ပညာရေး

ရေဘေးသင့်သီလရှင်စာသင်တိုက်သို့သွားရောက်လှူဒါန်းခြင်း

ရေဘေးသင့်သီလရှင်စာသင်တိုက်သို့သွားရောက်လှူဒါန်းခြင်း

(၁၈.၉.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ရေးဘေးသင့် သုခဝတီသီလရှင်စာသင်တိုက်သို့သွားရောက်၍ သီလရှင်အပါး (၉၇)ပါးအတွက် နေ့ဆွမ်းကပ်လှူဒါန်းခြင်း၊ ဝတ္ထုငွေများလှူဒါန်းခြင်း၊ ရေသန့်ကဒ်များ၊ မုန့်များ၊ အမျိုးသမီးအသုံးဆောင်များ လှူဒါန်းခဲ့ပါသည်။

ပညာရေးထေက်ပံ့လှူဒါန်းခြင်း

ပညာရေးထေက်ပံ့လှူဒါန်းခြင်း

(၁၄.၉.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ သည် ဆီဆိုင်မြို့နယ်အတွင်းရှိ အ.မ.က (၇,၆,၃,ဝါးတော)ကျောင်းတို့ရှိ ကျောင်းသား/သူများအတွက် လေးကြောင်းမျဉ်းစာအုပ် (၂၂)ဒါဇင်၊ အသင်းဗလာစာအုပ် (၈)ဒါဇင်နှင့် အသင်းသို့ မန္တလာမင်းကားဂိတ်က လှူဒါန်းသော စာအုပ် (၂၅)ဒါဇင်၊ ခဲတံ (၁၅)ဒါဇင်နှင့် ကလေးကစားစရာပစ္စည်းစုံ ဗူး(၅)ဗူးတို့ကို ဆီဆိုင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးထံပေးအပ်ကာ ကျောင်းများသို့ ဆက်လက်လှူဒါန်းခဲ့ပါသည်။

ရေဘေးရှောင်ပြည်သူများအား သွားရောက်လှူဒါန်းခြင်း

ရေဘေးရှောင်ပြည်သူများအား သွားရောက်လှူဒါန်းခြင်း

(၁၃.၉.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း မှဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင် တို့သည် နေပြည်တော် မြို့ရှောင်လမ်းဘေး ပုရွက်ဆိတ်ကုန်းရွာ သစ်လေးလုံးဓမ္မလင်္ကာရ ပရဟိတဘုန်းကြီးကျောင်းကယ်ဆယ်ရေးစခန်းဆီသို့ သွားရောက်၍ သံဃာတော်အရှင်မြတ်များအတွက် သင်္ကန်းနှင့် လှူဘွယ်ပစ္စည်းများလှူဒါန်းခြင်းနှင့် ကျောင်းတွင်ရောက်ရှိနေသော ရေဘေးရှောင်ပြည်သူ (၂၀၀)ကျော်အတွက် ဆန်၊ ဆီ၊ ထမင်းဗူးများ၊ အဝတ်အထည်များနှင့် ဖိနပ်များလှူဒါန်းခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ကြပါသည်။

အုန်းတောပရိယတ္တိစာသင်တိုက်သို့သွားရောက်လှူဒါန်းခြင်း

အုန်းတောပရိယတ္တိစာသင်တိုက်သို့သွားရောက်လှူဒါန်းခြင်း

(၁၂.၉.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင် တို့သည် နေပြည်တော်၊ ပျဉ်းမနားမြို့၊ အုန်းတောပရိယတ္တိစာသင်တိုက်သို့သွားရောက်၍ သံဃာတော်အရှင်မြတ်များအတွက် သင်္ကန်း၊ ဖိနပ်၊ စောင်၊ ခါးပန်းကြိုးများ လှူဒါန်းခြင်းနှင့် ကျောင်းတွင်ရောက်ရှိနေသော ရေဘေးရှောင်လူဦးရေ (၂၀၀)ကျော်အတွက် စားစရာများ၊ အဝတ်အထည်များနှင့် အလှူငွေများကို လှူဒါန်းခဲ့ကြပါသည်။

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

(၇.၉.၂၀၂၄)ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအ သင်းမှ မကွေးမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်း (၇)ကျောင်းသို့သွားရောက်၍ ကစားစရာ ပစ္စည်းပါဗူးများနှင့် KG, G-1 ကျောင်းသား/သူများအတွက် လက်ရေးလှစာအုပ်များလှူဒါန်းခြင်း၊ အ.မ.က (၃၁၇)တပ်ကျောင်းတွင် အထွေထွေအသုံးပြုနိုင်ရန်အတွက် အလှူငွေများထောက်ပံ့လှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

(၃.၈.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ စစ်ဘေးရှောင်ကျောင်းသားလေး (၂)ဦးအား ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ပါသည်။