ပညာရေး

မူကြိုကလေးများအတွက် ကစားစရာပုံးများနှင့် စာရေးကိရိယာများ လှူဒါန်းခြင်း

မူကြိုကလေးများအတွက် ကစားစရာပုံးများနှင့် စာရေးကိရိယာများ လှူဒါန်းခြင်း

(၂၃.၁.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့နယ်၊ သူတော်ကုန်းကျေးရွာနှင့် လှည်းကျော်ကုန်းကျေးရွာများရှိ မူကြိုကလေးများအား (MWCDF)အသင်းရုံးချုပ်မှပေးပို့သော အသုံးဆောင်ပစ္စည်းကစားစရာများနှင့် တိုင်း EC အဖွဲ့ဝင်များမှလှူဒါန်းထားသော ကစားစရာများ၊ ဆေးရောင်ချယ်စာအုပ်နှင့် ရောင်စုံခဲတံများလှူဒါန်းပြီး အာဟာရဒါနအဖြစ် ကြက်သားဆန်ပြုတ်နှင့် ကြာဇံကြော်များကျွေးမွေးလှူဒါန်းခဲ့ကြပါသည်။

ရတနာစံပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ရတနာစံပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၂၃.၁.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် CECများသည် ဇေယျာသီရိမြို့၊ ရတနာစံပရိယတ္တိ စာသင်တိုက်သို့ သွားရောက်၍ ဆရာတော်နှင့် ကျောင်းရှိ ရဟန်းသံဃာများအတွက် ဝတ္ထုငွေနှင့် လှူဖွယ်ခြင်း၊ ဆေးဝါးများ၊ စားသောက်ကုန်များ၊ စာရေးကိရိယာများ၊ Mask ဘူးများ၊ အသင်းပြက္ခဒိန်တို့အား လှူဒါန်းခဲ့ပါသည်။ 

မင်္ဂလာသီရိပတ္တာ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

မင်္ဂလာသီရိပတ္တာ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၃.၁.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF) အသင်းမှ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် CEC များသည် ပုဗ္ဗသီရိမြို့၊ မင်္ဂလာသီရိ ပတ္တာ(ဘ.က)ကျောင်းသို့ သွားရောက်၍ ဆရာတော်နှင့် ကျောင်းရှိရဟန်းသံဃာများအတွက် ဝတ္ထုငွေနှင့် လှူဘွယ်ခြင်း၊ ဆေးဝါးများ၊ စားသောက်ကုန်များ၊ စာရေးကိရိယာများ၊ Mask ဘူးများ၊ အသင်းပြက္ခဒိန်တို့အား လှူဒါန်းခဲ့ပါသည်။ 

စစ်ဘေးရှောင် ကျောင်းသူ/သားများအတွက် စာရေးကိရိယာများ သွားရောက်လှူဒါန်းခြင်း

စစ်ဘေးရှောင် ကျောင်းသူ/သားများအတွက် စာရေးကိရိယာများ သွားရောက်လှူဒါန်းခြင်း

(၁၁.၁၂.၂၀၂၃)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၇)ဦး တို့သည် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ညောင်ရွှေမြို့နယ်၊ အင်းလေး‌ဒေသ အ.ထ.က သလဲဦးတွင် လာရောက်ပညာသင်ကြားလျှက်ရှိသော ကယားပြည်နယ်မှ စစ်ဘေးရှောင် ကျောင်းသား/သူများအတွက် အသင်းဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များ သွားရောက်လှူဒါန်းခဲ့ပါသည်။

အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်း

အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်း

(၈.၁၂.၂၀၂၃)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အ.ထ.က (၅)တွင် MWCDF အသင်း ဥက္ကဌနှင့် တွဲဘက်အတွင်းရေးမှူးတို့မှ ကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှုဟောပြောပွဲနှင့် သက်ငယ်မုဒိမ်းပပျောက်ရေး အားလုံးကြိုးပမ်းဆောင်ရွက်ပေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

မူကြိုကျောင်းသို့ သွားရောက်ကျွေးမွေးလှူဒါန်းခြင်း

မူကြိုကျောင်းသို့ သွားရောက်ကျွေးမွေးလှူဒါန်းခြင်း

(၇.၁၂.၂၀၂၃)ရက်နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် တိုင်းမှဖွင့်လှစ်ထားသော မူကြိုကျောင်းသို့သွားရောက်၍ မူကြိုကလေး (၂၃)ဦးအား ကစားစရာဗူးများနှင့် နေ့လည်စာအာဟာရအတွက် နို့အေးနှင့် ပေါင်မုန့်များ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။