ကျန်းမာရေး

ဆုချီးမြှင့်ပေးအပ်ခြင်း

ဆုချီးမြှင့်ပေးအပ်ခြင်း

၄.၁.၂၀၂၅ ရက်နေ့တွင် နေပြည်တော် ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်သော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မသန်စွမ်းများ ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲ အခမ်းအနားကိုကျင်းပခဲ့ရာ နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ နှင့် အဖွဲ့ဝင် (၅)ဦးတို့မှ တက်ရောက်ကြည့်ရှုအားပေးပြီး ပြိုင်ပွဲဝင်များအားဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆုချီးမြှင့်ပေးအပ်ခြင်း

ဆုချီးမြှင့်ပေးအပ်ခြင်း

၄.၁.၂၀၂၅ ရက်နေ့တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ကလေးပြုစုရေးဌာန၌ ကျင်းပပြုလုပ်သော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းများမှ ကလေးငယ်များပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲ အခမ်းအနားကိုကျင်းပခဲ့ရာ နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌမှ တက်ရောက်ကြည့်ရှုအားပေးပြီး ပြိုင်ပွဲဝင်ကလေးများအား ဆုများနှင့် မုန့်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆုချီးမြှင့်ပေးအပ်ခြင်း

ဆုချီးမြှင့်ပေးအပ်ခြင်း

၃ .၁ .၂၀၂၅ ရက်နေ့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ပဲခူးမြို့၊ ရပ်ကွက်ကြီး  ( ၇)ခုတွင် ကျင်းပခဲ့ရာ အားကစားနည်း(၁၃) မျိုးပါ၀င်ကစားကြပြီး ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းအဖွဲ့၀င်များက ဆုများချီးမြှင့်ပြီး မုန့်ဟင်းခါး စတုဒီသာ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

(၃၁.၁၂.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါ်စန်းစန်းမြင့်မိသားစုနှင့် ဗဟိုအလုပ်အမှုဆောင်တို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ် အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)မှ ဆေးရုံဝန်ထမ်းများ၊ ဆေးရုံတက်ရောက်ကုသနေသောလူနာများ၊ လူနာစောင့်များအတွက် နေ့လည်စာအာဟာရဒါနအဖြစ် ထမင်း/ဟင်းများကို လက်ရောက်ပေးဝေလှူဒါန်းခဲ့ရာ ကာလတန်ဖိုး (၃၀၀၀၀၀)ကျပ်၊ လူနာတစ်ဦးလျှင် (၅၀၀၀)ကျပ် နှုန်းဖြင့် လူနာ(၁၃၀)ဦးအတွက် (၆၅၀၀၀၀)ကျပ်၊ စုစုပေါင်း (၉၅၀၀၀၀)ကျပ်ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၃.၁၂.၂၀၂၄)ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် (၇)ဦးသည် မောလမြိုင်မြို့၊ ဇေယျာသီရိနယ်မြေရှိ အသက် (၆၀)နှစ် နှင့်အထက် သက်ကြီးရွယ်အိုများအား အိမ်တိုင်ရာရောက် ကျန်းမာရေးစစ်တမ်းကောက်ယူခြင်းဆောင်ရွက်ရာတွင် ပူပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

(၂၃.၁၂.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အလုပ်အမှုဆောင်ထံသို့သွားရောက်၍ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(ဗဟို)မှ ထောက်ပံ့ငွေ (၃၀၀၀၀၀)ကျပ် ထောက်ပံ့ပေးအပ်၍ အားပေးစကားများပြောကြားခဲ့ပါသည်။ အလုပ်အမှုဆောင်မိသားစုကလည်း ခြုံစောင်များ ပြန်လည်လက်ဆောင်ပေးအပ်ခဲ့ပါသည်။