ပညာရေး

ကျုံးတောင့် ဝိပသနာကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

ကျုံးတောင့် ဝိပသနာကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၇.၂.၂၀၂၃)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ပဲခူးမြို့၊ ကျုံးတောင့် ဝိပသနာကျောင်းတိုက်ရှိ သီလရှင်ဆရာကြီးနှင့် ဆရာလေးများအား သီလရှင်ဝတ်စုံ၊ ထီး၊ အိတ်၊ ခြေသုတ်ခုံများ လှူဒါန်းပြီး ရွှေရင်အေးနှင့် နေ့ဆွမ်း ကပ်လှူခဲ့ပါသည်။

ရတနာစံပြ(ဘ.က)ကျောင်းသို့ သွးရောက်လှူဒါန်းခြင်း

ရတနာစံပြ(ဘ.က)ကျောင်းသို့ သွးရောက်လှူဒါန်းခြင်း

(၁၉.၁.၂၀၂၃)နေ့တွင် MWCDF အသင်းမှ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနှင့် CEC အဖွဲ့ဝင်များသည် ရတနာစံပြ(ဘ.က)ကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်ထံ ဝတ္ထုငွေ၊ သင်္ကန်း၊ တရားစာအုပ်၊ ဆေးဝါး၊ စာရေးကိရိယာနှင့် လူသုံးကုန်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်းနှင့် ဟောပြောခြင်း

အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်းနှင့် ဟောပြောခြင်း

(၁၈.၁.၂၀၂၃)နေ့တွင် တနင်္သာရီတိုင်း MWCDF အသင်းမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့၊ အနောက်ရပ် အခြေခံပညာမူလတန်ကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူများအား ဗလာစာအုပ်၊ ခဲတံ၊ နို့ဘူးနှင့်ကိတ်မု့န်များ၊ ဆရာမများအား ဘောပင်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ပြင်ကြီးသာသနဝေပုလ္လသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ပြင်ကြီးသာသနဝေပုလ္လသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၇.၁.၂၀၂၃)နေ့တွင် MWCDF အသင်းမှ တွဲဘက်ဘဏ္ဍာရေးမှူးနှင့် CEC အဖွဲ့ဝင်တို့သည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြင်ကြီးသာသနဝေပုလ္လသီလရှင်စာသင်တိုက်က (၃.၁.၂၀၂၃ မှ ၈.၁.၂၀၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်သော (ဒဿမ)အကြိမ်မြောက် အသံမစဲပဌာန်းရွတ်ဖတ်ပူဇော်ပွဲသို့ အလှူငွေ၊ ပြက္ခဒိန်နှင့် ဆပ်ပြာဆီဘူးများ သွားရောက်လှူဒါန်းခဲ့ပါသည်။

ရတနာ့မဉ္ဇူ သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ရတနာ့မဉ္ဇူ သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၁.၁.၂၀၂၃)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ရတနာ့မဉ္ဇူသီလရှင် စာသင်တိုက်သို့ နှစ်သစ်ဦးဆန်နှင့် နှစ်သစ်ဦးဆွမ်း သွားရောက်လှူဒါန်းခဲ့ပါသည်။

အသိပညာပေးစာအုပ်၊ ဂျာနယ်များ သွားရောက်လှူဒါန်းခြင်း

အသိပညာပေးစာအုပ်၊ ဂျာနယ်များ သွားရောက်လှူဒါန်းခြင်း

(၃၀.၁၂.၂၀၂၂)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ပဲခူးမြို့၊ အ.ထ.က(၁) ကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီးနှင့် တွေ့ဆုံပြီး လူကုန်ကူးမှု ၊ မူးယစ်ဆေးဝါး၊ သက်ငယ်မုဒိန်းနှင့်သက်ဆိုင်သော အသိပညာပေးစာအုပ်၊ ဂျာနယ်များ လှူဒါန်းခဲ့ပါသည်။