ပညာရေး

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၄.၁၂.၂၀၂၄)ရက်နေ့တွင် မကွေးတိုင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် (၄)ဦးသည် မကွေးတိုင်းဒေသကြီး၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့က မကွေးမြို့၊ မြို့တော်ခန်းမတွင် ပူးပေါင်းဖွင့်လှစ်သော Grade-11/12 သင်ဆရာ/ ဆရာမများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၅) နှင့် အမှတ်စဉ် (၆) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

(၂၂.၁၂.၂၀၂၄)ရက်နေ့တွင် မွန်ပြည်နယ်၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် (၅)ဦးသည် ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအနောက်ရပ်ကွက်ရှိ ရွှေမြင့်မိုရ်တောင် ပညာဒါနကျောင်းရှိ ကျောင်းသား/သူများအတွက် စာရေးကိရိယာများ၊ အဝတ်အစားများ၊ စားသောက်ဖွယ်ရာများ ကာလတန်ဖိုး (၄၀၀၀၀၀)ကျပ်အား သွားရောက်လှူဒါန်းထောက်ပံ့ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

(၂၁.၁၂.၂၀၂၄)ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် (၅)ဦးသည် မကွေးမြို့၊ ဆားတိုင်ကန်ကျေးရွာ ရေတွင်းဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွင် ရောက်ရှိနေသော စလင်းမြို့နှင့် ဆောမြို့တို့မှ နေရပ်စွန့်ခွါကျောင်းသား/ သူများ၊ ကိုရင် စုစုပေါင်း (၆၂)ဦးအတွက် ဆန် (၅)အိတ်၊ ဆီ (၁၅)ပိဿာ၊ ဆား (၁၀၀)ထုပ်၊ ဗလာစာအုပ် (၅၀)ဒါဇင်၊ ဘောပင်၊ ခဲတံနှင့် ထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ် စုစုပေါင်း (၁၀၀၀၀၀၀)ကျပ်ကို သွားရောက်လှူဒါန်းထောက်ပံ့ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

(၁၉.၁၂.၂၀၂၄)ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မန္တလေးတောင်ခြေရှိ ရွှေကျင်တိုက်မကြီးကျောင်းတွင် ရောက်ရှိနေကြသော မတ္တရာမြို့နယ်၊ မိုးကြိုးကျေးရွာမှ နေရပ်စွန့်ခွါကျောင်းသား/သူ (၁၀၂)ဦးအတွက် စာအုပ်၊ ခဲတံ၊ ဆပ်ပြာမှုန့်၊ ခေါင်းလျှော်ရည်၊ လက္ဘရည်ထုပ်များနှင့် ပေါင်မုန့်များ လှူဒါန်းထောက်ပံ့ခြင်းနှင့် ကျောင်းထိုင်ဆရာတော်ကြီးအား နဝကမ္မအလှူငွေ (၁၀၀၀၀၀)ကျပ် ဆပ်ကပ်လှူဒါန်းခဲ့ပြီး စုစုပေါင်းလှူဒါန်းငွေမှာ (၄၉၅၀၀၀)ကျပ် ဖြစ်ပါသည်။ ထိုနောက် ဥက္ကဌသည် ကျောင်းသား/သူများ အား မြတ်ဗုဒ္ဓဟောကြားသောတရားဖြစ်သည့် “ မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား” ခေါင်းစဉ်အားလည်းကောင်း၊ ဒုတိယဥက္ကဌသည် “ လူငယ်နှင့်

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၈.၁၂.၂၀၂၄)ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော ထားဝယ်မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်သော မူကြိုကလေးငယ်များအတွက် ကစားစရာပစ္စည်းများ ပေးအပ်လှူဒါန်းသည့်အခမ်းအနာအား တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

(၁၆.၁၂.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ အ.မ.က(နောင်ယားဖေး)ကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူများအတွက် ကစားစရာပစ္စည်း (၈)ဗူး၊ အသင်းဗလာစာအုပ် (၅)ဒါဇင်နှင့် မုန့်များ၊ ကာလတန်ဖိုး (၂၀၀၀၀၀)ကျပ် ပေးအပ်လှူဒါန်းခဲ့ပါသည်။