ပညာရေး

ဘက်စုံ မူကြိုကျောင်း ပဒေသာကပွဲ သို့ တက်ရောက်အားပေး၍ ဆုတော်ငွေများချီးမြှင့်ခြင်း

ဘက်စုံ မူကြိုကျောင်း ပဒေသာကပွဲ သို့ တက်ရောက်အားပေး၍ ဆုတော်ငွေများချီးမြှင့်ခြင်း

(၁.၃.၂၀၂၀)ရက်နေ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မန္တလေးရပ်၌ ဖွင့်လှစ်ထားသော ဒေါ်ခင်ကြည် သားဖွားနှင့်ဆေးပေးခန်းတွင် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကျင်းပပြုလုပ်သော ဘက်စုံမူကြိုကျောင်း ပဒေသာကပွဲသို့ မွန်ပြည်နယ် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အဖွဲ့ဝင်များတက်ရောက်၍ အားပေးကာ ဆုတော်ငွေများ ချီးမြှင့်ပေးခဲ့ပါသည်။

Good Treatment Program (မေတ္တာကမ္ဘာပျို:ထောင်ရာ)နှင့် Leadership Development Program (ခေါင်းဆောင်မှုဆိုင်ရာ)သင်တန်း ဖွင့်လှစ်ခြင်း

Good Treatment Program (မေတ္တာကမ္ဘာပျို:ထောင်ရာ)နှင့် Leadership Development Program (ခေါင်းဆောင်မှုဆိုင်ရာ)သင်တန်း ဖွင့်လှစ်ခြင်း

နေပြည်တော်၊ ရုံးချုပ်၌ ဖေဖော်ဝါရီလ(၂၃)ရက် မှ ဖေဖော်ဝါရီလ(၂၄)ရက်နေ့ထိ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ Good Treatment Program (မေတ္တာကမ္ဘာပျိုးထောင်ရာ)နှင့် Leadership Development Program (ခေါင်းဆောင်မှု ဆိုင်ရာ)သင်တန်းအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့် CECများ၊ သင်ကြားပေးမည့် အဖွဲ့ဝင် ဆရာမများ၊ ပြည်နယ်/တိုင်း အသီးသီးမှ အဖွဲ့ဝင်(၃၄)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်း ဥက္ကဌ ဒေါက်တာဒေါ်ဝေဝေသာမှ

” မြန်မာ ကလေးများနေ့”ကို ကြိုဆိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောင်းသား/သူများအတွက် လိုအပ်သည်များထောက်ပံ့ခြင်း

” မြန်မာ ကလေးများနေ့”ကို ကြိုဆိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောင်းသား/သူများအတွက် လိုအပ်သည်များထောက်ပံ့ခြင်း

ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ကျရောက်မည့် ” မြန်မာ ကလေးများနေ့”ကို ကြိုဆိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောင်းသား/သူများအတွက် စာရေးကိရိယာ များ၊ မုန့်များပေးအပ်လှူဒါန်းကာ ယဉ်ကျေးလိမ္မာ၊ ပြည်သူ့နီတိ၊ မြန်မာကလေးများနေ့အကြောင်း သိကောင်းစရာများ၊ ကျောင်းကျန်းမာရေးနှင့်ဆိုင်သောအကြောင်းအရာများကို အသိပညာပေးဟော ပြောခြင်းနှင့် မေးခွန်းများမေးမြန်းကာ ဖြေဆိုနိုင်သူများအား ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ခဲချွန်စက်များ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ကျောင်းပညာရေးစုံညီပွဲတော် အခမ်းအနားတွင် ထူးချွန်ကျောင်းသား/သူများအား ဆုချီးမြှင့်နိုင်ရန်အတွက် အသင်းမှ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ခဲချွန်စက်၊ ကွန်ပါဘူးများကို ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများထံ ပေးအပ်လှူဒါန်း ခဲ့ပါသည်။ ဆက်လက်၍

ဆရာ၊ ဆရာမများအား လိုအပ်သည်များ သွားရောက်လှူဒါန်းခြင်း

ဆရာ၊ ဆရာမများအား လိုအပ်သည်များ သွားရောက်လှူဒါန်းခြင်း

(၁၄.၁.၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF) အသင်းမှ ဒုဥက္ကဋ္ဌနှင့် CECများသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ချင်းရွာ အ.မ.က(၃)ကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများ အတွက် ရှပ်အကျႌ၊ ပါတိတ်လုံချည် နှင့် ကျောင်းသား/သူများ အတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ဘီစကစ်မုန့်၊ ကြာဇံကြော်များ ပေးအပ် လှူဒါန်းခဲ့ပါသည်။

ဆိုလာပစ္စည်းများပေးအပ်လှူဒါန်းခြင်း

(၁၁၊ ၁၊ ၂၀၂၀)ရက်နေ မကွေးမြို့မြို့နယ် ပညာရေးမှူး ရုံးတွင် MWCDFအသင်း၏ ကူညီပံ့ပိုးမှုဖြင့် ဟောင်ကောင် အခြေစိုက် Sowers Action အဖွဲ့ မှ အခြေခံပညာ ကျောင်းများအတွက် Projector လှူဒါန်းခြင်းအား မကွေးတိုင်း MWCDF အသင်း အလုပ်အမှုဆောင်များမှ ပူးပေါင်း ပါဝင်ခဲ့ပါသည်။

“၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ တက်ရောက်ခြင်း

“၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ တက်ရောက်ခြင်း

(၁၁.၁၂.၂၀၁၉)နေ့တွင် ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(၁၂)ကျောင်း၏ “၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ” အခမ်းအနားသို့ အသင်းမှ အတွင်းရေးမှူးနှင့် CEC တို့ တက်ရောက်ခဲ့ပြီး ပညာရေးတွင် ထူးချွန်ပြီး ဆုရရှိသော ကျောင်းသား/ သူများအား ဆုချီးမြှင့်ခဲ့၍ ကျောင်းသား/သူများမှ သီချင်းများ၊ အကများအား ကြည့်ရှု၍ အသင်းမှ ပါဝင်လှူဒါန်းဆောက်လုပ်ခဲ့သော ကျောင်းမုန့်စားစျေး တန်းအား လှည့်လည် ကြည့်ရှုခဲ့ပါသည်။