Photo

လွယ်ကောင်းကျေးရွာ ပညာဥယျာဉ်(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်းနှင့် ဟောပြောဆွေးနွေးခြင်း

လွယ်ကောင်းကျေးရွာ ပညာဥယျာဉ်(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်းနှင့် ဟောပြောဆွေးနွေးခြင်း

(၂.၇.၂၀၂၂)နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မြန်မာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် လွယ်ကောင်းကျေးရွာ၊ ပညာဥယျာဉ်(ဘ.က)ကျောင်းရှိ ကျောင်းသား/သူကလေးများအား ကျန်းမာရေးအသိပညာဖြင့် Healt Education ပေးခြင်း၊ မိမိကိုယ်ကို ကာကွယ်နိုင်သည့်နည်းလမ်းများ ပြောကြားအသိပညာပေးခြင်း၊ ဗလာစာအုပ်နှင့် မုန့်များ လှူဒါန်းပေးခြင်း၊ ကလေးများနှင့်ကျောင်းရှိသံဃာများအတွက် ဆေးဝါးများ လှူဒါန်းခြင်း၊ ဗီနိုင်းဖြင့် အသိပညာပေးပြီး အပြန်အလှန်မေးခွန်းများ မေးမြန်းကာ ဆုချပေးခြင်းနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် လက်သဲညှပ်ခြင်းများအား စုပေါင်းလုပ်ဆောင်ခဲ့ကြပါသည်။

တောင်ကြီးမြို့၊ အ.မ.က(၅)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

တောင်ကြီးမြို့၊ အ.မ.က(၅)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁.၇.၂၀၂၂)နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် တောင်ကြီးမြို့၊ အ.မ.က(၅)ကျောင်းရှိ ကျောင်းသား/သူကလေးများအား ကျောင်းသုံးစာရေးကိရိယာ များ သွားရောက်လှူဒါန်းခဲ့ပါသည်။ ထို့ပြင် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအနေနှင့် အမျိုးသမီးနှင့်ကလေးများအပေါ်အကြမ်းဖက်မှုကို ကာကွယ်သောအားဖြင့် သက်ငယ်မုဒိမ်းကင်းစင်ရေး အားလုံးပူးပေါင်းပါဝင်ပေး ခေါင်းစဉ်ဖြင့် လက်ကမ်းစာစောင်များပေးအပ်၍ အသိပညာပေး ဟောပြော ဆွေနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

Gender, CEDAW, NSPAW, UNSCR-1325 Online အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနား နှင့် သင်တန်းတက်ရောက်ခြင်း

Gender, CEDAW, NSPAW, UNSCR-1325 Online အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနား နှင့် သင်တန်းတက်ရောက်ခြင်း

(၁၂.၁.၂၀၂၂)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အဖွဲ့ဝင် အမျိုးသမီးအဖွဲ့အစည်းများအတွက် Gender, CEDAW, NSPAW, UNSCR-1325 Online အသိပညာပေးသင်တန်းကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၂)ရက် နေ့နှင့် (၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ခေတ္တဥက္ကဌ ဒေါ်သူဇာဝေနှင့် အတွင်းရေးမှူး ဒေါ်မေမြင့်မောင်တို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ သင်တန်းကို မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)တို့မှ MWCDF

မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း

မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း

(၂၄.၆.၂၀၂၁)နေ့တွင် MWCDF အသင်း၏ (၈)နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ရုံးဝန်းအတွင်း၌ နှစ်ရှည်ပင်များ၊ အရိပ်ရအပင်များ၊  သီးပင်စားပင်များဖြစ်သော (အုန်းချိုမွှေး၊ သပြေ၊ သံပုရာ၊ သရက်၊ ဒူးရင်း၊ ကံကော်) စသည့်ပျိုးပင်များအား အသင်းဥက္ကဌ၊ ဒုဥက္ကဌနှင့် CEC များမှ စုပေါင်းပါဝင် အမှတ်တရစိုက်ပျိုးခဲ့ပါသည်။