ပညာရေး

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၀.၁.၂၀၂၅ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အ.ထ.က တောင်ကလေးကျောင်းတွင် ကျင်းပပြုလုပ်သော ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားတွင် Grad-9 ကျောင်းသား/သူ (၉)ဦးအတွက် ဆု (၉)ဆု စုစုပေါင်းတန်ဖိုး(၁၈၀၀၀၀)ကျပ်အား ကရင်ပြည်နယ် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့တက်ရောက်၍  ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၁၃.၁.၂၀၂၅ ရက်နေ့တွင် ထားဝယ်မြို့၊ မြို့မယဉ်ငေးရိပ်သာရှိ ကိုရင်များနှင့်ဖိုးသူတော်လေးများအား တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း အဖွဲ့ဝင်များမှ အသုံးအဆောင်ပစ္စည်းများနှင့် ပုံဆွဲစာအုပ်များ၊လက်ရေးလှစာအုပ်များကိုလှူဒါန်းပေးခဲ့ပါသည်။ ထို့နောက် အသင်း အဖွဲ့ဝင်များသည် မြို့မယဉ်ငေးရိပ်သာဆရာတော်မှ ကူညီ‌စောင့်ရှောက် ပညာသင်ကြားပေးထားသော နေရပ်စွန့်ခွာ ကျောင်းသားများအနက်(၃၀)ဦးအတွက် အသုံးအဆောင်ပစ္စည်းများနှင့် ပုံဆွဲစာအုပ်များကိုလည်း သွားရောက်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းမှုတန်ဖိုးငွေ(၈၀၀၀၀)ကျပ်ဖြစ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၁.၁.၂၀၂၅ ရက်နေ့တွင် ထားဝယ်မြို့၊ အ.ထ.က(၈)ကျောင်း၏ ပညာရေးစုံညီပွဲတော်အခမ်းအနားသို့ တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များတက်ရောက်၍ အလှူငွေများလှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေမှာ (၃၀,၀၀၀)ကျပ်ဖြစ်ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၄.၁.၂၀၂၅ ရက်နေ့တွင် (၇၇)နှစ်​မြောက်လွတ်လပ်​ရေး​နေ့အထိမ်းအမှတ်အဖြစ် ငပု​တောမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှတည်​ထောင်ခွင့်ပြုမိန့်ရ ကိုယ်အားကိုယ်ကိုး မူလတန်းကြို​ကျောင်းတွင် ကျင်းပပြုလုပ်သည့် ရင်​သွေးငယ်‌လေးများ၏ အားကစားပြိုင်ပွဲတွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကစားစရာပစ္စည်းများဝေငှခြင်းနှင့် အာဟာရ​ကျွေး​မွေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ လှူဒါန်းမှုကုန်ကျငွေ (၁)သိန်းကျပ်ဖြစ်ပါသည်။

ဆုချီးမြှင့်ပေးအပ်ခြင်း

ဆုချီးမြှင့်ပေးအပ်ခြင်း

၃.၁.၂၀၂၅ ရက်နေ့တွင် ကရင်ပြည်နယ်ဘားအံမြို့နယ် အမက(ခွဲ) နောင်ယားဖေးကျောင်း ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ဆုရကျောင်းသား/ သူများအား ဆုချီးမြှင့်ရန်အတွက် အလှူငွေ(၁၅၀၀၀၀)ကျပ် ချီးမြှင့်ခဲ့ပါသည်။

ဆုချီးမြှင့်ပေးအပ်ခြင်း

ဆုချီးမြှင့်ပေးအပ်ခြင်း

၃.၁.၂၀၂၅ ရက်နေ့တွင် ပဲခူးမြို့ အခြေခံပညာကျောင်းများ၏ ပညာရေးစုံညီပွဲတော်များသို့ ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး ဆုများလည်းချီးမြှင့်ပေးခဲ့ပါသည်။ ထို့နောက်BBS ကိုယ်ပိုင်ကျောင်းတွင် ကျင်းပသော ပညာရေးစုံညီပွဲတော်တွင် စာအုပ်စာရေးကိရိယာနှင့် သင်ထောက်ကူ ပစ္စည်းများပေးအပ်ခဲ့ပြီး ငွေကျပ်(၃)သိန်းကို ဆုရကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ခဲ့ပါသည်။