ပညာရေး

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

(၁၃.၆.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်းမှ ဇူလိုင် (၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကိုဂုဏ်ပြုသောအားဖြင့် အေးသာယာမြို့နယ်အတွင်းရှိ မုံတဝအခြေခံမူလတန်းကျောင်းသို့ သွားရောက်၍ စာအုပ်များနှင့် စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

(၁၂.၆.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက်တွင် ပညာသင်ကြားနေသည့် ကိုရင်အပါး (၁၀၀)ကျော်အတွက်လိုအပ်နေသော သင်ကြားမှုအထောက်အကူပြု ပြဌာန်းစာအုပ်များဝယ်ယူနိုင်ရန် အလှူငွေ သွားရောက်လှူဒါန်းခဲ့ပါသည်။

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

(၉.၆.၂၀၂၄)ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းမှ အဖွဲ့ဝင်များသည် နေရပ်စွန့်ခွါတိမ်းရှောင်နေရသောမိသားစုများ၏ကလေးများကို KG, Grade 1 to 5 အထိပညာဆက်လက်သင်ကြားနိုင်ရေးအထောက်အပံ့အဖြစ် ကျောပိုးအိတ်၊ ကွန်ပါဘူး၊ စတီးချိုင့်၊ ရေဘူး၊ ဆွဲခြင်း၊ လေးကြောင်းမျဉ်းစာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ကလေးငယ် (၃၅)ဦးအတွက် ထောက်ပံ့ကူညီလှူဒါန်းခဲ့ပါသည်။

ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား

ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား

(၂၄.၅.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌသည် ပဲခူးမြို့၊ BBS ကိုယ်ပိုင်အလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို တက်ရောက်ပြီး ဆုများချီးမြှင့်ခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနား

သင်တန်းဆင်းပွဲအခမ်းအနား

(၂၄.၅.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှကြီးမှူးဖွင့်လှစ်သော သတ္တမအကြိမ်မြောက် နွေရာသီအင်္ဂလိပ်စာ (4 Skills) Elementary Level သင်တန်းဆင်းပွဲအခမ်းအနားကို အသင်းရုံး၌ကျင်းပပြုလုပ်ရာ အသင်းမှ ဒုဥက္ကဌများ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ သင်တန်းနည်းပြဆရာ/ဆရာမနှင့် အ.ထ.က (၁၂) ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ကြပြီး အသင်းဒုဥက္ကဌ ဒေါ်စုညွန့်ဦးမှ  သင်တန်းဆင်းအမှာစကားပြောကြားခြင်း၊ သင်တန်းနည်းပြဆရာ ဦးမင်းစိုးသူရမှ အမှာစကားပြောကြားခြင်း၊ သင်တန်းတက်ရောက်ခြင်းနှင့်ပတ်သက်၍ ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ ကျောင်းသား/သူများအား သင်တန်းဆင်လက်မှတ်ပေးအပ်ခြင်း၊ သင်တန်းဆရာ/ဆရာမတို့ကို ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခြင်းနှင့် အမှတ်တရမှတ်တမ်းဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၃.၅.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌသည် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီး၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနကကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနားကို တက်ရောက်ခဲ့ပါသည်။