ကျန်းမာရေး

ကျန်းမာရေးအသိပညာပေးဟောပြောပွဲတက်ရောက်ခြင်း

ကျန်းမာရေးအသိပညာပေးဟောပြောပွဲတက်ရောက်ခြင်း

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ မြို့တော်ခန်းမ၌(၂၉.၉.၂၀၁၉)နေ့တွင် မြန်မာနိုင်ငံ အစာအိမ်အူလမ်း ကြောင်းနှင့်အသည်းရောဂါဖောင်ဒေးရှင်း ဥက္ကဌ ပါမောက္ခ ဗိုလ်မူးကြီး ဒေါက်တာကျော်စိုးထွန်းမှ ကြီးမှူးပြီး အရက် အရက်စွဲရောဂါနှင့်အသည်းရောဂါအကြောင်း သိကောင်း စရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ပဲခူးတိုင်း ဥက္ကဌ စာရေးဆရာမ ဒေါ်ဝတ်ရည်ခင်မှ ကြိုဆိုနူတ်ခွန်းဆက် စကားပြောကြား ပေးပြီး ပဲခူးတိုင်း မြန်မာနိုင်ငံဆရာဝန်အသင်းမှ အတွင်းရေးမှူး ဒေါက်တာနေမျိုးမှလည်း ကြိုဆိုနှုူတ်ခွန်း ဆက်စကားပြောကြားပေးခဲ့ပါသည်။ ဗိုလ်မှူးကြီး ဒေါက်တာကျော်စိုးထွန်း ကလည်းဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် အရက်စွဲရောဂါနှင့်အသည်းရောဂါအကြောင်းသိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ ပါသည်။ အစာအိမ်အူလမ်းကြောင်းနှင့်အသဲရောဂါဖောင်ဒေးရှင်း မြန်မာ –

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင်ကျွေးမွေးလှူဒါန်းခြင်း

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင်ကျွေးမွေးလှူဒါန်းခြင်း

MWCDFအသင်း၏ကျန်းမာရေးကူညီလှူဒါန်းမှု(၁၄.၉.၂၀၁၉)‌နေ့*********************************** မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)အသင်းကို စတင်တည်ထောင်ခဲ့တဲ့ ၂၀၁၃ခုနှစ်၊ မေလ၊ (၁၄)ရက်နေ့ အသင်းတည်ထောင်ခဲ့တဲ့ရက် အထိမ်းအမှတ်အနေဖြင့် လစဉ်(၁၄)ရက်နေ့တိုင်း နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံ ကြီးတွင် တက်ရောက်ဆေးကုသခံနေသော လူနာများအား နေ့လည်စာ အာဟာရ ဒါနအလှူ- ထမင်း၊ ကြက်သားဟင်း၊ ချဉ်ပေါင်ဟင်း တို့ဖြင့် ကျွေးမွေးလှူဒါန်းလျက်ရှိပါသည်။

ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအားသွားရောက်ထောက်ပံ့လှူဒါန်းခြင်း

ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအားသွားရောက်ထောက်ပံ့လှူဒါန်းခြင်း

(၂၁.၈.၂၀၁၉)နေ့တွင် နေပြည်တော်၊ မြို့မစျေးမှ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် ဆီးချို ရောဂါတက်၍ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ် အထူးကုဆေးရုံကြီးတွင်တက်ရောက်ကုသနေကြောင်း သိရှိရပြီး  နေပြည်တော်တိုင်း MWCDF အသင်းမှ အလုပ်အမှုဆောင်များသည် သွားရောက်၍ ထောက်ပံ့ပေးခဲ့ပါသည်။

လူထုအခြေပြု နှလုံးသွေးကြောကျဉ်းရောဂါ သတိပြုဖွယ်ရာ ပညာပေးဟောပြောခြင်း အခမ်းအနား တက်ရောက်ခြင်း

လူထုအခြေပြု နှလုံးသွေးကြောကျဉ်းရောဂါ သတိပြုဖွယ်ရာ ပညာပေးဟောပြောခြင်း အခမ်းအနား တက်ရောက်ခြင်း

(၂၇.၄.၂၀၁၉)နေ့တွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး (နှလုံးရောဂါအထူးကုဌာန)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မြန်မာနိုင်ငံဆရာဝန်အသင်း (လားရှိုး)တို့ ပူးပေါင်းဆောင်ရွက်သော “လူထုအခြေပြု နှလုံးသွေးကြောကျဉ်းရောဂါ သတိပြုဖွယ်ရာ ပညာပေးဟောပြောခြင်း” အခမ်းအနားအား လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဦးဝင်းနိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး သမားတော်ကြီီး ဒေါက်တာကောင်းညွန့်စံမှ နှလုံးသွေးကြောကျဉ်းရောဂါနှင့် ပတ်သက်ပြီး သတိပြုဖွယ်ရာများအား ဟောပြောခဲ့ပါသည်။ အခမ်းအနားသို့ ပြည်နယ် MMCWA, MWAF, MWCDF ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် မြို့မိ/မြို့ဖများ၊ သူနာပြုသင်တန်းသူများ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည်။