ကျန်းမာရေး

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၉.၉.၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်တင်စိန်၊ အတွင်းရေးမှူး ဒေါ်ခင်သီတာထွန်း၊ တွဲဘက်အတွင်းရေးမှူး ဒေါ်ခင်မိမိစိုးနှင့် အလုပ်အမှုဆောင် ၂ ဦးသည် ရန်ကုန်ပြည်သူ့ဆေးရုံ၊ ကျောက်ကပ်ဌာနတွင် ခွဲစိတ်ကုသမှုခံယူနေသော ရန်ကုန်အသင်းဒုဥက္ကဌ ဒေါ်မော်မော်ရှိန်၏ ခင်ပွန်းဖြစ်သူအား သွားရောက်ကြည့်ရှု၍ အားပေးစကားများပြောကြားခဲ့ပြီး အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၇.၈.၂၀၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ ဒေါ်မော်မော်ထွန်းနှင့် အဖွဲ့ဝင် (၂)ဦးသည် ဇေယျာသီရိမြို့နယ်၊ ပြည်သူဆေးရုံ (ခုတင်-၅၀၀)တွင် နေပြည်တော်ကောင်စီက ဦးဆောင်ပြုလုပ်သော သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီးများက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်များအား ခွဲစိတ်ကုသမှုပေးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ခွဲစိတ်ကုသမှုခံယူမည့် ကလေးသူငယ်များနှင့်မိဘများအား အားပေးစကားပြောကြားခြင်း၊ ကလေးများအား လက်ဆောင်နှင့် ကစားစရာများပေးအပ်ခဲ့ပါသည်။

အာဟာရကျွေးမွေးလှူဒါန်းခြင်း

အာဟာရကျွေးမွေးလှူဒါန်းခြင်း

၂၇.၈.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းမှ ဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း နှင့် ဗဟိုအလုပ်အမှုဆောင်(၅)ဦးတို့သည် ဒက္ခိဏသီရိမြို့နယ်၊ ကျောက်မျက်ပြကွင်းတွင် ပြောင်းရွှေ့ဖွင့်လှစ်ထားသော သားဖွားမီးယပ်အထူးကုဆေးရုံကြီး ယာယီဆေးရုံတွင် ဆေးဝါးကုသနေသော အမျိုးသမီးလူနာများနှင့် မီးဖွားမိခင်များ နေ့လည်စာအာဟာရအတွက် ထမင်း၊ ကြက်သားဟင်း၊ ချဉ်ရည်ဟင်းနှင့် ခေါက်ဆွဲခြောက်ထုပ်၊ ကိတ်ခြောက်တို့ကိုလည်း လက်ရောက်ပေးဝေလှူဒါန်းခဲ့ပါသည်။ ထို့နောက် ဆေးရုံတွင် ဆေးကုသခံယူနေသူများထဲမှ ကူညီထောက်ပံ့မှုပေးရန်လိုအပ်နေသော အမျိုးသမီးလူနာ(၂)ဦးအား ထောက်ပံ့ငွေ(၁)သိန်းကျပ်နှုန်း လှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းမှုတန်ဖိုးငွေ-(၅)သိန်းကျပ်ဖြစ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၇.၈.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူး ဒေါ်မြတ်မြတ်မိုး နှင့် အလုပ်အမှုဆောင် (၂)ဦးသည် ပြည်နယ် ကျန်းမာရေးဦးစီးဌာနက တောင်ကြီးမြို့ ၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ် ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနား “ကလေးများ အနာဂါတ်လှပဖို့၊ မိခင်နို့ချိုတိုက်ကျွေးလို့ ရင်းနှီးမြှုပ်နှံကြပါစို့” “လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးဖို့ ကျောင်းကျန်းမာရေးမြှင့်တင်စို့”သို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၄.၈.၂၀၂၅ ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်မော်မော်ထွန်း သည် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ အမှတ် (၁၈) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကျောင်းသား/သူများအား သန်ချဆေးများတိုက်ကျွေးခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၈.၈.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် (၈)ဦး သည် အောင်ပန်းမြို့၊ တပ်မတော်ဆေးရုံ (ခုတင်-၇၀၀)သို့ ချိုင်းထောက် (၂)ချောင်းထောက်(Crutches) (၁၀)စုံ၊ တောင်ဝှေး (Paterica te ndryshme) (၁၀)စုံ ကာလတန်ဖိုး (၉၀၇,၀၀၀)ကျပ်နှင့် အောင်ပန်းဟိုတယ် မြေငလျင်ပြိုကျမှုတွင် နောက်ဆုံးကယ်တင်နိုင်သော ကလေးငယ်အား ထောက်ပံ့ငွေ (၁၅၀,၀၀၀) ကျပ် စုစုပေါင်း လှူဒါန်းငွေ (၁,၀၅၇,၀၀၀)ကျပ်အား သွားရောက်လှူဒါန်းခဲ့ပါသည်။