ကျန်းမာရေး

မီးလောင်ကုန်းကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

မီးလောင်ကုန်းကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

(၂၁.၈.၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူ ငယ်များဘဝမြှင့်တင်ရေး အသင်း မှ ဒုဥက္ကဋ္ဌ ဒေါ်စုညွန့်ဦးနှင့် CEC အဖွဲ့ဝင်များသည် မီးလောင်ကုန်းကျေးရွာ ဘုန်တော်ကြီး ကျောင်းသို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော် ဦးကေစိန္န အား ဖူးမျှော်ကန်တော့ပြီး ဘုရားဆင်းတုတော်၊ ဝါဆိုသင်္ကန်း ကပ်လှူခြင်းနှင့် ၀တ္ထုငွေ(၃၀,၀၀၀)ကျပ်၊ ဘုရားပန်း၊ ဆိုလာမီးအိမ်၊ ဆန်၊ ဆီ၊ မုန့်များ လှူဒါန်း၍ ဆရားတော်ထံမှ တရားနာယူခဲ့ကြပါသည်။             ဆက်လက်၍ ကျေးရွာတွင် လေဖြတ်၍ ကျန်းမာရေးထောက်ပံ့ကူညီရန် လိုအပ်နေသော သက်ကြီးရွယ်အို အဖွား(၂)ဦးအား အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။  

ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်းမှ ဆေးရုံတက်ရောက်ကုသနေသော လူနာများအား ထောက်ပံ့လှူဒါန်းခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်းမှ ဆေးရုံတက်ရောက်ကုသနေသော လူနာများအား ထောက်ပံ့လှူဒါန်းခြင်း

(၁.၈.၂၀၂၀)နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF ဥက္ကဌနှင့်အဖွဲ့ဝင်များသည် Covid-19 ကာလအတွင်း တောင်ကြီးမြို့၊ စပ်စံထွန်းဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေသော လူနာများ အား အလှူငွေ၊ အစာအာဟာရများနှင့် Covid-19 အကာအကွယ်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ပါ သည်။

မြစ်ကြီးနားမြို့၊ အမှတ်(၁) မူလတန်းကြိုကျောင်းအတွက် လက်ဆေးဘေဇင်များ လှူဒါန်းခြင်း

မြစ်ကြီးနားမြို့၊ အမှတ်(၁) မူလတန်းကြိုကျောင်းအတွက် လက်ဆေးဘေဇင်များ လှူဒါန်းခြင်း

(၂၉.၇.၂၀၂၀)နေ့တွင် ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် Covid-19 ကာလအတွင်း မြစ်ကြီးနားမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော အမှတ်(၁) မူလတန်းကြို ကျောင်းအတွက် လက်ဆေးဘေဇင်(၁၅)ခု သွားရောက်လှူဒါန်းခဲ့ပါသည်။

ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(၁၂)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(၁၂)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၉.၇.၂၀၂၀)နေ့တွင် MWCDF အသင်းမှ အတွင်းရေးမှူးနှင့် CEC အဖွဲ့ဝင်များသည် ဥတ္တရသီရမြို့နယ်၊ အ.ထ.က(၁၂)ကျောင်းတွင် ဆရာ/မများနှင့်တွေ့ဆုံ၍ ကျောင်းအတွက် လိုအပ်နေသော ခြေနင်းအမှိုက်ပုံး၊ လက်ဆေးဘေဇင်နှင့် အခြားသော ပစ္စည်းများဝယ်ရန် အလှူငွေနှင့် ဗလာစာအုပ်များ၊ အကာအကွယ်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

ကျွဲရှင်းကျေးရွာ၊ မဏိဇောတိကဘုန်းကြီးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ကျွဲရှင်းကျေးရွာ၊ မဏိဇောတိကဘုန်းကြီးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၄.၇.၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း မှ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် CEC များသည် Covid-19 ကာလ ဥတ္တရသီရိမြို့နယ်၊ ကျွဲရှင်းကျေးရွာ၊ မဏိဇောတိက ဘုန်းကြီးကျောင်းတွင် ကျောင်းထိုင်ဆရာတော်ထံ ဝါဆိုသင်္ကန်း၊ ၀တ္ထုငွေ၊ အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ကုန်များ၊ အကာအကွယ်ပစ္စည်းများ သွားရောက်လှူဒါန်းခြင်း၊ ကျွဲရှင်း အ.ထ.က ကျောင်းဝင်းအတွင်းရှိ စာသင်ကျောင်းဆောင်များတွင် ပိုးသတ်ဆေးများ ဖြန်းပေးနေသော ကျေးရွာဖွံ့ဖြိုးရေးအဖွဲ့ထံ အကာအကွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။

မကွေးမြို့နယ်၊ မူလွန်ကျွန်းပြတ်ကျောင်းတွင် Good Treatment Program အကြောင်း ဆွေးနွေးခြင်းနှင့် သစ်ပင်များစိုက်ပျိုးပေးခြင်း

မကွေးမြို့နယ်၊ မူလွန်ကျွန်းပြတ်ကျောင်းတွင် Good Treatment Program အကြောင်း ဆွေးနွေးခြင်းနှင့် သစ်ပင်များစိုက်ပျိုးပေးခြင်း

(၂၂.၇.၂၀၂၀)နေ့တွင် မကွေးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် Covid-19 ကာလ မကွေးမြို့နယ်၊ မူလွန်ကျွန်းပြတ်ကျောင်းတွင် ကျောင်းသား/သူများနှင့် လူငယ်များအား Good Treatment Program အကြောင်း ဆွေးနွေးခြင်း၊ အချိုရည်များနှင့် အကာအကွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ ကျောင်းဝင်း အတွင်း သီးပင်၊ စားပင်၊ အရိပ်ရအပင်များ စိုက်ပျိုးခဲ့ပါသည်။