ပညာရေး

သင်တန်းဖွင့်ပွဲကျင်းပခြင်း

သင်တန်းဖွင့်ပွဲကျင်းပခြင်း

(၃၀.၃.၂၀၂၄)ရက်နေ့တွင် ဥတ္တရသီရိမြို့၊ အမှတ် (၁၂) အခြေပညာအထက်တန်းကျောင်းတွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ကြီးမှူးကျင်းပသော ကျောင်းအခြေပြု နွေရာသီကွန်ပျူတာသင်တန်းအမှတ် (၂)ဖွင့်ပွဲအခမ်းအနားကို MWCDF အသင်းမှ ဗဟိုအလုပ်အမှုဆောင်များ၊ သင်တန်းနည်းပြဆရာမနှင့် အ.ထ.က (၁၂)ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်သား/သူများတက်ရောက်ကြပြီး အခမ်းအနားတွင် MWCDF အသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာနန္ဒာမွှန်းမှ အမှာစကားပြောကြားခြင်း၊ သင်တန်းနည်းပြဆရာမမှ အမှာစကားပြောကြားခြင်း၊ အသင်းဗဟိုအလုပ်အမှုဆောင်မှ သင်တန်းနည်းပြဆရာမအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်း၊ ကျောင်းသား/သူများနှင့် အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းများဆောင်ရွက်ပြီး သင်တန်း ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၀.၃.၂၀၂၄)ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MW CDF)အသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် မော်လမြိုင်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာနတွင် ကျင်းပပြုလုပ်သည့် အမှတ် (၃)မူလတန်းကြိုကျောင်း၏ ရင်သွေးငယ်များကျောင်းဆင်းဂုဏ်ပြု လက်မှတ်ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနား

သင်တန်းဖွင့်ပွဲအခမ်းအနား

(၁၄.၃.၂၀၂၄)ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး(MWCDF)အသင်းရုံးချုပ်၌ ကျင်းပပြုလုပ်သော သတ္တမအကြိမ်မြောက် နွေရာသီ အင်္ဂလိပ်စာ (4 Skills) Elementary Level သင်တန်းဖွင့်ပွဲ အခမ်းအနားကို MWCDF အသင်းမှ ဒုတိယဥက္ကဌနှင့် အလုပ်အမှုဆောင်များ၊ သင်တန်းနည်ပြဆရာ၊ မြို့နယ်ပညာရေးမှူးနှင့် အ.ထ.က (၁၂) ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် MWCDF အသင်း ဒုတိယဥက္ကဌ ဒေါ်သူဇာဝေမှ အဖွင့်အမှာစကားပြောကြားခြင်း၊ သင်တန်းနည်းပြဆရာ ဦးမင်းစိုးသူရမှ အမှာစကားပြောကြားခြင်း၊ အမှတ်တရ မှတ်တမ်းဓါတ်ပုံများရိုက်ကူးပြီး သင်တန်းဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၀.၃.၂၀၂၄)ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် မော်လမြိုင်မြို့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဘက်စုံမူကြိုကျောင်း၏ (၂၀၂၃-၂၀၂၄)ခုနှစ် ပညာသင်နှစ်ကျောင်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားတက်ရောက်ခြင်း

မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၁၃.၂.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြစ်ကြီးနားမြို့၊ အမှတ် (၁)မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်လှုပ်ရှားမှုအခမ်းအနားသို့တက်ရောက်ပြီး အကများဖြင့် ဖျော်ဖြေတင်ဆက်ပေးပါသော မူကြိုကလေးငယ်အဖွဲ့ (၄)ဖွဲ့အား ဆုများချီးမြှင့်ခဲ့ပြီး ကျောင်းရှိ ကလေးဦးရေ (၄၀၀)ဦးအား အာဟာရကြက်ပေါင်းခေါက်ဆွဲ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

မြောက်ဦးဆရာတော်အား ဝတ္ထုငွေနှင့် အုန်းချောကျေးရွာ ဆောက်လုပ်ဆဲစွမ်းအားသစ်သီလရှင်စာသင်တိုက်အတွက် လှူဒါန်းခြင်း

မြောက်ဦးဆရာတော်အား ဝတ္ထုငွေနှင့် အုန်းချောကျေးရွာ ဆောက်လုပ်ဆဲစွမ်းအားသစ်သီလရှင်စာသင်တိုက်အတွက် လှူဒါန်းခြင်း

(၁၀.၂.၂၀၂၄) ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပုသိမ်ကြီးမြို့နယ်၊ မြောက်ဦးဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ, အဂ္ဂမဟာကမ္မဌာနာစရိယ အရှင်ဝါယာမိန္ဒအားသွားရောက်ဖူးမျှော်၍ နဝကမ္မဝတ္ထုငွေလှူဒါန်းခဲ့ပြီး အုန်းချောကျေးရွာရှိဆောက်လုပ်ဆဲ စွမ်းအားသစ်သီလရှင်စာသင်တိုက်အတွက် အလှူငွေနှင့် စားသောက်စရာများ၊ အသုံးဆောင်ပစ္စည်းများ၊ အသင်းဗလာစာအုပ်များ၊ ပြက္ခဒိန်တို့ကို သွားရောက်လှူဒါန်းခဲ့ပါသည်။