ကျန်းမာရေး

စမတောင်မဟာပရဟိတဂေဟာသို့ သွားရောက်လှူဒါန်းခြင်း

စမတောင်မဟာပရဟိတဂေဟာသို့ သွားရောက်လှူဒါန်းခြင်း

(၃၁.၇.၂၀၂၁)နေ့တွင် MWCDF အသင်းမှ ဥက္ကဌနှင့် CEC များကိုယ်စား ရုံးအဖွဲ့သည် လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့၊ စမတောင်မဟာပရဟိတဂေဟာသို့ သွားရောက်၍ အခြေခံစားသောက်ကုန်များ၊ အသုံးအဆောင် ပစ္စည်းများ၊ Covid-19 အကာအကွယ်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

ခေမာရာမသီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ခေမာရာမသီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၀.၁.၂၀၂၁)နေ့တွင် ရန်ကုန်တိုင်း MWCDF အဖွဲ့ဝင်များသည် ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ ခေမာရာမသီလရှင်စာသင်တိုက်နှင့် သီလရှင်သင်ပညာရေးကျောင်းတွင် သီလရှင်ဆရာကြီး၊ဆရာလေးတို့အား သီလရှင်ဝတ်စုံ စုစု​ပေါင်း (၈၂)စုံ၊  ပြက္ခဒိန် (၂၀) နှင့် လက်သန့်ဆေးရည်ဗူးကြီး(၁၀)ဗူးတို့ကို ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။

Mask Campaign လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခြင်း

Mask Campaign လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခြင်း

(၃၀.၁၂.၂၀၂၀)ရက်နေ့တွင် ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တောင်ကြီးမြို့၊ ဗိုလ်ချုပ် ကြေးရုပ်မီးပွိုင့်နှင့် မြို့မဈေးမီးပွိုင့်၌ ကြီးမှူးကျင်းပသော Mask Campaign တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) MWCDF အသင်းမှ ပူးပေါင်းပါဝင်ခဲ့ပါသည်။

Covid-19 အကာအကွယ်ပစ္စည်းများ လှူဒါန်းခြင်း

Covid-19 အကာအကွယ်ပစ္စည်းများ လှူဒါန်းခြင်း

Hong. Kong, China. SOWERS. ACTION (ပညာမျိုးစေ့ ပျိုးခင်းလှုပ်ရှားမှု)မှ Covid-19 အတွက် လှူဒါန်းသော Masks.(10000)Pcs၊ PPE( 120 )Pcs၊ Thermometer( 20)Pcs တို့ကို မကွေးတိုင်း မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF) အဖွဲ့မှ ပူးပေါင်း၍ မကွေးမြို့၊ မင်းဘူး မြို့ ၊ မြို့သစ်မြို့တို့မှ လူမှုရေးအဖွဲ့ ( ၅ )ဖွဲ့သို့ (၂၅.၁၂.၂၀၂၀)ရက်နေ့တွင် သွားရောက်လှူဒါန်းပေးခဲ့ပါသည်။

အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်ရှိခဲ့သော အမျိုးသမီးအား ကူညီထောက်ပံ့ခြင်း

အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်ရှိခဲ့သော အမျိုးသမီးအား ကူညီထောက်ပံ့ခြင်း

(၃၀.၁၂.၂၀၂၀)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်းမှ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့ရှိ အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်ရှိခဲ့သော အမျိုးသမီးအား ခိုင်မေတ္တာဆေးရုံ၌ မွေးဖွားပေးခဲ့ ပြီး မီးဖွားစရိတ်နှင့် ထောက်ပံ့ငွေများ ကူညီလှူဒါန်းခဲ့ပါသည်။

Mask Campaign အတွက် Mask များ လှူဒါန်းခြင်း

Mask Campaign အတွက် Mask များ လှူဒါန်းခြင်း

(၁၅.၁၂.၂၀၂၀)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များ သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ရှမ်းပြည်နယ်ရှိ ပြည်သူများသို့ Covid-19 အသိပညာပေး Mask Campaign ပြုလုပ်ရာတွင် အသုံးပြုရန် Mask-(၅၀)ဘူး သွားရောက်လှူဒါန်းခဲ့ပါသည်။