ပညာရေး

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အလုပ် အမှုဆောင်များသည် ၁၂.၁၁.၂၀၂၅ ရက်နေ့တွင် တိုင်းတပ်တွင်းမူလတန်းကြိုကျောင်းသို့သွားရောက်၍ မူကြိုကလေး ကျား ၁၁ ဦး၊ မ ၆ ဦးတို့အား ကစားစရာပစ္စည်းရုပ်စုံပုံးများ၊ ပေါင်မုန့်နှင့် အိုဗာတင်းတို့ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်အေးအေးသင်းနှင့် အဖွဲ့ဝင် ၃ ဦးတို့သည် ၂၄.၁၀.၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ အမျိုးသမီးရေးရာ (တွဲဖက်)သီလရှင်သင်မူလတန်းကျောင်းသို့ သွားရောက်၍ KG တန်းနှင့် G-5 တန်း အထိ ဆရာလေးများနှင့် ပြင်ပကျောင်းသား/သူ ၄၀ ဦးအတွက် စာရေးကိရိယာများ၊ မုန့်နှင့် တံမြက်စည်းများလှူဒါန်းခဲ့ပြီး အလှူရှင်တစ်ဦးမှလည်း ကျောင်းသားတစ်ဦးလျှင် ၁,၀၀၀/-ကျပ်နှုန်းစီပေးဝေလှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ ၃၅၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူး ဒေါ်နန်းခမ်းယဉ်၊ အမှုဆောင် ဒေါ်ယဉ်ကြည် ၊ ဒေါ်နန်းဝင်းဟန် နှင့် အလုပ်အမှုဆောင်များသည် ၂၃.၁၀.၂၀၂၅ ရက်နေ့တွင် လားရှိုးမြို့၊ ရပ်ကွက် (၁၂) အတွင်းရှိ မူလတန်းအရွယ် ကျောင်းသား ကျောင်းသူများအား အိမ်တိုင်းရာရောက်ကွင်းဆင်း၍ မြန်မာနိုငိငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(ဗဟို)မှပို့ပေးသော ကျောင်းသုံးဗလာစာအုပ်များနှင့် အသင်းလက်ကမ်းစာစောင်များကိုသွားရောက် ဝေငှပေးအပ်ရင်း အားပေးစကားပြောကြားခဲ့ကြပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အလုပ်အမှုဆောင်များသည် ၂၂.၁၀.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အားကာခန်းမ၌ကျင်းပပြုလုပ်သော ၂၀၂၅-၂၀၂၆ ခု၊ ဘဏ္ဍာရေးနှစ်အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ကချင်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေး အပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ တွဲဖက်အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များသည် ၂၁.၁၀.၂၀၂၅ ရက်နေ့တွင် မူကြိုကျောင်း ၃ ကျောင်းရှိ မူကြိုကလေးငယ်များ ၅၂ ဦးအတွက် ဗဟိုရုံချုပ်မှထောက်ပံ့ထားသော ကလေးကစားစရာပစ္စည်အစုံပါဗူးများအား တာဝန်ကျမူကြိုဆရာမများထံ ပေးအပ်လှူဒါန်းပြီး ကလေးငယ်များအတွက် အာဟာရဒါနကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ၂၁.၁၀.၂၀၂၅ ရက်နေ့တွင် ပုဗ္ဗသီရိမြို့၊ မင်္ဂလာသီရိပတ္တာကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်ထံ ဝတ္ထုငွေ၊ သင်္ကန်း၊ ဘုရားပုံတော်များ၊ တရားစာအုပ်များ၊ လမ်းဆုံလမ်းခွလူ့ဘဝကဒ်ပြားများနှင့် လှူဖွယ်စုံခြင်း၊ ဗလာစာအုပ်၊ ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်နီ/ဖြူ)၊ ကုလားပဲ၊ ကြာဇံ၊ ဆား စသည်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ စုစုပေါင်းလှူဒါန်းမှု တန်ဖိုးငွေ ၁,၇၀၀,၀၀၀/-ကျပ် ဖြစ်ပါသည်။