ကျန်းမာရေး

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမွန်မွန်ထက် မိသားစု က (၁၉.၁၁.၂၀၂၅)ရက်တွင် ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံးကြီးတွင် လိုအပ်နေသောဆေးဝါးများဝယ်ယူနိုင်ရန်အတွက် (၁၅)သိန်းကျပ်လှူဒါန်း‌ပေးမှုအား MWCDF အသင်းမှ မှတ်တမ်းတင်အပ်ပါသည်။

အာဟာရကျွေးမွေးလှူဒါန်းခြင်း

အာဟာရကျွေးမွေးလှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ နှင့် ဗဟိုအလုပ်အမှုဆောင်များသည် ၁၇.၁၁.၂၀၂၅ ရက်နေ့တွင် ဥတ္တရသီရိမြို့နယ်၊ ခုတင်-၅၀၀ ဆံ့ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်၍ ဆေးရုံတက်ရောက်နေသော အမျိုးသမီးလူနာများ၊ လူနာစောင့်များ နေ့လည်စာအာဟာရအတွက် ထမင်း၊ ကြက်သာဟင်း၊ အချဉ်ရည်ဟင်းတို့ကို လက်ရောက်ပေးဝေ လှူဒါန်းခဲ့ကြပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ နှင့် အလုပ်အမှုဆောင်များသည် ၁၆.၁၁.၂၀၂၅ ရက်နေ့တွင် တပ်မတော်သားဖွားမီးယပ်ကလေးအထူးကုဆေးရုံ ခုတင် ၃၀၀ တွင် ဆေးဝါးကုသမှုခံယူနေသော အသင်းအဖွဲ့ဝင်တစ်ဦးအား ထောက်ပံ့ငွေအဖြစ် ၁၀၀,၀၀၀/-ကျပ် ပေးအပ်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် ၃ ဦးတို့သည့် ၂၄.၁၀.၂၀၂၅ ရက်နေ့ မကွေးမြို့၊ စုပေါင်းရုံးခန်း၌ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနမှ ကျင်းပပြုပ်သော ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကိုတက်ရောက်ပြီး ဆေးရုံကြီးတွင် အခမဲ့ခွဲစိတ်ကုသနေသော မျက်စိဝေဒနာရှင် ၁၀ ဦးအား ကြက်ဥနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အလုပ်အမှုဆောင်များသည် ၂၀.၁၀.၂၀၂၅ ရက်နေ့ ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာ​ရေးဝန်ကြီးဌာန၊ ပါ​မောက္ခ/ အထူးကုဆရာဝန်ကြီးများ၏​ မွေးရာပါနှုတ်ခမ်းကွဲ၊ အာ​ခေါင်ကွဲလူနာခွဲစိတ်ကုသမှု အစီအစဉ်တွင် တက်​ရောက်ခွဲစိတ်သည့် လူနာများအား MWCDF(AYY) အသင်းမှသွား​ရောက်​တွေ့ဆုံ အား​ပေး၍ အလှူ​ငွေ ၃၀၀,၀၀၀/-ကျပ် ​ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်လေးမေ သည် ၁၅.၁၀.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ “International White Cane Day” “နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့” အခမ်းအနားသို့တက်ရောက်ခဲ့ပြီး ပြိုင်ပွဲဝင်လူဦးရေ ၂၀၀ စာအတွက် ရေသန့်ဗူးနှင့် ပေါင်မုန့်များ လှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ ၂၅၀,၀၀၀/-ကျပ် ဖြစ်ပါသည်။