Photo

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

(၂၅.၅.၂၀၂၃)နေ့တွင် MWCDF အသင်းမှ တွဲဘက်အတွင်းရေးမှူးနှင့် CEC များသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်၍ အသင်းတည်ထောင်ခဲ့သည့် (၁၄.၅.၂၀၁၃)ရက်၊ (၁၀)နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် သားဖွားမီးယပ်ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများအား နေ့လည်စာ-ထမင်း၊ ကြက်သားဟင်း၊ သီးစုံချဉ်ဟင်းဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ဆေးကုသမှုခံယူနေသော ကလေးငယ်အား အလှူငွေ သွားရောက်လှူဒါန်းခြင်း

ဆေးကုသမှုခံယူနေသော ကလေးငယ်အား အလှူငွေ သွားရောက်လှူဒါန်းခြင်း

(၁၀.၅.၂၀၂၃)ရက်နေ့တွင် တွဲဘက်အတွင်းရေးမှူးနှင့် CEC တို့သည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ မွေးဖွားပြီး ကျန်းမာရေးမကောင်းသောကလေးငယ်အတွက် အလှူငွေ လှူဒါန်းခဲ့ပါသည်။

ကျောင်းအခြေပြုနွေရာသီယဉ်ကျေးလိမ္မာသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲကျင်းပ

ကျောင်းအခြေပြုနွေရာသီယဉ်ကျေးလိမ္မာသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲကျင်းပ

(၇.၄.၂၀၂၃)နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ကြီးမှူး၍ ဖွင့်လှစ်သော ကျောင်းအခြေပြု နွေရာသီယဉ်ကျေးလိမ္မာသင်တန်း အမှတ်စဉ်(၁)သင်တန်းဆင်းပွဲအခမ်းနားအား နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(၁၂)ကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။