Photo

တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် အမွှာညီမကျောင်းသူ(၂)ဦးအား ချီးမြှင့်ခြင်း

တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် အမွှာညီမကျောင်းသူ(၂)ဦးအား ချီးမြှင့်ခြင်း

(၁၅.၇.၂၀၂၂)နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်းမှ ပညာသင်စရိတ်ထောက်ပံ့ပေးထားသော သုံးခွ မြို့နယ်၊ ရဲနွဲ့ကျေးရွာမှ အမွှာကျောင်းသူ(၂)ဦးသည် တက္ကသိုလ်ဝင်စာမေးပွဲထူးချွန်စွာ အောင်မြင်ခဲ့သည့် အတွက် တစ်ဦးလျှင် (၁)သိန်းကျပ်နှုန်းဖြင့် ထောက်ပံ့ငွေနှင့် ဝမ်းဆက်တစ်စုံစီ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

သပြေကုန်းဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်းခြင်း

သပြေကုန်းဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၇.၂၀၂၂)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့၊ သပြေကုန်း ဘိုးဘွားရိပ်သာရှိ အဘိုးအဘွား(၂၇)ဦးအား ဆေးဝါး၊ မုန့်နှင့် မနက်စာ-ထမင်း+ဟင်းများ သွားရောက် လှူဒါန်းကျွေးမွေးပြီး အားပေးစကား ပြောကြားခဲ့ပါသည်။

တိုက်ပွဲရှောင်မိသားစုများအား သွားရောက်လှူဒါန်းခြင်း

တိုက်ပွဲရှောင်မိသားစုများအား သွားရောက်လှူဒါန်းခြင်း

(၉.၇.၂၀၂၂)နေ့တွင် ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ငွေပျော်ကျေးရွာ၊ တိုက်ပွဲရှောင်မိသားစုများအတွက် အခြေခံစားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်းများ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

(၇.၇.၂၀၂၂)နေ့တွင် MWCDF အသင်းမှ  ခေတ္တဥက္ကဌနှင့် CEC တို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်၍ သားဖွားမီးယပ်ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများနှင့် လူနာစောင့်များအား နေ့လည်စာ-ထမင်း၊ ကြက်သားဟင်း၊ ကန်စွန်းရွက်ချဉ်ဟင်းဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်ခြင်း

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်ခြင်း

(၄.၇.၂၀၂၂)နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ကချင်ပြည်နယ် MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ဂုဏ်ပြုဆုငွေ လှူဒါန်းခဲ့ပါသည်။

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်ခြင်း

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်ခြင်း

(၄.၇.၂၀၂၂)နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။