ကျန်းမာရေး

ဓမ္မလုံးကောင်လွယ်ကောင်းပညာဥယျာဉ် ပရဟိတ(ဘ.က)ကျောင်းဝင်းအတွင်း ဆေးဖြန်းခြင်းနှင့် Covid-19 ရောဂါကာကွယ်ရေးအကြောင်း ဟောပြောခြင်း

ဓမ္မလုံးကောင်လွယ်ကောင်းပညာဥယျာဉ် ပရဟိတ(ဘ.က)ကျောင်းဝင်းအတွင်း ဆေးဖြန်းခြင်းနှင့် Covid-19 ရောဂါကာကွယ်ရေးအကြောင်း ဟောပြောခြင်း

(၁၇.၆.၂၀၂၀)နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း အလုပ်အမှုဆောင်များသည် ဓမ္မလုံးကောင်လွယ်ကောင်းပညာဥယျာဉ် ပရဟိတ(ဘ.က)ကျောင်းသို့ သွားရောက်၍ စာသင်ခန်းများ၊ အိပ်ဆောင်များနှင့် ကျောင်းတိုက်များအတွင်းသို့ ပိုးသတ်ဆေးများဖြန်းခြင်း၊ Covid-19 ကပ်ရောဂါ အကြောင်းနှင့် ကာကွယ်ရေးနည်းလမ်းများဖြစ်သော လက်ဆေးခြင်း၊ Mask တပ်ခြင်းနှင့် Social Distancing အကြောင်းများအား ပညာပေးဟောပြောခဲ့ပါသည်။

စမတောင် လူငယ်ဖွံ့ဖြိုးရေးပရဟိတဥယျာဉ်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

စမတောင် လူငယ်ဖွံ့ဖြိုးရေးပရဟိတဥယျာဉ်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၅.၆.၂၀၂၀)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ အလုပ်အမှုဆောင်များနှင့် အဖွဲ့ဝင်တို့သည် COVID-19 ကာလအတွင်း စမတောင် လူငယ်ဖွံ့ဖြိုးရေးပရဟိတဥယျာဉ်ကျောင်း ဆရာတော်နှင့် မိဘမဲ့ ကလေး 1000 ကျော်အတွက် ဆန်အိတ်၊ ဆီ၊ ကြက်သွန်၊ masks သွားတိုက်ဆေး၊ ဆပ်ပြာ နှင့် မုန့်များ စုစုပေါင်းတန်ဖိုးငွေ(၅၀၀၀၀၀)ကျပ်ဖိုး သွားရောက် လှူဒါန်းခဲ့ပါသည်။

Covid-19 ကာလအတွင်း စားရေးသောက်ရေးအခက်အခဲရှိနေသော ဓမ္မလုံးကောင်လွယ်ကောင်း ပရဟိတ ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

Covid-19 ကာလအတွင်း စားရေးသောက်ရေးအခက်အခဲရှိနေသော ဓမ္မလုံးကောင်လွယ်ကောင်း ပရဟိတ ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၆.၂၀၂၀)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာနိုင်ငံအမျိုး သမီးများနှင့် ကလေးသူငယ် များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ဓမ္မလုံးကောင်လွယ် ကောင်း ပညာဥယျာဉ်ပရဟိတ(ဘ.က)ကျောင်းသို့ ဆန်အိတ်(၂၀)အိတ်၊ Mask (၄၀၀)ခု၊ စာအုပ်ဒါဇင် (၄၀)ဒါဇင်၊ ကြက်ဥ (၉၀၀)လုံး၊ လက်သန့်ဆေးရည်(၅၀၀)ml- (၁၀)ဘူး၊ လက်ဆေးဆပ်ပြာ(၅၀၀)ml -(10)ဘူး စုစုပေါင်း-(၉၃၆၀၀၀)ကျပ်ဖိုး လှုဒါန်းခဲ့ပါသည်။

Covid-19 ကာလအတွင်း အကူအညီလိုအပ်နေသော အိမ်ထောင်စုများသို့ ထောက်ပံ့လှူဒါန်းခြင်း

Covid-19 ကာလအတွင်း အကူအညီလိုအပ်နေသော အိမ်ထောင်စုများသို့ ထောက်ပံ့လှူဒါန်းခြင်း

(၇.၆.၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များနှင့်ဘဝမြှင့်တင်ရေး အသင်း(MWCDF)မှ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များသည်မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ အိမ်ထောင်စု(၃၂၀)ဦး ကို ဆန်၊ ဆီ၊ဆား၊ ကြက်သွန်၊ ​ထောက်ပံ့ခြင်းနှင့် တဆက်ထဲ ကနီမြို့နယ်၊ မင်းအိုရွာမှ အိမ်ထောင်စု(၃၃၈)ဦး ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ Mask100ခု စုစုပေါင်း(၄၅၈၀၀၀၀) ကျပ်ဘိုးထောက်ပံ့လှူဒါန်းခဲ့ပါသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ Covid-19 ကာလအတွင်း မိဘမဲ့ကျောင်းများသို့ ထောက်ပံ့လှူဒါန်းခြင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ Covid-19 ကာလအတွင်း မိဘမဲ့ကျောင်းများသို့ ထောက်ပံ့လှူဒါန်းခြင်း

(၉.၆.၂၀၂၀)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ အလုပ်အမှုဆောင်များသည် လားရှိုးမြို့၊ မျက်မမြင်အဖွဲ့မှ ဦးစီးသော တက်စမ်းရေမိဘမဲ့ကျောင်း၊ ‘ဝ’ မိဘမဲ့ကျောင်း၊ ဧလိမ်မိဘမဲ့ ကျောင်းများသို့ Covid-19 ရောဂါကာလအတွင်း အလှူငွေ၊ စားသောက်ကုန်များ၊ ဗလာစာအုပ်နှင့် အကာအကွယ်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ပါသည်။

ဧရာဝတီတိုင်း MWCDF အသင်းမှ Covid-19 ရောဂါကာကွယ်ရေးအတွက် လှူဒါန်းခြင်း

ဧရာဝတီတိုင်း MWCDF အသင်းမှ Covid-19 ရောဂါကာကွယ်ရေးအတွက် လှူဒါန်းခြင်း

(၇.၆.၂၀၂၀)ရက်နေ့တွင် ဧရာဝတီတိုင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်း(MWCDF)မှ အလုပ်အမှုဆောင်များသည် ပုသိမ်ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး (ပင်းတယမီးအိမ်ရှင်) ထံ အလှူငွေ-(၁)သိန်းကျပ်နှင့် ပုသိမ်မြို့COVID-19 ကူညီရေးအဖွဲ့ထံ အလှူငွေ-(၃၀၀၀၀)ကျပ်နှင့် MASK-(၂၅၀)ခု လှူဒါန်းခဲ့ပါသည်။