Photo

ကျောင်းသား/သူများအား စာအုပ်လှူဒါန်းမှုနှင့် ဟောပြောခြင်း

ကျောင်းသား/သူများအား စာအုပ်လှူဒါန်းမှုနှင့် ဟောပြောခြင်း

(၁.၆.၂၀၂၃)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် အထက်တန်းကျောင်းသူများအား ကျောင်းဖွင့်ရာသီအတွက် ရေးစရာစာအုပ်နှင့် ဖတ်စရာအသိပညာပေးစာအုပ်များပေးဝေလှူဒါန်းခဲ့ပြီး သက်ငယ်မုဒိမ်းအကြောင်း ဆွေးနွေးဟောပြောခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခြင်း

အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခြင်း

(၈.၆.၂၀၂၃)နေ့၊ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကရင်ပြည်နယ်အမျိုးသမီးကော်မတီမှ ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအနေဖြင့် “အမျိုးသမီးများ ဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ” သို့ ကရင်ပြည်နယ် MWCDF အသင်းမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

(၈.၆.၂၀၂၃)နေ့၊ နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)တွင် ကျင်းပပြုလုပ်သော ရှေးဦး အရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ နေပြည်တော်တိုင်း MWCDF အသင်း ဥက္ကဌ တက်ရောက်ခဲ့ပါသည်။

အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

(၄.၆.၂၀၂၃)နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(၁၂) ကျောင်းခန်းမ၌ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ကြီးမှူး၍ဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။