ကျန်းမာရေး

မကွေးတိုင်း MWCDF အသင်းမှ Quarantine ဝင်နေသူများအား လိုအပ်သောပစ္စည်းများ လှူဒါန်းခြင်း

မကွေးတိုင်း MWCDF အသင်းမှ Quarantine ဝင်နေသူများအား လိုအပ်သောပစ္စည်းများ လှူဒါန်းခြင်း

(၅.၆.၂၀၂၀)နေ့တွင် မကွေးတိုင်း MWCDF အသင်းမှ အလုပ်အမှုဆောင်များသည် မကွေးမြို့၊ ပညာရေး ကောလိပ်တွင် Quarantine ဝင်နေရသူ (၆၄)ဦးအတွက် လိုအပ်နေသော ရေသန့်၊ အချိုရည်ဘူး၊ မုန့်များ၊ အိမ်သာသန့်ရှင်းရေးသုံးပစ္စည်းများ စုစုပေါင်း-(၁၃၁၇၀၀)ကျပ်ဖိုးအား သွားရောက်လှူဒါန်းခဲ့ပါသည်။

သာသနာ့ဂုဏ်ရည်သီလရှင်ပညာရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

သာသနာ့ဂုဏ်ရည်သီလရှင်ပညာရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၅.၆.၂၀၂၀)နေ့တွင် မကွေးတိုင်း MWCDF အသင်းမှ အလုပ်အမှုဆောင်များသည် မကွေးမြို့၊ သာသနာ့ ဂုဏ်ရည်သီလရှင်ပညာရေးကျောင်းသို့ Covid-19 ကာလအတွင်း အာဟာရဒါနအဖြစ် စုစုပေါင်း(၂၂၄၅၀၀)ကျပ် တန်ဖိုးရှိသော ဆန်၊ ဆီ၊ ကြက်သွန်နှင့် Mask များ သွားရောက်လှူဒါန်းခဲ့ပါ သည်။

စစ်ကိုင်းတိုင်း MWCDF အသင်းမှ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ Covid-19 ရောဂါကာကွယ်ရေးအတွက် Mask များ လှူဒါန်းခြင်း

စစ်ကိုင်းတိုင်း MWCDF အသင်းမှ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ Covid-19 ရောဂါကာကွယ်ရေးအတွက် Mask များ လှူဒါန်းခြင်း

(၁.၆.၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်း မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့် တင်ရေးအသင်း(MWCDF)မှ ဥက္ကဌ နှင့် ECအဖွဲ့သည် မြို့နယ်တွင် Quarantine ဝင်နေသော ပြည်သူများ အတွက် Mask(၁၀၀၀)ခုကို စစ်ကိုင်းခရိုင် အုပ်ချုပ် ရေးမှူးထံလှူဒါန်းခြင်းနှင့် မြို့နယ်အတွင်း Covid-19ကာလ မဖြစ်မနေသွားလာလှုပ်ရှားနေသော ပြည်သူများအား မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ mask တပ်ဆင်ပေးကာ အသိပညာ ပေးခဲ့ကြပါသည်။

ရန်ကုန်တိုင်း MWCDF အသင်းသို့ Covid-19 ကာကွယ်ရေးအတွက် အကာအကွယ်ပစ္စည်းများ လာရောက် လှူဒါန်းမှု

ရန်ကုန်တိုင်း MWCDF အသင်းသို့ Covid-19 ကာကွယ်ရေးအတွက် အကာအကွယ်ပစ္စည်းများ လာရောက် လှူဒါန်းမှု

(၉.၄.၂၀၂၀)ရက်နေ့တွင် တရုတ်တစ်နိုင်ငံလုံးရှိ တက္ကသိုလ်အသီးသီးမှ မြန်မာမေဂျာ ကျောင်းသူ/သားများ၏ ကိုယ်စား လှယ်အဖွဲ့သည် ထပ်မံလာရောက်၍ COVID-19 အကာအကွယ်ပစ္စည်းMask-(၃၀၀)ခုနှင့် PPE ဝတ်စုံ(၁၀)စုံတို့ လာ ​ရောက်လှူဒါန်းရာ အသင်း၏ကိုယ်စား ရန်ကုန်တိုင်း MWCDF ဥက္ကဌနှင့်အဖွဲ့မှ လက်ခံရယူ၍ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

ရန်ကုန်တိုင်း MWCDF အသင်းမှ Covid-19 အတွက် Mask များ သွားရောက်လှူဒါန်းခြင်း

ရန်ကုန်တိုင်း MWCDF အသင်းမှ Covid-19 အတွက် Mask များ သွားရောက်လှူဒါန်းခြင်း

(၇.၄.၂၀၂၀) ရက်နေ့တွင် ရန်ကုန်တိုင်း မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးသင်း (MWCDF)မှ ဥက္ကဌနှင့်အဖွဲ့သည် မင်္ဂလာတောင်ညွှန့်မြို့နယ်သို့ သွားရောက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့အား အကာအကွယ်ပစ္စည်း Mask-၅၀၀ခု တန်ဖိုး(သုံးသိန်းသုံးသောင်းသုံးထောင်)ကျပ်အား သွားရောက်လှူဒါန်းခဲ့ပါသည်။

Covid-19 အတွက် အလှူငွေလှူဒါန်းခြင်းနှင့် ပရဟိတကျောင်းများသို့ ထောက်ပံ့လှူဒါန်းရန် ဆွေးနွေးခြင်း

Covid-19 အတွက် အလှူငွေလှူဒါန်းခြင်းနှင့် ပရဟိတကျောင်းများသို့ ထောက်ပံ့လှူဒါန်းရန် ဆွေးနွေးခြင်း

(၈.၄.၂၀၂၀)ရက်နေ့(၁၄းဝဝ)နာရီတွင် MWCDF ရုံးချုပ်၌ အသင်းဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး နှင့် CECများသည် (COVID-19) ရောဂါနှင့်ပတ်သက်၍ အစည်းအဝေးပြုလုပ်ခဲ့ပြီး အသင်းမှ တက်အားသရွှေ့အလှူငွေနှင့် ပစ္စည်းများလှူဒါန်းရန် ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ အသင်းဒုဥက္ကဌနှင့်အဖွဲ့သည် (Covid-19) ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ကော်မတီသို့ Bank Account မှ တစ်ဆင့် ငွေကျပ်(၁၀)သိန်းလှူဒါန်းခဲ့ပြီး နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ (ဘ.က)ကျောင်းများ၊ သီလရှင်ကျောင်းများ၊ ပရဟိတကျောင်းများအား သင်္ကြန်ပိတ်ရက်များတွင် အခက်အခဲမရှိစေရန် ဆန်၊ ဆီနှင့် စားသောက်ကုန်များ လှူဒါန်းရန် ဆွေးနွေးခဲ့ပါသည်။