ပညာရေး

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

(၁၆.၁၂.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ တောင်ကလေးဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ခွဲ) သောဘုံရွာ မူလတန်းကျောင်းသို့သွားရောက်၍ ကျောင်းသား/သူများအတွက် ကစားစရာပစ္စည်း (၈)ဗူး၊ အသင်းဗလာစာအုပ် (၅)ဒါဇင်နှင့် မုန့်များ၊ ကာလတန်ဖိုး (၂၀၀၀၀၀)ကျပ် ပေးအပ်လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၂.၁၂.၂၀၂၄)ရက်နေ့တွင် မကွေးတိုင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် (၄)ဦးသည် မကွေးတိုင်းဒေသကြီး၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့က မကွေးမြို့၊ မြို့တော်ခန်းမတွင် ပူးပေါင်းဖွင့်လှစ်သော Grade-11/12 သင်ဆရာ/ ဆရာမများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၃) နှင့် အမှတ်စဉ် (၄) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

(၁၁.၁၂.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် တိုက်ပွဲရှောင်ကျောင်းသား/သူ (၂၀)ဦးအား အနွေးထည်များ ကာလတန်ဖိုးငွေ (၂၆၀၀၀၀) ကျပ် ပေးအပ်လှူဒါန်းခဲ့ပါသည်။

ဘုန်းကြီးကျောင်းပြန်လည်တည်ဆောက်ရန်လှူဒါန်းခြင်း

ဘုန်းကြီးကျောင်းပြန်လည်တည်ဆောက်ရန်လှူဒါန်းခြင်း

(၁.၁၂.၂၀၂၄)ရက်နေ့တွင် တနင်္သာရီတိုင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင်(၈)ဦးသည် ထားဝယ်မြို့၊ လယ်ဘော်ဘုန်းကြီးကျောင်းသို့ သွားရောက်ဖူးမျှော်ခဲ့ပြီး မြင့်မိုရ်လက်ခတ်တောင်တွင် မီးဘေးသင့်သွားသော ဘုန်းကြီးကျောင်းပြန်လည်ဆောက် လုပ်ရန်အတွက် အလှူငွေ (၇၀၀၀၀)ကျပ်နှင့် ကျောင်းရှိစာသင်သံဃာတော်များအတွက် စာရေးကိရိယာများကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

တည်ထောင်ခွင့်ပြုမိန့် ပေးနိုင်ရေးဆောင်ရွက်ခြင်း

တည်ထောင်ခွင့်ပြုမိန့် ပေးနိုင်ရေးဆောင်ရွက်ခြင်း

(၂၉.၁၁.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာကြီးကြပ်မှုကော်မတီ ECCD ကော်မတီအဖွဲ့ဝင်များနှင့်အတူပူပေါင်း၍ Nature Land Preschool ပုဂ္ဂလိကမူလတန်းကြိုကျောင်းအား တည်ထောင်ခွင့်ပြုမိန့်ပေးနိုင်ရေးအတွက် သွားရောက်စစ်ဆေးခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၀.၁၁.၂၀၂၄)ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးသည် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင် ကျင်းပပြုလုပ်သော (၃၅) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။