Photo

အိမ်တွင်းမှု သက်မွေးပညာသင်ကျောင်း သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်ခြင်း

အိမ်တွင်းမှု သက်မွေးပညာသင်ကျောင်း သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်ခြင်း

(၂၂.၇.၂၀၂၂)နေ့တွင် ရန်ကုန်တိုင်း၊ ရန်ကုန်မြို့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော အိမ်တွင်းမှု သက်မွေးပညာသင်ကျောင်း သင်တန်းဆင်းပွဲသို့ ရန်ကုန်တိုင်း MWCDF အသင်းမှ တက်ရောက်၍ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

(၄၆)ကြိမ်မြောက် CEC အစည်းအဝေး

(၄၆)ကြိမ်မြောက် CEC အစည်းအဝေး

(၂၁.၇.၂၀၂၂)နေ့တွင် နေပြည်တော်၊ MWCDF (ရုံးချုပ်)၌ (၄၆)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ တက်ရောက်ခြင်း

လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ တက်ရောက်ခြင်း

(၁၈.၇.၂၀၂၂)နေ့တွင် အေမြန်မာလူမှုကူညီရေး အဖွဲ့မှ ပဲခူးမြို့၌ ကျင်းပပြုလုပ်သည့် ထိလွယ်ရှလွယ် ရောဂါရလွယ်သော လိင်လုပ်သား အမျိုးသမီးလေးများနှင့် မိန်းမလျာလေးများအား စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းနှင့် ကူညီဆောင်ရွက်ပေးလျက်ရှိသော အဖွဲ့နှင့်အတူတူ အမျိုးသမီးများအား ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝရရှိစေရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ ပဲခူးတိုင်း MWCDF အသင်းမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

ကျောင်းသား/သူများ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်ခြင်း

ကျောင်းသား/သူများ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်ခြင်း

(၁၆.၇.၂၀၂၂)နေ့တွင် ကရင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ဘားအံမြို့၊ အ.ထ.က(၄)ကျောင်း၌ ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သော ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ ပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း အဖွဲ့ဝင်လျှောက်လွှာများ လက်ခံရယူခြင်း အခမ်းအနား

ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း အဖွဲ့ဝင်လျှောက်လွှာများ လက်ခံရယူခြင်း အခမ်းအနား

(၁၅.၇.၂၀၂၂)နေ့တွင် နေပြည်တော် MWCDF (ရုံးချုပ်)မှ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ (SSSCCI) ခန်းမ၌ ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း၏ အဖွဲ့ဝင်သစ် လျှောက်လွှာများ လက်ခံရယူခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

တောင်ကြီးမြို့၊ YGW ပရဟိတမိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းသို့ သွားရောက် လှူဒါန်းခြင်း

တောင်ကြီးမြို့၊ YGW ပရဟိတမိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းသို့ သွားရောက် လှူဒါန်းခြင်း

(၁၄.၇.၂၀၂၂)နေ့တွင် MWCDF(ရုံးချုပ်)မှ ခေတ္တဥက္ကဌနှင့် CEC အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် တောင်ကြီးမြို့၊ YGW ပရဟိတမိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းသို့ သွားရောက်၍ ဝတ္ထုငွေ၊ သင်္ကန်း၊ ကျောင်းသုံးစာရေးကိရိယာများ၊ အခြေခံ စားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။