ပညာရေး

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အမှုဆောင်များသည်  ၂၁.၁၂.၂၀၂၅ ရက်နေ့တွင် သံလျင်မြို့ရှိ ခေမာရာမသီလရှင်စာသင်တိုက်သို့သွားရောက်၍ သီလရှင် ဆရာကြီး/ဆရာလေးအပါး ၃၂၀ ပါးအတွက် သီလရှင်ဝတ်စုံ ၁၅၀ စုံ၊ ဆုံဆီ ၅ ပိဿာနှင့် ငရုတ်သီးမှုန့် ၃ ပိဿာတို့ကို သွားရောက်လှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ ၁,၇၂၄,၀၀၀ ကျပ်ဖြစ်ပါသည်။

အသိပညာပေးဟောပြောခြင်း

အသိပညာပေးဟောပြောခြင်း

ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှကြီးမှူး၍ ၁၀.၁၂.၂၀၂၅ ရက်နေ့တွင် ပဲခူးမြို့၊ အခြေခံပညာအလယ်တန်း (ခွဲ)၊ ရွာသစ်ကျောင်းတွင်ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ အမျိုးသမီးများအကြမ်းဖက်မူပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမူအထိမ်းအမှတ်အနေဖြင့် တက်ရောက်လာသော ကျောင်းသား/သူ (၂၅၀)ဦးကို အသင်း ဥက္ကဌဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင် ပဲခူး အမျိုးသား စာပေဆု)မှ အသိပညာပေးဟောပြောမှုများဟောပြောခဲ့ပြီး ကျောင်းသား/သူများကို အပြန်အလှန်မေးခွန်း များဆွေးနွေးခဲ့ကြပါသည်။ အခမ်းအနားတွင် အသင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာထံ အသင်းပြ က္ခဒိန်၊ ကလေးစာပေသုတ၊ ရသ၊ စာအုပ်များပေးအပ်ခြင်း၊ ကျောင်းသား/သူများကို အသင်းဗလာစာအုပ် များနှင့်

အသိပညာပေးဟောပြောခြင်း

အသိပညာပေးဟောပြောခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှကြီးမှူး၍ ၁၀.၁၂.၂၀၂၅ ရက်နေ့တွင် တောင်ကြီးမြို့ အမှတ်(၁၃)၊ အခြေခံပညာအလယ်တန်းကျောင်း၌ နေ့လည် (၁:၀၀)တွင် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအနေဖြင့် Gender Equality နှင့် အကြမ်းဖက်မှုနှိမ်နှင်းရေးအခမ်းအနား၌ ဥက္ကဌ ဒေါ်ကေသီအောင်မှ Gender Equality နှင့် သက်ငယ်မုဒိန်းကင်းစင်ရေး အားလုံးပူးပေါင်းပါဝင်ပေးခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။

အသိပညာပေးဟောပြောခြင်း

အသိပညာပေးဟောပြောခြင်း

နေပြည်တော် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှကြီးမှူး၍ ၁၀.၁၂.၂၀၂၅ ရက်နေ့တွင် အထက (၁၈) ဒက္ခိဏသီရိကျောင်းမှာ ကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူ ငယ်များဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ ဒေါ်မော်မော်ထွန်း မှ ကျောင်းသား/သူများကို အသိပညာပေးဟောပြောခဲ့ပါသည်။ အခမ်းအနားတွင် ကျောင်းသား (၁၂၀)ဦး၊ ကျောင်းသူ (၁၃၀)ဦးနှင့် ဆရာမ (၈)ဦးတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင် ၆ ဦးသည် ၈.၁၂.၂၀၂၅ ရက်နေ့တွင် ထားဝယ်မြို့၊ အ.ထ.က (၇)ကျောင်းတွင် ကျင်းပပြုလုပ်သော စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အထိမ်းအမှတ် ဆုချီးမြှင့်ပွဲအခမ်းအနားကိုတက်ရောက်ပြီး ရသစာအုပ်များနှင့် အားကစားစာအုပ်များလှူဒါန်းခဲ့ကြပါသည်။

သွားရောက်စစ်ဆေးခြင်း

သွားရောက်စစ်ဆေးခြင်း

နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် ဒုဥက္ကဌ တို့သည် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးဆိုင်ရာကြီးကြပ်မှုကော်မတီ ECCD ကော်မတီအဖွဲ့ဝင်များနှင့်အတူ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်း ၂ ရပ်ကွက်တွင် ဖွင့်လှစ်ထားသော (The Learning Nest Preschool) ပုဂ္ဂလိက မူလတန်းကြိုကျောင်း တည်ထောင်ခွင့်ပြုမိန့်ပေးနိုင်ရေးအတွက် သွားရောက်စစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။