ကျန်းမာရေး

ရင်သားကင်ဆာနှင့် ကနဦးစမ်းသပ်စစ်ဆေးခြင်းဆိုင်ရာ အသိပညာပေးသင်တန်းကျင်းပပြုလုပ်ခြင်း

ရင်သားကင်ဆာနှင့် ကနဦးစမ်းသပ်စစ်ဆေးခြင်းဆိုင်ရာ အသိပညာပေးသင်တန်းကျင်းပပြုလုပ်ခြင်း

ပဲခူးမြို့ သီရိဟံသာခန်းမတွင် နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်(၉)နာရီအချိန်က မြန်မာနိုင်ငံ အမျိုးသမီး များနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဦးဆောင်ပြီး ရွွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေး ရှင်းနှင့်ပူးပေါင်း၍ အမျိုးသမီးကျန်းမာရေး ကဏ္ဍနှင့် ပတ်သက်၍ “ ရင်သားကင်ဆာနှင့် ကနဦးစမ်းသပ် စစ်ဆေးခြင်းဆိုင်ရာ” ခေါင်းစဉ်ဖြင့် အသိပညာပေး သင်တန်းအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF) ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့် CECများ၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း MWCDFအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ရွွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ နှင့်

ကျန်းမာရေးကူညီစောင့်ရှောက်မှု့သင်တန်း တက်ရောက်ရန်ကူညီဆောက်ရွက်ပေးခြင်း

ကျန်းမာရေးကူညီစောင့်ရှောက်မှု့သင်တန်း တက်ရောက်ရန်ကူညီဆောက်ရွက်ပေးခြင်း

(၃၀.၁၀.၂၀၁၉)ရက်နေ့တွင် ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းဒေသရှိ ဖာလှိုင်းပရဟိတကျောင်းကို လွန်ခဲ့(၂)လခန့် ကျောင်းသားကျောင်းသူများအတွက် ဆန်ပြတ်လပ်မှုအဆင်မပြေမှုအား သွားရောက်လှုဒါန်းရင်း ပရဟိတ ကျောင်းအတွင်း ကလေးသူငယ်များအတွက် ကျန်းမာရေးစောက်ရှောက်မှုလိုအပ်နေသည့်အတွက် ဆရာတော် အား ကျောင်းသား/သူထဲမှ အကူသူနာပြု ဝါသနာပါသောကလေးရှိပါက ခိုင်မေတ္တာဆေးရုံ အကူသူနာပြု သင်တန်းကျောင်းတွင် တက်ရောက်ကာသင်တန်းပြီးပါက ဆရာတော်ကျောင်းတွင် ပြန်လည်ခန့်အပ်ကာ ကလေးတွေကို စောက်ရှောက်စေလိုတာကြောင့် MWCDF Southern Shan State မှ သင်တန်းကြေး ပေးသွင်းကာ ဆယ်တန်းကလေးမ(၂)ဦးကို ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းကြေး(၂)ယောက်စာ တစ်ယောက်လျှင်(၆)လစာ-(၃၀၀,၀၀၀)ကျပ်ဖြင့် စုစုပေါင်း(၆၀၀,၀၀၀)ကျပ် ထောက်ပံ့လှုဒါန်းကာ တာဝန်ယူ ပေးခဲ့ပါသည်။

ကျန်းမာရေးကူညီလှူဒါန်းမှု့

ကျန်းမာရေးကူညီလှူဒါန်းမှု့

(၂၃.၁၀.၂၀၁၉)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF-SSS)မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် ချမ်းမြသာစည်ရပ်ကွက်နေ မရွှေရီသည် လက်သန်း၌ ပိုးဝင်ပြီးဖြစ်သော ပြည်တည်နာအား ခိုင်မေတ္တာဆေးရုံတွင် ခွဲစိတ်ပါရဂူ ဒေါက်တာဇေယျာဦးက မေတ္တာဖြင့်ခွဲစိတ်ကုသပေးကာ ခွဲခန်းကုန်ကျမှုစရိတ်နှင့် ဆေးဝါးများအတွက် ကုန်ကျ စရိတ် စုစုပေါင်းအား ဥက္ကဌ၊ ဒုဥက္ကဌ(၂)ဦးနှင့် အတွင်းရေးမှူးတို့မှ စုပေါင်းကူညီလှူဒါန်းခဲ့ပါသည်။ အဆင်မ ပြေမှုကို အံတင်းရင်း လက်သန်းဖြတ်ရမည့်အရေးထိ ဖြစ်နေသည့် မရွှေရီကို (MWCDF-SSS)အလုပ်အမှု ဆောင်များမှ အချိန်မှီကုသပေးနိုင်ခဲ့ပါသည်။ ယနေ့လှူဒါန်းပေးသည့် အလှူရှင်များအား (MWCDF-SSS)အသင်းမှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ 

