ကျန်းမာရေး

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အလုပ်အမှုဆောင်များသည် ၂၀.၁၀.၂၀၂၅ ရက်နေ့ ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာ​ရေးဝန်ကြီးဌာန၊ ပါ​မောက္ခ/ အထူးကုဆရာဝန်ကြီးများ၏​ မွေးရာပါနှုတ်ခမ်းကွဲ၊ အာ​ခေါင်ကွဲလူနာခွဲစိတ်ကုသမှု အစီအစဉ်တွင် တက်​ရောက်ခွဲစိတ်သည့် လူနာများအား MWCDF(AYY) အသင်းမှသွား​ရောက်​တွေ့ဆုံ အား​ပေး၍ အလှူ​ငွေ ၃၀၀,၀၀၀/-ကျပ် ​ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်လေးမေ သည် ၁၅.၁၀.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ “International White Cane Day” “နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့” အခမ်းအနားသို့တက်ရောက်ခဲ့ပြီး ပြိုင်ပွဲဝင်လူဦးရေ ၂၀၀ စာအတွက် ရေသန့်ဗူးနှင့် ပေါင်မုန့်များ လှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ ၂၅၀,၀၀၀/-ကျပ် ဖြစ်ပါသည်။

အာဟာရကျွေးမွေးလှူဒါန်းခြင်း

အာဟာရကျွေးမွေးလှူဒါန်းခြင်း

၁၄.၁၀.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များသည် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကျောက်မျက်ပြကွင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ထားသော သားဖွားမီးယပ်ရောဂါအထူးကုဆေးရုံကြီး(နေပြည်တော်) ယာယီဆေးရုံသို့သွားရောက်၍ အသင်းဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များမှ (၂)မြွှာပူးမိခင် (၂)ဦးအား တစ်ဦးလျှင် ၁၈၀,၀၀၀/-ကျပ် ထောက်ပံ့လှူဒါန်းခြင်း၊ နေ့လည်စာအာဟာရအတွက် ထမင်း၊ ကြက်သားဟင်း၊ အချဉ်ရည်ဟင်းစသည့် ကျွေးမွေးလှူဒါန်းငွေ ၂၅၀,၀၀၀/-ကျပ် ကျွေးမွေးလှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ ၆၁၀,၀၀၀/-ကျပ် ဖြစ်ပါသည်။

အာဟာရကျွေးမွေးလှူဒါန်းခြင်း

အာဟာရကျွေးမွေးလှူဒါန်းခြင်း

၁၄.၁၀.၂၀၂၅ ရက်နေ့ နံနက် ၁၀၃၀ နာရီတွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ခုတင်-၅၀ ဆံ့ပြည်သူ့ဆေးရုံသို့ ပြောင်းရွေ့ဖွင့်လှစ်ထားသော ကလေးရောဂါအထူးကုဆေးရုံကြီး(နေပြည်တော်)ယာယီဆေးရုံသို့သွားရောက်၍ ဆေးရုံအုပ်ကြီးထံ ဆေးပဒေသာအတွက် အသင်းဥက္ကဌ၊ ဘဏ္ဍာရေးမှူးတို့မှ အလှူငွေ ၂၀၀,၀၀၀/-ကျပ်လှူဒါန်းခြင်း၊ အတွင်းရေးမှူးမှ ဘုရားစာအုပ်များ၊ ဘုရားပုံတော်များနှင့် လမ်းဆုံလမ်းခွလူ့ဘဝကဒ်ပြားများလှူဒါန်းခြင်း၊ အသင်းဗဟိုအလုပ်အမှုဆောင်များမှ ဆေးကုသမှုခံယူနေသော ကလေးလူနာများအတွက် ထောက်ပံ့ငွေ ၁,၃၈၀,၀၀၀/-ကျပ် လှူဒါန်းခြင်း၊ နံနက်စာအာဟာရအဖြစ် ကလေးလူနာ ဦးရေ (၆၉)ဦး အတွက် သီးစုံကြက်သားဆန်ပြုတ်၊

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂.၁၀.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်စီ နှင့် အဖွဲ့ဝင် ၃ ဦးသည် မကွေးမြို့၊ အ.ထ.က (၃) ရှိ   အသက်  ၅ နှစ်မှ  ၇  နှစ်ကျော်သော  KG ကလေးများအား  DT ( ဆုံဆို့ရောဂါ ၊ မေးခိုင်ရောဂါ) နှင့်  အသက်  ၉ နှစ်ပြည့်ပြီး  ၁၀  နှစ် မကျော်သော ကျောင်းသား/သူများအား (HPV)  သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်း အခမ်းအနားသို့  တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁.၁၀.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်စီ နှင့် အဖွဲ့ဝင် ၅ ဦးသည် မကွေးမြို့၊ ဖန်ခါးမြေဘိုးဘွားရိပ်သာတွင်ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့  ”   အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အဘိုး/ ဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အလှူငွေများ လှူဒါန်းကန်တော့ခဲ့ကြပါသည်။ လှူဒါန်းမှုငွေ ၁၃၆,၀၀၀/-ကျပ်ဖြစ်ပါသည်။