ကျန်းမာရေး

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၅.၂.၂၀၂၅ ရက်နေ့တွင် Shan Southern” State Level Coordination meeting with Health Partner” UN, INGOs, NGOs, CBOs, CSOs.  အစည်အဝေးကို ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ရာ ဥက္ကဌဒေါ်ကေသီအောင်နှင့် အတွင်းရေးမှူးတို့တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အာဟာရကျွေးမွေးလှူဒါန်းခြင်း

အာဟာရကျွေးမွေးလှူဒါန်းခြင်း

၂၄.၂.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည်  ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံ (ခုတင်-၅၀၀)သို့သွားရောက်ပြီး ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်ထံသို့ အလှူငွေ(၁၀၀,၀၀၀)ကျပ် ပေးအပ်လှူဒါန်းခဲ့ပြီး သားဖွားဆောင်ရှိ မွေးလူနာ ၅၂ ဦးအား အာဟာရမုန့်များ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ (၂၅၀,၀၀၀)ကျပ် ဖြစ်ပါသည်။

ဆုချီးမြှင့်ခြင်း

ဆုချီးမြှင့်ခြင်း

၁၂.၂.၂၀၂၅ ရက်နေ့တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက် အားကစားကွင်းမှာ ကျင်းပပြုလုပ်သော ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲသို့ နေပြည်တော် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အားကစားနည်း (၆)မျိုးကို ပထမဆု ၁၅၀၀၀/- ၊ ဒုတိယဆု ၁၀၀၀၀/- ၊ တတိယဆု ၅၀၀၀/- စသဖြင့် ဆုများချီးမြှင့်ပေးအပ်ခဲ့ပါသည်။ စုစုပေါင်း လှူဒါန်းငွေမှာ (၂၄၀,၀၀၀)ကျပ်ဖြစ်ပါသည်။  ကျား (၃၀)ဦး ၊ မ (၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။

အာဟာရဒါနလှူဒါန်းခြင်း

အာဟာရဒါနလှူဒါန်းခြင်း

၁၁.၂.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်က‌လေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာကြူကြူအေးနှင့် သမီး မအိအိန္ဒြာဇော် တို့သည် မအိအိန္ဒြာဇော် ၂၉နှစ်ပြည့် မွေးနေ့အလှူအဖြစ် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ (ခုတင်-၅၀၀) သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် ဆေးရုံတက်ရောက်နေသော အမျိုးသမီးလူနာများ၊ လူနာစောင့်များ နေ့လည်စာ အာဟာရအတွက် ထမင်း၊ ကြက်သာဟင်း၊ အချဉ်ရည်ဟင်းတို့ကို အလှူရှင်မိသားစုက လက်ရောက်ပေးဝေလှူဒါန်းခဲ့ပြီး‌‌နောက် မွေးနေ့ရှင်မှ ဆေးရုံတက်ရောက်နေသော ချို့တဲ့လူနာရှင်(၁)ဦးကို ဆေးဝါးအတွက်အလှူငွေ(၃၀,၀၀၀)ကျပ် လှူဒါန်းပေးခဲ့ပါသည်။

အာဟာရဒါနလှူဒါန်းခြင်း

အာဟာရဒါနလှူဒါန်းခြင်း

၁၀.၂.၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှုးနှင့် အသင်းဝင်များသည် မသန်စွမ်းသက်ငယ်ကျောင်းရှိ ကျောင်းသား (၇၀ )ဦးအတွက် နေ့လည်စာ ထမင်း၊ ကြက်သားဟင်း၊ ပဲနှပ်၊ သီးစုံချဉ်ရည်ဟင်း၊ ဘာလချောင်ကြော်တို့ဖြင့်လှူဒါန်းခြင်းနှင့် နေ့လည်စာအာဟာရဒါနအဖြစ် ကြာဇံချက်ကိုလည်း လှူဒါန်းခဲ့ပါသည်။ လှူဒါန်းငွေ စုစုပေါင်း (၃၅၀,၀၀၀) ကျပ်ဖြစ်ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၉.၂.၂၀၂၅ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်သူ့ဆေးရုံကြီး (ခုတင်- ၁၀၀၀)တွင် ကျောက်ကပ်နှင့် နှလုံးရောဂါဖြင့် ဆေးဝါးကုသလျှက်ရှိသော G-11 ကျောင်းသားလေးသည် နှစ်စဉ်ဆုရရှိပြီး စာကြိုးစားသောကလေးဖြစ်ကာ ကူညီထောက်ပံ့မှုလိုအပ်နေသည့်အတွက် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဆေးကုသစရိတ် ငွေကျပ်သုံးသိန်း ထောက်ပံ့ကူညီခဲ့ကြပါသည်။