခဲဖြစ်နေသော အမျိုးသမီးအား ကူညီထောက်ပံ့ခြင်း

(၂၉.၇.၂၀၂၂)နေ့တွင် ဧရာဝတီတိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မိဘနှင့်ခင်ပွန်း ဖြစ်သူမှ စွန့်ပစ်ခံရပြီး ကလေးမီးဖွားနေသည့် အမျိုးသမီးများ အလှူငွေနှင့် လိုအပ်သော အဝတ်အထည်၊ ခြင်ထောင်များ သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။

ပုသိမ်မြို့၊ ဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်းခြင်း

ပုသိမ်မြို့၊ ဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်းခြင်း

(၂၅.၇.၂၀၂၂)နေ့တွင် ဧရာဝတီတိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ အဘိုးအဘွား(၄၆)ဦးအား တစ်နေ့တာအာဟာရ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။