တွေ့ဆုံဆွေးနွေးခြင်း

(၂၀.၇.၂၀၂၃)နေ့တွင် မကွေးတိုင်း၊ မကွေးမြို့၊ အ.ထ.က ဖိုလေးလုံး စက်ရေတွင်း ရေပြန်ထွက်ရှိရန် အတွက် မကွေးတိုင်း MWCDF ဥက္ကဌနှင့် အဖွဲ့ဝင်တို့သည် ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ မိဘများနှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
Myanmar Women and Children Development Foundation

(၂၀.၇.၂၀၂၃)နေ့တွင် မကွေးတိုင်း၊ မကွေးမြို့၊ အ.ထ.က ဖိုလေးလုံး စက်ရေတွင်း ရေပြန်ထွက်ရှိရန် အတွက် မကွေးတိုင်း MWCDF ဥက္ကဌနှင့် အဖွဲ့ဝင်တို့သည် ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ မိဘများနှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

(၇.၇.၂၀၂၃)နေ့တွင် ဧရာဝတီတိုင်း MWCDF အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့်အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ အမှတ်(၂၀၇)အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ကျောင်းသုံးစာရေးကိရိယာများ လှူဒါန်းခဲ့ပါသည်။

(၇.၇.၂၀၂၃)နေ့တွင် ဧရာဝတီတိုင်း MWCDF အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အဖွဲ့ဝင်များသည် ငပုတောမြို့နယ်၊ ဘုံကျော်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သွားရောက်၍ အလှူငွေ၊ စာရေးကိရိယာနှင့် မုန့်များ လှူဒါန်းခဲ့ပါသည်။

(၁.၇.၂၀၂၃)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့၊ အ.ထ.က(၁၀) ကျောင်း မူလတန်းရှိ KG, Great – 1 တွင် ပညာသင်ကြားနေသော ကျောင်းသား/သူများအတွက် ကျောင်းသုံးစာရေးကိရိယာများ သွားရောက်လှူဒါန်းခဲ့ပါသည်။

(၆.၇.၂၀၂၃)ရက်နေ့တွင် ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အ.ထ.က ရွှေစက်တွင် ကျင်းပပြုလုပ်သည့် “လူငယ်ရေးရာ အသိပညာပေးစာပေဟောပြောပွဲ” သို့ တက်ရောက်ခဲ့ပြီး တန်ဖိုးငွေ-(၃)သိန်းကျပ်ရှိ ဗဟုသုတစာအုပ်စာပေများကို လှူဒါန်းပေးခဲ့ပါသည်။

(၄.၇.၂၀၂၃)ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနက ဥတ္တရခရိုင်၊ အခြေခံပညာဦးစီးဌာန အ.ထ.က(၁၂)ကျောင်းစာကြည့်တိုက်သို့ စာအုပ်စာစောင်များ လှူဒါန်းခြင်းအခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဒုဥက္ကဌ(၂)ဦး၊ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များနှင့် တိုင်းအဖွဲ့ဝင်များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ကြပါသည်။ အခမ်းအနားတွင်- ပညာရေးနှင့်ပတ်သက်သည့် Video Clip ပြသခြင်း၊ မိုခါမုန်တိုင်းနှင့်ပတ်သက်သည့် မှတ်တမ်း Video Clip ပြသခြင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဒုတိယဥက္ကဌက