ကျန်းမာရေး

မွေးလူနာမိခင်နှင့်ကလေးအား ထောက်ပံ့ခြင်း

မွေးလူနာမိခင်နှင့်ကလေးအား ထောက်ပံ့ခြင်း

(၇.၁၀.၂၀၂၂)နေ့တွင် မကွေးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် မကွေးမြို့၊ ပြည်သူ့ ဆေးရုံကြီး၌ တက်ရောက်မီးဖွားနေသော အခက်အခဲဖြစ်နေသည့် မွေးလူနာမိခင်အတွက် လိုအပ်သော အဝတ်အထည်၊ ကလေးအတွက် အနှီးပိတ်စ၊ အင်္ကျီနှင့် အလှူငွေများ သွားရောက်ထောက်ပံ့ခဲ့ပါသည်။

ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

(၂၃.၉.၂၀၂၂)နေ့တွင် ကရင်ပြည်နယ် MWCDF အသင်း ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့သည် ဘားအံမြို့၊ ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှုခံယူနေသော ကျောက်ကပ်ဝေဒနာရှင်များ၊ ရောဂါကြီးခံစားနေရသော ဝေဒနာရှင်များ၊ ART သောက်နေရသောကလေးငယ်နှင့် ဆေးကုသပေးနေသော ဆရာမများအား အလှူငွေများ သွားရောက်လှူဒါန်းခဲ့ပါသည်။

ပေါင်မပြည့်မွေးဖွားလာသည့်ကလေးနှင့်မိခင်များအား ထောက်ပံ့ခြင်း

ပေါင်မပြည့်မွေးဖွားလာသည့်ကလေးနှင့်မိခင်များအား ထောက်ပံ့ခြင်း

(၁၆.၉.၂၀၂၂)နေ့တွင် MWCDF အသင်းမှ CEC အဖွဲ့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ကုတင် (၁၀၀)ဆံ့ သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် ကုသမှုခံယူနေသော ပေါင်မပြည့်သည့် မွေးကင်းစ ကလေးငယ်များ၊ အထူးကြပ်မတ်ကုသဆောင်အတွင်းရှိ အခြားမွေးကင်းစကလေးလူနာ(၄)ဦးအတွက် ကလေးမိခင်များထံ အလှူငွေများ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

(၁၆.၈.၂၀၂၂)နေ့တွင် MWCDF အသင်းမှ  တွဲဘက်ဘဏ္ဍာရေးမှူးနှင့် CEC တို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်၍ သားဖွားမီးယပ်ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများနှင့် လူနာစောင့်များအား နေ့လည်စာ-ထမင်း၊ ကြက်သားဟင်း၊ ကန်စွန်းရွက်ချဉ်ဟင်းဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

(၇.၇.၂၀၂၂)နေ့တွင် MWCDF အသင်းမှ  ခေတ္တဥက္ကဌနှင့် CEC တို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်၍ သားဖွားမီးယပ်ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများနှင့် လူနာစောင့်များအား နေ့လည်စာ-ထမင်း၊ ကြက်သားဟင်း၊ ကန်စွန်းရွက်ချဉ်ဟင်းဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

လွယ်ကောင်းကျေးရွာ ပညာဥယျာဉ်(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်းနှင့် ဟောပြောဆွေးနွေးခြင်း

လွယ်ကောင်းကျေးရွာ ပညာဥယျာဉ်(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်းနှင့် ဟောပြောဆွေးနွေးခြင်း

(၂.၇.၂၀၂၂)နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မြန်မာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် လွယ်ကောင်းကျေးရွာ၊ ပညာဥယျာဉ်(ဘ.က)ကျောင်းရှိ ကျောင်းသား/သူကလေးများအား ကျန်းမာရေးအသိပညာဖြင့် Healt Education ပေးခြင်း၊ မိမိကိုယ်ကို ကာကွယ်နိုင်သည့်နည်းလမ်းများ ပြောကြားအသိပညာပေးခြင်း၊ ဗလာစာအုပ်နှင့် မုန့်များ လှူဒါန်းပေးခြင်း၊ ကလေးများနှင့်ကျောင်းရှိသံဃာများအတွက် ဆေးဝါးများ လှူဒါန်းခြင်း၊ ဗီနိုင်းဖြင့် အသိပညာပေးပြီး အပြန်အလှန်မေးခွန်းများ မေးမြန်းကာ ဆုချပေးခြင်းနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် လက်သဲညှပ်ခြင်းများအား စုပေါင်းလုပ်ဆောင်ခဲ့ကြပါသည်။