ကျန်းမာရေး

ပဲခူးပြည်သူ့ဆေးရုံကြီးရှိ မွေးဖွားမိခင်နှင့်ကလေးများအား ထောက်ပံ့လှူဒါန်းခြင်း

ပဲခူးပြည်သူ့ဆေးရုံကြီးရှိ မွေးဖွားမိခင်နှင့်ကလေးများအား ထောက်ပံ့လှူဒါန်းခြင်း

(၁၈.၇.၂၀၂၀)နေ့တွင် ပဲခူးတိုင်း MWCDF ဥက္ကဌနှင့် အဖွဲ့ဝင်များသည် Covid-19 ကာလအတွင်း ပဲခူးမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ (၃)မြွာပူးမွေးဖွားသော မိခင်နှင့်ကလေး၊ အခြားသော မွေးဖွားမိခင် နှင့်ကလေးငယ်များအား ဆေးဝါးနှင့် လိုအပ်သော အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

မအူလေးပင်ကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

မအူလေးပင်ကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

(၁၅.၇.၂၀၂၀)ရက်နေ့တွင် MWCDF အသင်းမှ အတွင်းရေးမှူးနှင့် CEC အဖွဲ့ဝင်များသည် ဥတ္တရသီရိမြို့နယ်၊ မအူလေးပင်ကျေးရွာ၊ ရွာဦးဘုန်းကြီးကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်ထံ ဝါဆိုသင်္ကန်း၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ ကျေးရွာရှိ အသင်းဝင်များနှင့် စာကြည့်တိုက်တွင် တွေ့ဆုံ၍ Covid-19 ကပ်ရောဂါ ကာကွယ်ထားရှိမှုအခြေအနေနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်နည်းများကို စနစ်တကျလိုက်နာကြရန် မှာကြားခဲ့ပြီး အဖွဲ့ဝင်များအား အလှူငွေ၊ Mask ၊ ဆပ်ပြာဘူးနှင့် ဝတ်စုံများ ပေးအပ်လှူဒါန်းခြင်း၊ မသန်စွမ်းညီမ(၂)ဦးထံ အကာအကွယ်ပစ္စည်း များနှင့် အစားအသောက်များ လှူဒါန်းခဲ့ပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ တန်ဖိုးသင့်အာဟာရ ကျွေးမွေးလှူဒါန်းခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ တန်ဖိုးသင့်အာဟာရ ကျွေးမွေးလှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF) ကို စတင်တည် ထောင်ခဲ့သည့် (၁၄.၅.၂၀၁၃)ရက်အထိမ်းအမှတ် အနေဖြင့် ဇူလိုင်လ(၁၄)ရက်နေ့တွင် ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် တက်ရောက်ဆေးကုသခံနေသော လူနာများအား နေ့လည်စာ-ထမင်း၊ ကြက်သားဟင်း၊ မုန်လာဥချဉ်ရည်ဟင်းတို့ဖြင့် အသင်း CEC များမှ အာဟာရဒါနပြု သွားရောက် ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ရတနာစံပြ (ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ရတနာစံပြ (ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၇.၇.၂၀၂၀)ရက်နေ့၊ MWCDF အသင်းမှ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် ဥတ္တရသီရိမြို့နယ်၊ ရတနာစံပြ(ဘ.က)ကျောင်းသို့ သွားရောက်ပြီး Covid-19 ကာလ ဖြစ်သည့်အတွက်  ကျောင်းထိုင်ဆရာတော်ထံ ကျောင်းဖွင့်ကာလတွင် အသုံးပြုရန် လိုအပ်နေသော အပူချိန်တို်ငး ကိရိယာ ဝယ်ယူရန် ဝတ္ထုငွေ၊ သက်န်း၊ လှူဘွယ်ခြင်း၊ ဆိုလာ မီးအိမ်၊ ဖယောင်းတိုင်၊ လက်ဆေးဂျယ်၊ Mask များနှင့် အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ပါသည်။

ခေမာကံမြင့် ကြယ်တံခွန် သီလရှင်သင်ပညာရေးကျောင်းသို့ လှူဒါန်းခြင်း

ခေမာကံမြင့် ကြယ်တံခွန် သီလရှင်သင်ပညာရေးကျောင်းသို့ လှူဒါန်းခြင်း

(၄.၇.၂၀၂၀) ရန်ကုန်တိုင်း MWCDF အသင်းမှ သုံးခွမြို့၊ ခေမာကံမြင့် ကြယ်တံခွန် သီလရှင်သင် ပညာရေးကျေင်းသို့ ဆွမ်းဆန်အိတ်၊ ဆီ၊ ကြက်ဥ၊ ငါးသေတ္တာ၊ ဆပ်ပြာမှုန့်နှင့် Mask များ လှူဒါန်းခဲ့ပြီး သီလရှင်လေးများ၊ ကျောင်းသားလေးများအား ကျန်းမာရေးစစ်ဆေးပြီး ဆေးကုသပေးခဲ့ပါသည်။

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသင်း၏ လုပ်ဆောင်နေမှုများအား ရှင်းလင်းပြောကြားခြင်း

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသင်း၏ လုပ်ဆောင်နေမှုများအား ရှင်းလင်းပြောကြားခြင်း

မြဝတီရုပ်မြင်သံကြားမှ ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် “မြန်မာအမျိုးသမီးများနေ့” ကို ဂုဏ်ပြုသည့် အစီအစဉ် ထုတ်လွှင့်ပြသရန် အသင်းသို့ ဆက်သွယ်လာ သဖြင့် ရန်ကုန်တိုင်း၊ MWCDF အသင်း ဥက္ကဌ ဒေါ်တင်စိန်မှ အသင်း၏ကိုယ်စား “မြန်မာအမျိုးသမီးများ နေ့” အထိမ်းအမှတ် လုပ်ဆောင်မှုများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များနှင့် ယခုကျရောက်နေသော Covid-19 ကမ္ဘာကပ်ရောဂါကာလ တွင် ပြည်နယ်/တိုင်းများရှိ အသင်းများမှ ကူညီစောင့်ရှောက်ရန် လိုအပ်နေသော နေရာဒေသများတွင် ကူညီထောက်ပံ့ပေးနေမှုများကို ရိုက်ကူးရေးအစီအစဉ်တွင် ရှင်းလင်းပြောကြားခဲ့ပါသည်။ ၂၀၂၀ခုနှစ် ၊