ကျန်းမာရေး

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၀.၁.၂၀၂၅ ရက်နေ့တွင် ပဲခူးမြို့၊ မြို့တော်ခန်းမတွင်ကျင်းပသော ရေမွန်းသော မွေးကင်းစကလေးအား အသက်ကယ်ပြုစုခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်(၅) ဦးတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၃.၁.၂၀၂၅ ရက်​နေ့တွင် ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့်​ မွေးကင်းစက​လေးအသက်ကယ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင်(၅)ဦးတက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၁၃.၁.၂၀၂၅ ရက်နေ့တွင် မနန္ဒာမြတ်မင်း၊ မောင်ရာပြည့်၊ မမင်းသန့်ခင်ခင် မောင်နှမသုံးယောက် မွေးနေ့အလှူအနေဖြင့် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းက နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဆံ့သားဖွားမီးယပ်အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)တွင် ဆေးရုံတက်ရောက်နေသော အမျိုးသမီးလူနာများ၊ လူနာစောင့်များ နေ့လည်စာအာဟာရအတွက် ထမင်း၊ ကြက်သာဟင်း၊ ချဉ်ရည်ဟင်းနှင့် ရေသန့်ဗူးတို့ကို အလှူရှင်မိသားစုနှင့်အတူ လက်ရောက်ပေးဝေလှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၁၂.၁.၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် ဦးလှထွန်းမေတ္တာရိပ်မွန်(ကင်ဆာ)ဖေါင်ဒေးရှင်းသို့ သွားရောက်၍ သွေးကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အူကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ ကင်ဆာ‌‌ဝေဒနာရှင်( ၃၅ )ဦးနှင့် လူနာစောင့်(၃၅)ဦးအတွက် နေ့လည်စာလှူဒါန်းခြင်း၊ ဆေးပဒေသာပင်အတွက် (၂၀၀,၀၀၀)ကျပ်၊ ဝေဒနာရှင်တဦးစီအတွက် အလှူငွေ(၅၀၀၀)ကျပ်စီနှင့် လိမ္မော်သီးတို့ကိုလှူဒါန်းခဲ့ပါသည်။ ယနေ့လှူဒါန်းငွေစုစုပေါင်း (၅၆၅၀၀၀)ကျပ်ဘိုး လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၉.၁.၂၀၂၅ ရက်နေ့တွင် မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း အပတ်စဉ်(၂၆) သူနာပြု – သားဖွားဒီပလိုမာ  (၃)နှစ်သင်တန်း ( အဋ္ဌမအကြိမ်) ဒီပလိုမာအောင်လက်မှတ်ပေးအပ်နှင်းပွဲအခမ်းအနားသို့ မကွေးတိုင်း အမျိုးသမီးများနှင့်က‌လေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်( ၃ )ဦး တက်ရောက်ခဲ့ကြပါသည် ။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၄.၁.၂၀၂၅ ရက်နေ့တွင် (၇၇)နှစ်​မြောက်လွတ်လပ်​ရေး​နေ့အထိမ်းအမှတ်အဖြစ် ငပု​တောမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှတည်​ထောင်ခွင့်ပြုမိန့်ရ ကိုယ်အားကိုယ်ကိုး မူလတန်းကြို​ကျောင်းတွင် ကျင်းပပြုလုပ်သည့် ရင်​သွေးငယ်‌လေးများ၏ အားကစားပြိုင်ပွဲတွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကစားစရာပစ္စည်းများဝေငှခြင်းနှင့် အာဟာရ​ကျွေး​မွေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ လှူဒါန်းမှုကုန်ကျငွေ (၁)သိန်းကျပ်ဖြစ်ပါသည်။