Photo

မန္တလေးတိုင်း MWCDF အသင်းမှ EC Meeting ပြုလုပ်ခြင်း

မန္တလေးတိုင်း MWCDF အသင်းမှ EC Meeting ပြုလုပ်ခြင်း

(၂၈.၅.၂၀၂၃)နေ့တွင် မန္တလေးတိုင်း MWCDF အသင်း၏ EC အစည်းအဝေး(၂/၂၀၂၃)ကို ကျင်းပပြုလုပ်ရာ ဥက္ကဌ၊ ဒု-ဥက္ကဌနှင့် အဖွဲ့ဝင်များတက်ရောက်၍ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။ ထို့နောက် အဖွဲ့ဝင်သစ်များ ကြိုဆိုခြင်းနှင့် အသင်းအကြောင်း ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

နေပြည်တော်တိုင်း MWCDF အသင်းမှ နေရပ်စွန့်ခွာတိမ်းရှောင်နေရသော မိသားစုများနှင့် ကလေးသူငယ်များအား ပညာသင်ကြားရေးထောက်ပံ့ကူညီလှူဒါန်းခြင်း

နေပြည်တော်တိုင်း MWCDF အသင်းမှ နေရပ်စွန့်ခွာတိမ်းရှောင်နေရသော မိသားစုများနှင့် ကလေးသူငယ်များအား ပညာသင်ကြားရေးထောက်ပံ့ကူညီလှူဒါန်းခြင်း

(၃၀.၅.၂၀၂၃)နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် နေရပ် စွန့်ခွာတိမ်းရှောင်နေရသော မိသားစုများ၏ ကျောင်းနေအရွယ် KG, Grade (1) မှ Grade (5) ကလေးသူငယ်များအား ပညာသင်ကြားရေးအထောက်အပံ့အဖြစ် စတီးချိုင့်၊ ရေဘူး၊ ဆွဲခြင်း၊ ကျောင်းသုံးစာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ကူညီလှူဒါန်းခဲ့ပါသည်။

နေပြည်တော်တိုင်း MWCDF အသင်း ဖွဲ့စည်းခြင်း

နေပြည်တော်တိုင်း MWCDF အသင်း ဖွဲ့စည်းခြင်း

(၁၉.၅.၂၀၂၃)နေ့တွင် နေပြည်တော် MWCDF (ရုံးချုပ်)၌ နေပြည်တော်တိုင်း MWCDF အသင်း အသစ် ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် MWCDF အသင်း ခေတ္တဥက္ကဌမှ အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူးမှ အသင်းအကြောင်း ရှင်းလင်းပြောကြားကာ အသင်း Documentary Film အား ပြသခဲ့ပါသည်။ဆက်လက်၍ အသစ်ထပ်မံဖွဲ့စည်းသော နေပြည်တော်တိုင်း MWCDF အသင်း ဥက္ကဌမှ အလုပ်အမှုဆောင်များနှင့် မိတ်ဆက်ပေးခြင်းအစီအစဉ်နှင့် ယခင်ဖွဲ့စည်းထားသော တိုင်းအသင်း ဥက္ကဌ မှ အသစ်ထပ်မံဖွဲ့စည်းသည့် အသင်းဥက္ကဌထံ အသင်းလုပ်ငန်းဆောင်ရွက်ချက်ဖိုင်အား လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း (MOCHA)ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဒေသများအတွက် အလှူငွေ လှူဒါန်းခြင်း

ဆိုင်ကလုန်းမုန်တိုင်း (MOCHA)ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဒေသများအတွက် အလှူငွေ လှူဒါန်းခြင်း

(၁၈.၅.၂၀၂၃)နေ့၊ နေပြည်တော်ကောင်စီဝင်း၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် ဆိုင်ကလုန်းမုန်တိုင်း(MOCHA) တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ MWCDF အသင်းမှ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များတက်ရောက်၍ အသင်းမှ အလှူငွေ-(၃၀)သိန်းကျပ်၊ စေတနာရှင် အလှူရှင် အသင်း CEC များနှင့် အဖွဲ့ဝင်များမှ အလှူငွေ-(၃၈)သိန်းကျပ် စုစုပေါင်း-(၆၈)သိန်းကျပ် ပေးအပ်လှူဒါန်းရာ နေပြည်တော်ကောင်စီဥက္ကဌနှင့် တာဝန်ရှိသူများကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည့်အတွက် လက်ခံရယူခဲ့ကြပါသည်။

ကမ္ဘာ့သွေးတိုးရောဂါနေ့ အခမ်းအနားတက်ရောက်ခြင်း

ကမ္ဘာ့သွေးတိုးရောဂါနေ့ အခမ်းအနားတက်ရောက်ခြင်း

(၁၈.၅.၂၀၂၃)နေ့၊ နေပြည်တော်၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်(MWAF)မှ ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့သွေးတိုးရောဂါနေ့ အထိမ်းအမှတ်အခမ်းအနားသို့ MWCDF အသင်းမှ အတွင်းရေးမှူး နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တို့ တက်ရောက်ခဲ့ပါသည်။

လေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်းခြင်း

လေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်းခြင်း

(၉.၅.၂၀၂၃)နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်မြေကုန်းကျေးရွာရှိ လေဘေးသင့်ပြည်သူများ သောက်သုံးရေ ရရှိရေးနှင့် ကျေးရွာရှိ ပျက်စီးသွားသော မိုးကောင်းစေတီတော်မြတ်နှင့် အရံစေတီများ၊ သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင်ရန်အတွက် အလှူငွေ-(၃၇)သိန်းကို ရွှေပြည်တော်သို့ ဆုံမှတ်ပရဟိတအသင်းမှတစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ပါသည်။