ကျန်းမာရေး

အာဟာရကျွေးမွေးလှူဒါန်းခြင်း

အာဟာရကျွေးမွေးလှူဒါန်းခြင်း

၁၄.၁၀.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များသည် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကျောက်မျက်ပြကွင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ထားသော သားဖွားမီးယပ်ရောဂါအထူးကုဆေးရုံကြီး(နေပြည်တော်) ယာယီဆေးရုံသို့သွားရောက်၍ အသင်းဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များမှ (၂)မြွှာပူးမိခင် (၂)ဦးအား တစ်ဦးလျှင် ၁၈၀,၀၀၀/-ကျပ် ထောက်ပံ့လှူဒါန်းခြင်း၊ နေ့လည်စာအာဟာရအတွက် ထမင်း၊ ကြက်သားဟင်း၊ အချဉ်ရည်ဟင်းစသည့် ကျွေးမွေးလှူဒါန်းငွေ ၂၅၀,၀၀၀/-ကျပ် ကျွေးမွေးလှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ ၆၁၀,၀၀၀/-ကျပ် ဖြစ်ပါသည်။

အာဟာရကျွေးမွေးလှူဒါန်းခြင်း

အာဟာရကျွေးမွေးလှူဒါန်းခြင်း

၁၄.၁၀.၂၀၂၅ ရက်နေ့ နံနက် ၁၀၃၀ နာရီတွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ခုတင်-၅၀ ဆံ့ပြည်သူ့ဆေးရုံသို့ ပြောင်းရွေ့ဖွင့်လှစ်ထားသော ကလေးရောဂါအထူးကုဆေးရုံကြီး(နေပြည်တော်)ယာယီဆေးရုံသို့သွားရောက်၍ ဆေးရုံအုပ်ကြီးထံ ဆေးပဒေသာအတွက် အသင်းဥက္ကဌ၊ ဘဏ္ဍာရေးမှူးတို့မှ အလှူငွေ ၂၀၀,၀၀၀/-ကျပ်လှူဒါန်းခြင်း၊ အတွင်းရေးမှူးမှ ဘုရားစာအုပ်များ၊ ဘုရားပုံတော်များနှင့် လမ်းဆုံလမ်းခွလူ့ဘဝကဒ်ပြားများလှူဒါန်းခြင်း၊ အသင်းဗဟိုအလုပ်အမှုဆောင်များမှ ဆေးကုသမှုခံယူနေသော ကလေးလူနာများအတွက် ထောက်ပံ့ငွေ ၁,၃၈၀,၀၀၀/-ကျပ် လှူဒါန်းခြင်း၊ နံနက်စာအာဟာရအဖြစ် ကလေးလူနာ ဦးရေ (၆၉)ဦး အတွက် သီးစုံကြက်သားဆန်ပြုတ်၊

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂.၁၀.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်စီ နှင့် အဖွဲ့ဝင် ၃ ဦးသည် မကွေးမြို့၊ အ.ထ.က (၃) ရှိ   အသက်  ၅ နှစ်မှ  ၇  နှစ်ကျော်သော  KG ကလေးများအား  DT ( ဆုံဆို့ရောဂါ ၊ မေးခိုင်ရောဂါ) နှင့်  အသက်  ၉ နှစ်ပြည့်ပြီး  ၁၀  နှစ် မကျော်သော ကျောင်းသား/သူများအား (HPV)  သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်း အခမ်းအနားသို့  တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁.၁၀.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်စီ နှင့် အဖွဲ့ဝင် ၅ ဦးသည် မကွေးမြို့၊ ဖန်ခါးမြေဘိုးဘွားရိပ်သာတွင်ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့  ”   အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အဘိုး/ ဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အလှူငွေများ လှူဒါန်းကန်တော့ခဲ့ကြပါသည်။ လှူဒါန်းမှုငွေ ၁၃၆,၀၀၀/-ကျပ်ဖြစ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁.၁၀.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဆွေဆွေတင့်၊ အတွင်းရေးမှူး ဒေါ်ရီရီတင်နှင့် အဖွဲ့ဝင် ၃ ဦးသည် ပုသိမ်မြို့၊ ဧရာ​ရွှေဝါခန်းမ၌ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များ​နေ့ အခမ်းအနားကို တက်ရောက်ခဲ့ပြီး အဘိုး/ဘွားများအား ကျန်းမာ​ရေး​စောင့်​ရှောက်​ပေး​နေမှု့ကိုကြည့်ရှု့အား​ပေးခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၁.၁၀.၂၀၂၅ ရက်နေ့တွင် ကယားပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌ ဒေါ်ကျော်နီနီညွန့်၊ ပြည်နယ်အလုပ်အမှုဆောင် ဒေါ်ဗျားမြာမောင် တို့သည် လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသော စွန့်ပစ်ခံ မွေးကင်းစကလေးငယ်တစ်ဦး (မ)အား သွားရောက်ကြည့်ရှုပြီး လိုအပ်သောကျန်းမာရေးစစ်ဆေးမှုများပြုလုပ်နိုင်ရန်အတွက် အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။