သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း

(၁၉.၅.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံ ကွန်ပျူတာသင်တန်းအမှတ်စဉ် (၂)သင်တန်းဆင်းပွဲနှင့် ကျောင်းစာကြည့်တိုက်များသို့ စာအုပ်များပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အ.ထ.က (၁၂)ကျောင်း၌ ကျင်းပပြုလုပ်ရာ အသင်းမှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ သူများ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာနန္ဒာမွှန်းမှ အမှာစကားပြောကြားပြီး သင်တန်းသား/သူများကို သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း၊ သင်တန်းဆင်းဆရာမကို ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း၊ သင်တန်းသားတစ်ဦးမှ သင်တန်းတက်ရသည့်အကျိုးကျေးဇူးနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခြင်း၊













