ပညာရေး

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် ၅ ဦးတို့ သည် ၁၃.၁.၂၀၂၆ ရက်နေ့တွင် ထားဝယ်မြို့၊ မြို့မယဉ်ငေးသာသနာ့ရိပ်သာတွင် ကျင်းပသည့် ခေါင်းဆောင်မှုအမြင်ဖွင့်သင်တန်း ဖွင့်လှစ်နိုင်ရေး သင်တန်းသား ရဟန်းသံဃာတော်များအသုံပြုနိုင်အတွက် အသင်း ဗလာစာအုပ်များ၊ ခဲတံ၊ ရောက်စုံခဲတံများ၊ ချွန်စက်များ၊ ဘောပင်များ၊ A4 စက္ကူထုပ်များ၊ ဖျာများ၊ ခြင်ထောင်များ၊ စောင်များ၊ ခေါင်းအုံးများကို သွားရောက်လှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ ၄၅၀,၀၀၀ကျပ်ဖြစ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် ၂ ဦးတို့သည် ၁၀.၁.၂၀၂၆ ရက်နေ့တွင် ပဲခူးမြို့၊ ရွှေသာလျောင်း သုဝဏ္ဏရွှေဘုံခန်းမတွင် ကျင်းပပြုလုပ်သော MMH ကိုယ်ပိုင်အလယ်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်ပညာရေးဆုပေးပွဲ အခမ်းအနားသို့တက်ရောက်ပြီး ဆုများချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် ၃ ဦးတို့သည် ၈.၁.၂၀၂၆ ရက်နေ့တွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြင်ကြီးသီလရှင်စာသင်တိုက်တွင် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး ပင့်သီလရှင် ၃ ပါးအတွက် အလှူငွေ ၁၅၀,၀၀၀ ကျပ်ကို လှူဒါန်းခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် ၃ ဦးတို့သည် ၇.၁.၂၀၂၆ ရက်နေ့တွင် ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်သို့တက်ရောက်ပြီး သင်ထောက်ကူပစ္စည်းများဆောင်ရွက်ထားမှုများကို လေ့လာကြည့်ရှုခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင်များသည် ၅.၁.၂၀၂၆ ရက်နေ့တွင် ပဲခူးမြို့၊ ကိုယ်ပိုင်အလယ်တန်းကျောင်း(BBS)၊ ဥဿမြို့သစ် (၁) လခွဲကျောင်း၊ အမှတ်(၁၀) အခြေခံပညာအထက်တန်း နှင့် ဗဟိုမူလွန်ကျောင်းများတို့တွင် သွားရောက်၍ ပညာရည်ချွန်ထူး ချွန်ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး BBS ကိုယ်ပိုင်အထက်တန်းကျောင်းအားကစားပြိုင်ပွဲမှ ဆုရရှိသူ ကျောင်းသား/သူများကိုလည်း ဆုချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် ၄ ဦးတို့ သည် ၁.၁.၂၀၂၆ ရက်နေ့တွင် ထားဝယ်မြို့၊ အ.ထ.က (၁)ကျောင်းနှင့် အ.မ.က(ဘုမ္မော်) ကျောင်းတို့တွင် ကျင်းပပြုလုပ်သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်သို့တက်ရောက်၍ ဆုရရှိသူကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းနှင့် အလှူငွေ ၃၀,၀၀၀ ကျပ်စီ လှူဒါန်းခဲ့ကြပါသည်။