ပညာရေး

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၅.၂.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည်  ပဲခူးတိုင်း လူမှု၀န်တမ်းဦးစီးဌာနရှိ မူလတန်းကြိုကျောင်း (၁)၊  လိပ်ပြာကန်နား၊ သနပ်ပင်လမ်းမကြီးဘေးကျောင်းရှိ ကျောင်းသား/သူ ၁၀၆ ဦးအား သင်ထောက်ကူပစ္စည်းများ၊ ကစားစရာများ  ပေးအပ်ခဲ့ကြပါသည်။ စုစုပေါင်းလှူဒါန်းငွေ (၁၅၀,၀၀၀)ကျပ် ဖြစ်ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၁.၂.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် ဗဟိုအလုပ်အမှုဆောင် များသည် ဇေယျာသီရိမြို့နယ်၊ ရွှေကြာပျိုးခင်း အမှတ်(၁)ဘုန်းတော်ကြီးသင်ပညာရေးအလယ်တန်းကျောင်းရှိ သံဃာတော်များ၊ ရှင်သာမဏေများနှင့် ကျောင်းသား/သူများအတွက် လက်ထောက်ဆရာတော်ထံ နဝကမ္မဝတ္ထူငွေ-(၃၀၀,၀၀၀)ကျပ်နှင့် သင်္ကန်းခြင်း၊ သမ္ဗာဓမုတ္တဂုဏ်တော်ဝန္ဒနာ ဘုရားစာအုပ်များ၊ ရှူလိမ်းဆေးများ၊ သွားတိုက်ဆေးများ၊ ဆန်၊ ဆီ အစရှိသည့် စားသောက်ကုန်များ၊ အသင်းဗလာစာအုပ်၊ ခဲတံများနှင့် အသင်းပြက္ခဒိန်များ လှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းမှုပစ္စည်းတန်ဖိုးငွေ(၉၃၀,၀၀၀) ကျပ်ဖြစ်ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၁.၂.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် ဗဟိုအလုပ်အမှုဆောင် များသည် ဇေယျာသီရိမြို့နယ်၊ ရတနာစံပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်အရှင်သူမြတ်များအတွက် ကျောင်းထိုင်ဆရာတော်ထံ နဝကမ္မဝတ္ထူငွေ(၂၀၀,၀၀၀)ကျပ်နှင့် သင်္ကန်းခြင်း၊ သမ္ဗာဓမုတ္တဂုဏ်တော်ဝန္ဒနာ ဘုရားစာအုပ်များ၊ ရှူလိမ်းဆေးများ၊ သွားတိုက်ဆေးများ၊ ဆန်၊ ဆီ အစရှိသည့် စားသောက်ကုန်များ၊ အသင်းဗလာစာအုပ်နှင့် အသင်းပြက္ခဒိန်များ လှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းမှုပစ္စည်းတန်ဖိုးငွေ(၇၇၀,၀၀၀)ကျပ် ဖြစ်ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၁၅.၂.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်တို့သည် ဒဂုံမြို့သစ်မြောက်ပိုင်း မစိုးရိမ်စာသင်တိုက်ရှိ ရှင်သာမဏေ (၅၀)ပါးအား နဝကမ္မဝတ္ထုငွေအပါအဝင်၊ သင်္ကန်း၊ လွယ်အိတ်၊ စာအုပ်၊ ဘောပင်၊ ခဲတံ၊ အချိုရည်နှင့် မုန့်မျိုးစုံ၊ ခေါင်းရိတ်ဓားနှင့် ဆပ်ပြာခဲ၊ ဓာတ်မီးများလှူဒါန်းခဲ့ပါသည်။ စုစုပေါင်းတန်ဖိုးငွေ (၁,၂၇၀,၀၀၀)ကျပ် ဖြစ်ပါသည်။

ဆုချီးမြှင့်ပေးအပ်ခြင်း

ဆုချီးမြှင့်ပေးအပ်ခြင်း

၁၂.၂.၂၀၂၅ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမှတ်(၁)မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအခမ်းအနားသို့ ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်၍ ကလေးအယောက်(၁၂၀)ဦးအား ဆုများချီးမြှင့်‌‌ပေးခဲ့ပြီး မုန့်ဟင်းခါးဖြင့် ကျွေးမွေးဧည့်ခံခဲ့ပါသည်။ လှူဒါန်းမှု ကုန်ကျငွေစုစုပေါင်း(၁,၀၅၀,၀၀၀)ကျပ်ဖြစ်ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၁၀.၂.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်က‌လေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် လူမှုဝန်ထမ်းဦးစီးဌာန၊ အမှတ်(၂)မူကြိုကျောင်းသို့ သွားရောက်၍ ကျောင်းသား/ ကျောင်းသူကလေးများအား သင်ထောက်ကူပစ္စည်းများနှင့် ကစားစရာများအား သွားရောက်လှူဒါန်းခဲ့ကြရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာဦးက လက်ခံယူခဲ့ပါသည်။