ပညာရေး

အ.ထ.က(၁၂) ဥတ္တရသီရိကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

အ.ထ.က(၁၂) ဥတ္တရသီရိကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၃.၈.၂၀၂၃)နေ့တွင် MWCDF အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် CEC တို့သည် နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်၊ အ.ထ.က(၁၂)ကျောင်းရှိ ဆရာ/မများအတွက် စားသောက်ကုန်များ၊ တိုက်ပွဲရှောင်ဒေသများမှ ရောက်ရှိလာ၍ ကျောင်းတက်နေသော ကျောင်းသား/သူ(၂၆)ဦးအတွက် စာရေးကိရိယာ၊ ကျောင်းဝတ်စုံ၊ မိုးကာအင်္ကျီနှင့် စားသောက်ကုန်များ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့ပါသည်။

အ.မ.က(၃)ချင်းရွာ ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

အ.မ.က(၃)ချင်းရွာ ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၃.၈.၂၀၂၃)နေ့တွင် MWCDF အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် CEC တို့သည် နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်၊ အ.မ.က(၃)ချင်းရွာကျောင်းရှိ ဆရာ/မ(၈)ဦးအတွက် စားသောက်ကုန်နှင့် ကျောင်းဝတ်စုံများ လည်းကောင်း၊ ကျောင်းသား/သူ(၁၅၅)ဦးအတွက် စာရေးကိရိယာ၊ ကျောင်းဝတ်စုံနှင့် မိုးကာအင်္ကျီများ လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပါသည်။

သီတာရုံသီလရှင်ပညာသင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

သီတာရုံသီလရှင်ပညာသင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၃.၇.၂၀၂၃)နေ့တွင် မကွေးတိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များ စုပေါင်း၍ မကွေးမြို့၊ သီတာရုံ သီလရှင်ပညာသင်ကျောင်းသို့ သွားရောက်၍ ကျောင်းရှိ သီလရှင်များ၊ ကျောင်းသား/သူများနှင့် တိုက်ပွဲရှောင်ကျောင်းသား/သူများအတွက် အခြေခံစားသောက်ကုန်များနှင့် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်လှူဒါန်းခဲ့ပါသည်။

နေ့ကလေးထိန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

နေ့ကလေးထိန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၁.၇.၂၀၂၃)နေ့တွင် ဧရာဝတီတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ တိုင်းလူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော နေ့ကလေးထိန်းကျောင်းသို့ သွားရောက်၍ ကလေးများအား အာဟာရပဲနို့နှင့် ပဲကိတ်များ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ကျောက်မော်ရပ် အ.မ.က ကျောင်းသို့ သွားရောက်လှူဒါန်းခြင်းနှင့် ဟောပြောခြင်း

ကျောက်မော်ရပ် အ.မ.က ကျောင်းသို့ သွားရောက်လှူဒါန်းခြင်းနှင့် ဟောပြောခြင်း

(၂၀.၇.၂၀၂၃)နေ့တွင် တနင်္သာရီတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့၊ ကျောက်မော်ရပ်, အ.မ.က ကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူများနှင့် ဆရာ/မများအတွက် ကျောင်းသုံးစာရေးကိရိယာနှင့်မုန့်များ ပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းသား/သူများအား စည်းကမ်းရှိသော ပညာထူးချွန် ကျောင်းသား/သူများဖြစ်ရေး ဆွေးနွေးဟောပြောခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးခြင်း

တွေ့ဆုံဆွေးနွေးခြင်း

(၂၀.၇.၂၀၂၃)နေ့တွင် မကွေးတိုင်း၊ မကွေးမြို့၊ အ.ထ.က ဖိုလေးလုံး စက်ရေတွင်း ရေပြန်ထွက်ရှိရန် အတွက် မကွေးတိုင်း MWCDF ဥက္ကဌနှင့် အဖွဲ့ဝင်တို့သည် ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ မိဘများနှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။