ပညာရေး

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ၂၁.၁၀.၂၀၂၅ ရက်နေ့တွင် ပုဗ္ဗသီရိမြို့၊ မင်္ဂလာသီရိပတ္တာကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်ထံ ဝတ္ထုငွေ၊ သင်္ကန်း၊ ဘုရားပုံတော်များ၊ တရားစာအုပ်များ၊ လမ်းဆုံလမ်းခွလူ့ဘဝကဒ်ပြားများနှင့် လှူဖွယ်စုံခြင်း၊ ဗလာစာအုပ်၊ ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်နီ/ဖြူ)၊ ကုလားပဲ၊ ကြာဇံ၊ ဆား စသည်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ စုစုပေါင်းလှူဒါန်းမှု တန်ဖိုးငွေ ၁,၇၀၀,၀၀၀/-ကျပ် ဖြစ်ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ၂၁.၁၀.၂၀၂၅ ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ်၊ ပြင်ကြီးသာသနဝေပုလ္လသီလရှင်စာသင်တိုက်သို့သွားရောက်၍ ကျောင်းထိုင်သီလရှင်ဆရာကြီး/ ဆရာလေးတို့ထံ ဝတ္ထုငွေ၊ ဘုရားပုံတော်များ၊ တရားစာအုပ်များ၊ လမ်းဆုံလမ်းခွလူ့ဘဝကဒ်ပြားများနှင့် လှူဖွယ်စုံခြင်း၊ ဗလာစာအုပ်၊ ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်(နီ/ဖြူ)၊ ကုလားပဲ၊ ကြာဇံ၊ ဆား စသည်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ စုစုပေါင်းလှူဒါန်းမှုတန်ဖိုးငွေ ၁,၆၅၀,၀၀၀/-ကျပ် ဖြစ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်မော်မော်ထွန်း သည် ၁၄.၁၀.၂၀၂၅ ရက်နေ့တွင် The Hotel Amara ခန်းမတွင်ကျင်းပပြုလုပ်သော ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်း၊ လုပ်ငန်းစဉ်များနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခြင်းအခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၁၃.၁၀.၂၀၂၅ ရက်နေ့တွင် ချင်းပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ဗေသလဘိုးဘွားရိပ်သာ၊ သုခိတာသီလရှင်စာသင်တိုက်၊ နိုမန်းပန်းဥယျာဉ်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ လာခိုမိဘမဲ့ဂေဟာ၊ ကျိမ်နွမ်နေ့မူကြိုကျောင်းများသို့သွားရောက်၍ ထောက်ပံ့ငွေ ၃၀၀,၀၀၀/-ကျပ်၊ ဗလာစာအုပ်၊ မားမားချဉ်စပ်၊ ကုလားပဲ၊ ကြက်ဥ စသည့်ပစ္စည်းတန်းဖိုးသင့်ငွေ ၂၃၀,၀၀၀/-ကျပ်ဖြစ်ပါသည်။ စုစုပေါင်းလှူဒါန်းငွေ ၅၃၀,၀၀၀/-ကျပ် ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

သင်တန်းတက်ရောက်ခြင်း

သင်တန်းတက်ရောက်ခြင်း

၃.၁၀.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်စီ နှင့် အဖွဲ့ဝင် ၂ ဦးသည် မကွေးပညာရေးကောလိပ် ပညာ့ဗိမာန်ခန်းမတွင် ကျင်းပပြုလုပ်သော  ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်သင်ပညာဦးစီးဌာန မကွေးပညာရေးဒီဂရီကောလိပ်တွင်ဖွင့်လှစ်သော ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip.EP)  အမှတ်စဉ် ၂  သင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၈.၉.၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်အေးအေးသင်းနှင့် အသင်းဝင် ၂ ဦးတို့သည် စက်တင်ဘာလလှူဒါန်းမှုအဖြစ် ရွှေကျင်တိုက်မကြီးကျောင်းတွင် ဆရာတော်ကြီး၏ စောင့်ရှောက်မှုဖြင့်ရောက်ရှိနေကြသော မတ္တရာမြို့နယ်၊ မိုးကြိုး(အ.ထ.က)မှ တိုက်ပွဲရှောင် ကျောင်းသား‌/သူ ၁၁၂ ဦးအတွက် စာရေးကိရိယာများနှင့် ဆီချက်ခေါက်ဆွဲထုတ်များ လှူဒါန်းပေးခဲ့ပါသည်။ ထို့နောက် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား ၅ ဦးကိုလည်း ဆုငွေနှင့် စာရေးကိရိယာများချီးမြှင့်ခဲ့ပါသည်။ လှူဒါန်းငွေစုစုပေါင်း ၃၁၃,၀၀၀/-ကျပ်ဖြစ်ပါသည်။