ပိုလီယို ၊ ဝက် သက် နှင့် ဂျိုက် သိုး ကာကွယ် ဆေး အပို ဆောင်း တိုက် ကျွေး ထိုး နှံ ခြင်း အစီအစဉ် ကိုတက်ရောက်ခြင်း

ပိုလီယို ၊ ဝက် သက် နှင့် ဂျိုက် သိုး ကာကွယ် ဆေး အပို ဆောင်း တိုက် ကျွေး ထိုး နှံ ခြင်း အစီအစဉ် ကိုတက်ရောက်ခြင်း

 မြန်မာနိုင်ငံ အမျိုး သမီး များ နှင့် ကလေး သူငယ် များ ဘဝမြင့် တင် ရေး အသင်း -( ရှမ်း ပြည် နယ် မြောက် ပိုင်း ) ဥက္ကဌနှင့် အဖွဲ့ ဝင် များ သည် လားရှိုး မြို့ နယ် အတွင်း ကျန်း မာရေး ဝန်ကြီး ဌာန မှ ဆောင် ရွက် လျက် ရှိသော ပိုလီယို ၊ ဝက်

အာဟာရ ကျွေးမွေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု့ပေးခြင်းနှင့် အသိပညာဖြန့်ဝေခြင်း

အာဟာရ ကျွေးမွေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု့ပေးခြင်းနှင့် အသိပညာဖြန့်ဝေခြင်း

(၂၃.၁၀.၂၀၁၉)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း မှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များသည် တောင်ကြီးမြို့ ချမ်းမြသာစည်ရပ်၊ အ.မ.က(၅)ကျောင်း သို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူ(၂၈) ဦးကို အလှူရှင်MWCDFအသင်းဝင် မသင်းသင်းနု(မိသားစု)မှ အဟာရခေါက်ဆွဲကြော်၊ ကြာဇံကြော်နှင့် အလုပ်အမှုဆောင် ဦးကြည်လေးက ပေါင်မုန့်များကျွေးမွေးခြင်း၊ အလုပ်အမှုဆောင် မနန်းလှသန်းက ဖိနပ်များ လှူဒါန်း ပေးခဲ့ကြပါသည်။ ဆက်လက်ပြီး ဒေါက်တာဇာနည်အေးဝင်းမှ သက်ငယ်မုဒိန်းကင်းစင်ရေး အားလုံးပူးပေါင်းပါ ဝင်ရေးခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဥက္ကဋ္ဌ ဒေါ်ကေသီအောင်မှ သံကောင်ရောဂါ၊ ဝမ်းပျက်ဝမ်း လျှောရောဂါ ၊ ရာသီပေါ်တုတ် ကွေးရောဂါ

“ မိမိရင်သား မိမိကိုယ်တိုင် စမ်းသပ်နည်း” နည်းပြသင်တန်းအား တက်ရောက် ဆွေးနွေးခြင်း

“ မိမိရင်သား မိမိကိုယ်တိုင် စမ်းသပ်နည်း”  နည်းပြသင်တန်းအား တက်ရောက် ဆွေးနွေးခြင်း

(၅.၁၀.၂၀၁၉)ရက်နေ့တွင် ရန်ကုန်သူနာပြုတက္ကသိုလ် ခန်းမ၌ 🌸 ပန်းရောင်နှင်းဆီ 🌸 ရင်သားကင်ဆာ လူနာ စောင့်ရှောက်သူများအဖွဲ့မှ ကျင်းပပြုလုပ်သည့် “ မိမိရင်သား မိမိကိုယ်တိုင် စမ်းသပ်နည်း” နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးနှင့်ကလေး သူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF) ဗဟို ဥက္ကဋ္ဌ ဒေါက်တာဝေဝေသာနှင့် ရန်ကုန်တိုင်းအသင်း အလုပ်အမှုဆောင်များမှ တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်၍ ရန်ကုန်တိုင်း MWCDFအသင်း အလုပ်အမှုဆောင်များမှ “ မိမိရင်သား မိမိကိုယ်တိုင် စမ်းသပ်နည်း” နည်းပြသင်တန်းအား တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။