ပညာရေး

သက်စမ်းရေမိဘမဲ့ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

သက်စမ်းရေမိဘမဲ့ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၆.၁၁.၂၀၂၂)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များသည် လားရှိုးမြို့၊ သက်စမ်းရေ မျက်မမြင်ဆရာ ဦးစီးဖွင့်လှစ်သော မိဘမဲ့ကျောင်းသို့ သွားရောက်၍ မိဘမဲ့ကလေးများအတွက် အလှူငွေ၊ စားသောက်ကုန်နှင့် စာရေးကိရိယာများ လှူဒါန်းခဲ့ပါသည်။

ဥတ္တရသီရိ အ.ထ.က(၁၂)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ဥတ္တရသီရိ အ.ထ.က(၁၂)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၃၀.၉.၂၀၂၂)နေ့တွင် MWCDF အတွင်းရေးမှူးနှင့် CEC အဖွဲ့ဝင်များသည် နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်၊ အ.ထ.က(၁၂)ကျောင်းသို့ သွားရောက်၍ ကျောင်းရှိ ဆရာ/မများနှင့် ကျောင်းသား/သူများအတွက် စားသောက်ကုန်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းခဲ့ပါသည်။

သီရိမဏ္ဍိုင်ကျောင်းတိုက်နှင့် သုခဝတီ သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

သီရိမဏ္ဍိုင်ကျောင်းတိုက်နှင့် သုခဝတီ သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၁၂.၉.၂၀၂၂)နေ့တွင် ကရင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ဘားအံမြို့၊ သီရိမဏ္ဍိုင်ကျောင်းတိုက်နှင့် သုခဝတီသီလရှင်စာသင်တိုက်သို့ အခြေခံစားသောက်ကုန်နှင့် စာရေးကိရိယာများ သွားရောက်လှူဒါန်းခဲ့ပါသည်။

မြို့ပေါ်ရှိ(ဘ.က)ကျောင်းနှင့် သီလရှင်ကျောင်းများသို့ သွားရောက်လှူဒါန်းခြင်း

မြို့ပေါ်ရှိ(ဘ.က)ကျောင်းနှင့် သီလရှင်ကျောင်းများသို့ သွားရောက်လှူဒါန်းခြင်း

(၄.၉.၂၀၂၂)နေ့တွင် မကွေးတိုင်း MWCDF အသင်းနှင့် အလှူရှင်များစုပေါင်း၍ မကွေးမြို့ပေါ်ရှိ (ဘ.က)ကျောင်းများနှင့် သီလရှင်ကျောင်းများ စုစုပေါင်း-(၂၁)ကျောင်းသို့ အခြေခံစားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်းနှင့် စာရေးကိရိယာများ သွားရောက်လှူဒါန်းခဲ့ပါသည်။

ဥတ္တရာရုံသီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ဥတ္တရာရုံသီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၂.၈.၂၀၂၂)နေ့တွင် ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မိုးကောင်းမြို့၊ ဥတ္တရာရုံသီလရှင်ကျောင်းသို့ အလှူငွေ၊ ဆန်၊ ဆီ၊ ဗလာစာအုပ်နှင့် ဖိနပ်များ သွားရောက်လှူဒါန်းခဲ့ပါသည်။

ချင်းရွာ အ.မ.က(၃)ကျောင်းသို့ လှူဒါန်းခြင်း

ချင်းရွာ အ.မ.က(၃)ကျောင်းသို့ လှူဒါန်းခြင်း

(၃.၈.၂၀၂၂)နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ချင်းရွာ အ.မ.က(၃)ကျောင်းရှိ ဆရာ/မ(၇)ဦး အတွက် ကျောင်းဝတ်စုံ၊ ဆန်၊ ဆီနှင့် ကျောင်းသား/သူ(၁၄၉)ဦးအတွက် ကျောင်းသုံးစာရေးကိရိယာများ အား အလှူရှင် ဒုဥက္ကဌမိသားစုမှ ပေးအပ်လှူဒါန်းခဲ့ပါသည်။