ပညာရေး

အာဟာရဒါနလှူဒါန်းခြင်း

အာဟာရဒါနလှူဒါန်းခြင်း

၁၀.၂.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ တွဲဖက်အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်(၇)ဦးတို့သည် တောင်ကြီးခရိုင် ဖာမွန်း‌ကျေးရွာသို့ သွားရောက်၍ ကျေးရွာမူကြိုကျောင်းတွင် တက်ရောက်နေကြသော မူကြိုကလေး(၄၉) ယောက်အား အသင်းကြီးမှထောက်ပံ့ပေးထားသော မူကြိုက‌လေးသုံးအရုပ်များနှင့် ရောင်စုံချယ်ပစ္စည်းများ၊ ကစားစရာများကို ပေးအပ်လှူဒါန်းခြင်းနှင့် ကလေးများအား အာဟာရမုန့်၊ ပဲနို့၊ ဆန်ပြုတ်ထုပ်၊ ပေါင်မုန့်၊ အချိုရည်၊ ဘီစကစ် စသည့် စားစရာ(၇)မျိုးတို့ကို ကျွေးမွေးခဲ့ကြပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၉.၂.၂၀၂၅ ရက်နေ့တွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ သန္တာရာမ သီလရှင်စာသင်တိုက်တွင် ပဌာန်းအောင်ပွဲအထိမ်းအမှတ်အဖြစ် ဆရာကြီး/ဆရာလေးများအား ဆွမ်းဆန်တော် ၊ ဆီ၊ ဆား၊ ဆေး၊ လစဉ်သုံးပစ္စည်းများနှင့် နဝကမ္မအလှူငွေ တစ်သိန်းကျပ်ကို နေပြည်တော် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များစုပေါင်း၍ (၄၀၀,၀၀၀)ကျပ် လှူဒါန်းခဲ့ကြပါသည်။

ဆွေးနွေးပွဲပြုလုပ်ခြင်း

ဆွေးနွေးပွဲပြုလုပ်ခြင်း

၉.၂.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ပဲခူးမြို့ ရပ်ကွက်ကြီး(၇)ရပ်ကွက်ရှိ စာပေဥယျာဉ်စာကြည့်တိုက်တွင် စာပေအသိပညာပေးစကားဝိုင်းကို လူငယ် ကျောင်းသား/သူများနှင့်ပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များပေးဝေခြင်း၊ သက်ငယ်မုဒိန်းမှုခင်း၊ လူကုန်ကူးမှုအကြောင်း အသိပညာများပေးကာ ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် မြန်မာ့သနပ်ခါး၏ တန်ဖိုးအနှစ်သာရကြီးမားကြောင်း၊ သဘာ၀အလှတရားအစစ်ဖြစ်၍ ယူနက်စကိုသို့ စာရင်းတင်သွင်းခြင်း အောင်မြင်ပါစေကြောင်း၊ မြန်မာအမျိုးသမီးတို့သနပ်ခါးကို တန်ဖိုးထားမြတ်နိုအလေးထားသင့်ပါကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၉.၂.၂၀၂၅ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်သူ့ဆေးရုံကြီး (ခုတင်- ၁၀၀၀)တွင် ကျောက်ကပ်နှင့် နှလုံးရောဂါဖြင့် ဆေးဝါးကုသလျှက်ရှိသော G-11 ကျောင်းသားလေးသည် နှစ်စဉ်ဆုရရှိပြီး စာကြိုးစားသောကလေးဖြစ်ကာ ကူညီထောက်ပံ့မှုလိုအပ်နေသည့်အတွက် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဆေးကုသစရိတ် ငွေကျပ်သုံးသိန်း ထောက်ပံ့ကူညီခဲ့ကြပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

 ၉. ၂ .၂၀၂၅ ရက်နေ့တွင် မကွေးမြို့ပေါ်ရှိ သီလရှင်စာသင်ကျောင်း ခေမာသီရိ ၊ သာသနာ့ဂုဏ်ရည် ၊ သီတာရုံ စာသင်ကျောင်း (၃) ကျောင်းအား မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း နာယက ဒေါ်တင်တင်ထွေး နှင့် အဖွဲ့ဝင်များသည် လှူဖွယ်ပစ္စည်း ကြက်ဥ ၊ ကြက်သွန်နီ ၊ ခရမ်းချဉ်သီး ၊ ငါးပိ စသည့်တို့ကို သွားရောက်လှူဒါန်းခဲ့ကြပါသည်။ လှူဒါန်းမှုစုစုပေါင်းမှာ (၅၈၂,၀၀၀)ကျပ် ဖြစ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၈.၂.၂၀၂၅ ရက်နေ့တွင် မကွေးမြို့၊ ကွန်ပျူတာတက္ကသိုလ်တွင် ကျင်းပပြုလုပ်သော ( ၁၄ )ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားသို့ မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်(၄)ဦး တက်ရောက်ခဲ့ကြပါသည်။