ပညာရေး

ရွှေကြာပျိုးခင်း အမှတ်(၁)ဘ/က အလယ်တန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ရွှေကြာပျိုးခင်း အမှတ်(၁)ဘ/က အလယ်တန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၉.၉.၂၀၂၃)ရက်နေ့တွင် MWCDF အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် CEC အဖွဲ့ဝင်များ၊ နေပြည်တော်တိုင်း MWCDF အသင်း အဖွဲ့ဝင်များသည် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရွှေကျရွာ၊ ရွှေကြာပျိုးခင်း အမှတ်(၁) ဘ/က အလယ်တန်းကျောင်းသို့ သွားရောက်၍ သံဃာတော်များအား ဝါဆိုသင်္ကန်း၊ ဝတ္ထုငွေ၊ လှူဖွယ်များ ကပ်လှူခြင်းနှင့် ကျောင်းရှိ ရဟန်း၊ သာမဏေ၊ ဆရာ/မများ၊ ကျောင်းသား/သူများအတွက် စာရေးကိရိယာ၊ စားသောက်ကုန်၊ ဆေးဝါးနှင့် ကျောင်းဝတ်စုံများ လှူဒါန်းခဲ့ပါသည်။

ရတနာဥယျာဉ် မူလတန်းကြိုကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ရတနာဥယျာဉ် မူလတန်းကြိုကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၀.၉.၂၀၂၃)ရက်နေ့တွင် မွန်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ရှိ ကိုယ့်အားကိုယ်ကိုး ရတနာဥယျာဉ်မူလတန်းကြိုကျောင်းသို့ သွားရောက်၍ ကလေးအသုံးအဆောင်ပစ္စည်းများ၊ ကလေးကစားစရာပစ္စည်းများ ပေးအပ်လှူဒါန်းပြီး အာဟာရအဖြစ် ကြက်သားဆန်ပြုတ် တိုက်ကျွေးခဲ့ပါသည်။

အမျိုးသမီးသက်မွေးပညာသင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

အမျိုးသမီးသက်မွေးပညာသင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၃.၉.၂၀၂၃)ရက်နေ့တွင် မန္တလေးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် မန္တလေးမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ အမျိုးသမီးသက်မွေးပညာသင်ကျောင်းသို့ သွားရောက်၍ အဝတ်သေတ္တာပုံးများလှူဒါန်းခြင်း၊ ရခိုင်မုန့်တီနှင့် ကြက်ဥများ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ကျောင်းသား/သူကလေးများအား အာဟာရနှင့် ကစားစရာအရုပ်များ လှူဒါန်းခြင်း

ကျောင်းသား/သူကလေးများအား အာဟာရနှင့် ကစားစရာအရုပ်များ လှူဒါန်းခြင်း

(၁.၉.၂၀၂၃)ရက်နေ့တွင် မကွေးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အထိမ်းအမှတ်အဖြစ် ချောင်းဖြူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းနှင့် ညောင်ပင်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲရှိ မူကြိုနှင့် KG တန်းမှ ကျောင်းသား/သူ ကလေးများအား ကြက်သားအာဟာရဆန်ပြုတ်နှင့် ပဲနို့များ တိုက်ကျွေးပြီး ကလေးကစားစရာအရုပ်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ဂုဏ်ပြုချီးမြှင့်ခြင်း

ဂုဏ်ပြုချီးမြှင့်ခြင်း

(၂၇.၈.၂၀၂၃)ရက်နေ့တွင် တနင်္သာရီတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့၊ ရမ္မဇူကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားတွင် (၄)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသူအား (၅၀၀၀၀)ကျပ် ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။

ကလေးပြုစုရေးဌာနသို့ သွားရောက်လှူဒါန်းခြင်း

ကလေးပြုစုရေးဌာနသို့ သွားရောက်လှူဒါန်းခြင်း

(၁၂.၈.၂၀၂၃)နေ့တွင် မန္တလေးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မန္တလေးမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော ကလေးပြုစုရေးဌာနသို့ သွားရောက်၍ ကလေးများအတွက် ကလေးကစားစရာပစ္စည်းများ၊ ဗလာစာအုပ်၊ ပဲနို့နှင့် မုန့်များ ပေးဝေလှူဒါန်းပေးခဲ့ပါသည်။