ပညာရေး

ဇေယျာရာမ ပရိယတ္တိ သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ဇေယျာရာမ ပရိယတ္တိ သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၃၁.၇.၂၀၂၁)နေ့တွင် MWCDF အသင်းမှ ဥက္ကဌနှင့် CEC များကိုယ်စား ရုံးအဖွဲ့သည် ပျဉ်းမနားမြို့၊ ဇေယျာရာမပရိယတ္တိ သီလရှင်စာသင်တိုက်သို့ သွားရောက်၍ အခြေခံစားသောက်ကုန်များ၊ အသုံးအဆောင် ပစ္စည်းများ၊ Covid-19 အကာအကွယ်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

အောင်ချမ်းသာ ပရဟိတသီလရှင်သင်ပညာရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

အောင်ချမ်းသာ ပရဟိတသီလရှင်သင်ပညာရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၃၁.၇.၂၀၂၁)နေ့တွင် MWCDF အသင်းမှ ဥက္ကဌနှင့် CEC များကိုယ်စား ရုံးအဖွဲ့သည် လယ်ဝေးမြို့နယ်၊ အောင်ချမ်းသာ ပရဟိတ သီလရှင်သင်ပညာရေးကျောင်းသို့ သွားရောက်၍ အခြေခံစားသောက်ကုန်များ၊ အသုံးအဆောင် ပစ္စည်းများ၊ Covid-19 အကာအကွယ်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

စမတောင်မဟာပရဟိတဂေဟာသို့ သွားရောက်လှူဒါန်းခြင်း

စမတောင်မဟာပရဟိတဂေဟာသို့ သွားရောက်လှူဒါန်းခြင်း

(၃၁.၇.၂၀၂၁)နေ့တွင် MWCDF အသင်းမှ ဥက္ကဌနှင့် CEC များကိုယ်စား ရုံးအဖွဲ့သည် လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့၊ စမတောင်မဟာပရဟိတဂေဟာသို့ သွားရောက်၍ အခြေခံစားသောက်ကုန်များ၊ အသုံးအဆောင် ပစ္စည်းများ၊ Covid-19 အကာအကွယ်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

ရတနာ့မဉ္ဇူသီလရှင်ကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

ရတနာ့မဉ္ဇူသီလရှင်ကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၂၄.၆.၂၀၂၁)နေ့တွင် ပဲခူးတိုင်း MWCDF အသင်းမှ Covid-19 ကာလအတွင်း ပဲခူးတိုင်း၊ ပဲခူးမြို့၊ ရတနာ့ မဥ္ဇူသီလရှင်ကျောင်းတိုက်ကြီးသို့ ဆန်၊ ဆီ၊ ကြက်သွန်၊ ကုလားပဲခြမ်း၊ အချိုပွဲမုန့်မျိုးစုံနှင့် နဝကမ္မအလှူတော် ငွေများ သွားရောက်လှူဒါန်းခဲ့ပါသည်။

ရတနာစံပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ရတနာစံပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၂၈.၄.၂၀၂၁)နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရတနာစံပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ အသင်းမှ ဗလာစာအုပ်၊ Mask ၊ လက်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ကျန်းမာရေးဆေးအိတ်၊ ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ကြာဇံ၊ ကုလားပဲနှင့် အလှူရှင် CEC များမှ ဝတ္ထုငွေ၊ သင်္ကန်း၊ ဆင်းတုတော်၊ အာလူးကြော်၊ သစ်သီးခြင်း၊ ကော်ဖီခြင်း၊ မုန့်များအား ကျောင်းထိုင်ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ရွှေကြာပျိုးခင်း(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ရွှေကြာပျိုးခင်း(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၈.၄.၂၀၂၁)နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရွှေကျရွာ၊ ရွှေကြာပျိုးခင်း အမှတ်(၁)ဘုန်းတော်ကြီးသင်ပညာရေး အလယ်တန်းကျောင်းသို့ သွားရောက်၍ အသင်းမှ ဗလာစာအုပ်၊ Mask ၊ လက်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ကျန်းမာရေးဆေးအိတ်၊ ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ကြာဇံ၊ ကုလားပဲနှင့် အလှူရှင် CEC များမှ ဝတ္ထုငွေ၊ သင်္ကန်း၊ ဆင်းတုတော်၊ အာလူးကြော်၊ မုန့်များ အား ကျောင်းထိုင်ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။