ပညာရေး

အနန္တဂုဏ်ရည်စာသင်တိုက်သို့သွားရောက်လှူဒါန်းခြင်း

အနန္တဂုဏ်ရည်စာသင်တိုက်သို့သွားရောက်လှူဒါန်းခြင်း

(၂၃.၈.၂၀၂၄)ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အလှူငွေ (၂)သိန်းကျပ် မ,တည်၍ အလှူရှင်များစုပေါင်းကာ အနန္တဂုဏ်ရည်စာသင်တိုက်သို့သွားရောက်၍ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေး၊ ကြက်သွန်များ လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၃.၈.၂၀၂၄)ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် စည်းရုံးရေးမှူးတို့သည် ထားဝယ်မြို့၊ အ.ထ.က (၃)တွင်ကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကို တက်ရောက်ခဲ့ပြီး စာကြည့်တိုက်များတွင် စာအုပ်များဝယ်ယူနိုင်ရန်အတွက် အလှူငွေများလှူဒါန်းခဲ့ကြပါသည်။

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

(၂၀.၈.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ၊ တိုက်ကြီးကုန်းကျေးရွာရှိ မူကြိုကျောင်း (၂)ကျောင်းနှင့် ပုသိမ်မြို့ပန်းဆက်ရပ်ကွက်၊ လူမှုဝန်ထမ်းက လေးပြုစုရေးဌာနရှိ ကလေးငယ်များအား အသုံးဆောင်ပစ္စည်းများ၊ ကစားစရာပစ္စည်းများ၊ မုန့်များ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

(၁၈.၈.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် တောင်ကြီးမြို့၊ အ.ထ.က (၇)ကျောင်းတွင်တက်ရောက်နေသော တိုက်ပွဲရှောင်ကျောင်းသား/သူ (၇၄)ယောက်အတွက် စာအုပ်နှင့်ဘောပင်များသွားရောက်ထောက်ပံ့ခဲ့ပြီးကလေးများအတွက် လိုအပ်လျှက်ရှိသော အထူးထုတ်စာအုပ်များ၊ G-12 ကျောင်းသား/သူများအတွက် အသင်း Logo စာအုပ်များကိုလည်း ဆက်လက်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

ရေဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

(၂.၈.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဗဟိုနှင့် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းတို့ စုပေါင်း၍ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ မဟာမြိုင် အမှတ် (၂)ရပ်ကွက်အတွင်းရှိ ရေဘေးသင့်မိသားစုများနှင့် မနောစိတ္တုပ္ပဒ်ကျောင်းအတွင်းရှိ ရေဘေးသင့်မိသားစုများအတွက် လူဦးရေ (၁၅၀)ကျော်တို့အား ဆန်၊ ငါးခြောက်ကြော်များ၊ ဖယောင်းတိုင်၊ မီးခြစ်နှင့် မုန့်များသွားရောက်လှူဒါန်းခြင်း၊ ကလျာဏီ ရပ်ကွက်၊ ရေကြီးကွင်းအတွင်းရှိ သုခိတာရာမ သီလရှင်စာသင်ကျောင်းတိုက်သို့ သွားရောက်၍ ဆွမ်းဟင်းအထောက်အပံ့လှူဖွယ်ပစ္စည်းများ၊ အာလူး၊ ကြာဇံ၊ ငရုပ်သီးမှုန့်၊ ကြက်သွန်နီ၊ ကြက်ဥ၊ မုန့်များနှင့် နဝကမ္မဝတ္ထုငွေများ လှူဒါန်းခြင်း၊ ပိုလီယိုမသန်စွမ်းကလေးငယ် (၂)ဦးနှင့်

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

(၁.၈.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ  ဥက္ကဌ၊ ဒုဥက္ကဌ၊  ဗဟိုအလုပ်အမှုဆောင်များနှင့် အလှူရှင်မိသားစုတို့သည် ဥတ္တရသီရိမြို့နယ်၊ အ.မ.က (ချင်းရွာ) ကျောင်းသို့သွားရောက်၍ ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာမများနှင့်တွေ့ဆုံကာ ကျောင်း၏လိုအပ်ချက်များအားကြည့်ရှုပြီး အသင်းဥက္ကဌမိသားစုမှ ဝန်ထမ်းဆောင်ပြုပြင်နိုင်ရန်အတွက် အလှူငွေများလှူဒါန်းခြင်း၊ ဒုဥက္ကဌ (မိသားစု)မှ ကျောင်းရုံးခန်းတွင်လိုအပ်နေသော စတန်းပန်ကာ (၂)လုံး၊ ဆရာ/ဆရာမများအတွက် ကျောင်းဝတ်စုံများ၊ ဆန်၊ ကော်ဖီမစ်ထုပ်၊ ဆပ်ပြာခဲ၊ အလှူငွေများလှူဒါန်းခြင်း၊ ကျောင်းသား/သူ (၁၆၀)ဦးအတွက် ကျောင်းဝတ်စုံများ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ခဲဖျက်နှင့် ထီးများ လှူဒါန်းခြင်း၊ အလှူရှင်(မိသားစု)မှ သောက်ရေစင်အထိုင်ပြုလုပ်ရန်အတွက် အလှူငွေနှင့်