ပညာရေးထောက်ပံ့လှူဒါန်းခြင်း

(၁၀.၁၀.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ပေါ်ရှိ မူကြိုကျောင်း (၉)ကျောင်းသို့သွားရောက်၍ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ကြပါသည်။
Myanmar Women and Children Development Foundation

(၁၀.၁၀.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ပေါ်ရှိ မူကြိုကျောင်း (၉)ကျောင်းသို့သွားရောက်၍ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ကြပါသည်။

(၉.၁၀.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် အသင်းအဖွဲ့ဝင်များသည် ခြံကလေးကိုယ့်အားကိုယ်ကိုးမူ ကြိုကျောင်းရှိကျောင်းသား/သူ (၃၀)ဦး၊ သုံးအိမ်စုရွာမူကြိုကျောင်းနှင့် ခြံကလေးဘုန်းကြီးကျောင်းရှိ Grade – 10,11 ကျောင်းသား/သူ (၂၁၉)ဦးအတွက် ဗလာစာအုပ်(၁၈)ဒါဇင်အားလှူဒါန်းခြင်း၊ ကစားစရာပစ္စည်းများ၊ မုန့်များ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြပါသည်။

(၉.၁၀.၂၀၂၄)ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အသင်းဝင်များသည် တိုက်ပွဲရှောင်မိသားစုများအတွက် ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်ထုတ်များ၊ ဆပ်ပြာမှုန့်များ၊ ဒန်အိုး၊ စတီးအိုး၊ စတီးချိုင့်၊ ထမင်းအုပ်၊ အနွေးထည်၊ ဂွမ်းစောင်၊ ချည်စောင်၊ ရေခွက်၊ ပန်းကန်၊ ဇွန်း၊ ခြုံတဘက်စောင်၊ ဆွဲခြင်း၊ ရေးပုံးစသည့် အသုံးဆောင်ပစ္စည်းများအား မဲဖောက်လှူဒါန်းပြီးနောက် ကျောင်းသား/သူ (၉၄)ဦးအတွက် အသင်းတံဆိပ်ပါ ဗလာစာအုပ်၊ ခဲတံများလှူဒါန်းခြင်း၊ မူကြိုကလေးများအတွက်အရုပ်စုံပါဗူးများနှင့် မုန့်များလည်းလှူဒါန်းခဲ့ကြပါသည်။
(၅.၁၀.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းနာယကကြီးမိသားစု၊ အသင်းဗဟိုအလုပ်အမှုဆောင်များစုပေါင်း၍ တပ်ကုန်းမြို့နယ်၊ ရေဘေးသင့်အိမ်ထောင်စုများအတွက် ဘုရားပုံတော်များ၊ အန္တရာယ်ကင်းဘုရားစာအုပ်များ၊ ဆန်၊ ဆီ၊ လက်ဖက်၊ ပဲကြော်၊ ကော်ဖီမစ်၊ ခေါင်းအုံးများ၊ မီးဖိုများ၊ ဖျာ၊ ဖယောင်းတိုင်ထုတ်များ၊ မီးခြစ်၊ ဓါတ်မီးများ၊ ဆပ်ပြာမွှေးခဲ၊ အဝတ်လျှော်ဆပ် ပြာခဲ၊ ခေါင်းဘီး၊ သွားတိုက်ဆေး/တံ၊ အဝတ်အထည်များ၊ အမျိုးသမီးများအတွက် လုံချည်များ၊ လစဉ်သုံးပစ္စည်းများအား လှူဒါန်းခြင်း၊ ကျောင်းသား/သူများအတွက် ကျောင်းအင်္ကျီဖြူ/စိမ်းများ၊ ဗလာစာအုပ်၊ ခဲတံ၊ ရောင်ခဲတံနှင့် ကလေးကစားစရာပစ္စည်းများကို သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြပါသည်။

(၄.၁၀.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ လူမှုဝန်ထမ်းအသိအမှတ်ပြု ပုသိမ်မြို့၊ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းနှင့် ကိုးဆူကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းများသို့ သွားရောက်ပြီး ကစားစရာပစ္စည်းများ၊ ပဲနို့များနှင့် ပေါင်မုန့်များ သွားရောက်လှူဒါန်းခဲ့ပါသည်။

(၁၈.၉.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ဘားအံ့မြို့နယ် ဇမ္ဗူမြိုင်သီလရှင်စာသင်တိုက်ရှိ သီလရှင်အပါး (၁၅၀)ပါးအတွက် နေ့ဆွမ်း၊ ရေသန့်ကဒ်များနှင့် နဝကမ္မအလှူငွေများ လှူဒါန်းခဲ့ပါသည်။