ပညာရေး

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၀.၁၁.၂၀၂၄)ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင် (၂)ဦးသည် မကွေးမြို့၊ မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်သော (၃၅) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ “အနာဂတ်သာယာကောင်းမွန်ရေး ကလေးများအသံနားထောင်ပေး” “Listen to  the Future” အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနား

သင်တန်းဆင်းပွဲအခမ်းအနား

(၁၃.၁၁.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်(၃)ဦးတို့သည် တိုင်းလူမှုဝန်ထမ်းနှင့် UNICEF တို့ပူးပေါင်း၍ကျင်းပသော ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြခံသင်တန်းကို အစိုးရမူလတန်းကျောင်း၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်း၊ ကျောင်းသား/သူမိခင်များနှင့်ဆရာ/ဆရာမများအတွက် တိုင်းလူမှုဝန်ထမ်းရုံးတွင် (၂၅.၁၀.၂၀၂၄)မှ(၁၃.၁၁.၂၀၂၄)ရက်ထိဖွင့်လှစ်သင်ကြားရာ အသင်းမှ သင်တန်းသူ (၃)ဦးတက်ရောက်ပြီး သင်တန်းဆင်းလက်မှတ်များ လက်ခံရရှိခဲ့ပါသည်။

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

(၁၃.၁၁.၂၀၂၄)ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၂)ဦးတို့သည် မန္တလေးတောင်ခြေရှိ၊ ခလရ (၉၅)တပ်ရင်းမူကြိုကျောင်း၊ ပင်မစစ်လက်နက်ပစ္စည်းတပ် မူကြိုကျောင်းအမှတ်(၉၁၀)၊ စစ်မြေပြင်အင်ဂျင်နီယာတပ်မူကြိုကျောင်းများသို့သွားရောက်၍ ကလေးများအတွက် ကစားစရာပစ္စည်းပုံးများနှင့် မုန့်များပေးဝေလှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃၁.၁၀.၂၀၂၄)ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့၊ အ.ထ.က (၆)ကျောင်းတွင်ကျင်းပပြုလုပ်သည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် တက်ရောက်၍ဆုများချီးမြှင့်ခဲ့ပါသည်။

သီလရှင်စာသင်တိုက်သို့သွားရောက်လှူဒါန်းခြင်း

သီလရှင်စာသင်တိုက်သို့သွားရောက်လှူဒါန်းခြင်း

(၃၀.၁၀.၂၀၂၄)ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များနှင့်အမျိုးသမီးကော်မတီအဖွဲ့ဝင်များစုပေါင်း၍ ရွှေပြည်သာမြို့နယ်၊ မြိုင်သီလရှင် စာသင်တိုက်သို့သွားရောက်၍ သီလရှင်ဝတ်စုံများ၊ ဆွမ်းဆန်၊ ဆီနှင့် ဝတ္ထုငွေများလှူဒါန်းခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၈.၁၀.၂၀၂၄)ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့၊ အ.ထ.က(၈)ကျောင်းတွင် ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားသို့ တက်ရောက်ခဲ့ပါ သည်။