ပညာရေး

ဘုမ္မော်ရပ်ကွက် အ.မ.က မူလွန်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ဘုမ္မော်ရပ်ကွက် အ.မ.က မူလွန်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၂.၇.၂၀၂၂)နေ့တွင် တနင်္သာရီတိုင်း MWCDF အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်၊ အ.မ.က(မူလွန်)ကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူကလေးများအား ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်လှူဒါန်းခြင်း၊ ပညာ၏ မြင့်မြတ်မှု၊ အဖိုးတန်မှုများနှင့် အားပေးစကားများ ပြောကြားခဲ့ပါသည်။

တောင်ကြီးမြို့၊ YGW ပရဟိတမိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းသို့ သွားရောက် လှူဒါန်းခြင်း

တောင်ကြီးမြို့၊ YGW ပရဟိတမိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းသို့ သွားရောက် လှူဒါန်းခြင်း

(၁၄.၇.၂၀၂၂)နေ့တွင် MWCDF(ရုံးချုပ်)မှ ခေတ္တဥက္ကဌနှင့် CEC အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် တောင်ကြီးမြို့၊ YGW ပရဟိတမိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းသို့ သွားရောက်၍ ဝတ္ထုငွေ၊ သင်္ကန်း၊ ကျောင်းသုံးစာရေးကိရိယာများ၊ အခြေခံ စားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် အမွှာညီမကျောင်းသူ(၂)ဦးအား ချီးမြှင့်ခြင်း

တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် အမွှာညီမကျောင်းသူ(၂)ဦးအား ချီးမြှင့်ခြင်း

(၁၅.၇.၂၀၂၂)နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်းမှ ပညာသင်စရိတ်ထောက်ပံ့ပေးထားသော သုံးခွ မြို့နယ်၊ ရဲနွဲ့ကျေးရွာမှ အမွှာကျောင်းသူ(၂)ဦးသည် တက္ကသိုလ်ဝင်စာမေးပွဲထူးချွန်စွာ အောင်မြင်ခဲ့သည့် အတွက် တစ်ဦးလျှင် (၁)သိန်းကျပ်နှုန်းဖြင့် ထောက်ပံ့ငွေနှင့် ဝမ်းဆက်တစ်စုံစီ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

လွယ်ကောင်းကျေးရွာ ပညာဥယျာဉ်(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်းနှင့် ဟောပြောဆွေးနွေးခြင်း

လွယ်ကောင်းကျေးရွာ ပညာဥယျာဉ်(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်းနှင့် ဟောပြောဆွေးနွေးခြင်း

(၂.၇.၂၀၂၂)နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မြန်မာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် လွယ်ကောင်းကျေးရွာ၊ ပညာဥယျာဉ်(ဘ.က)ကျောင်းရှိ ကျောင်းသား/သူကလေးများအား ကျန်းမာရေးအသိပညာဖြင့် Healt Education ပေးခြင်း၊ မိမိကိုယ်ကို ကာကွယ်နိုင်သည့်နည်းလမ်းများ ပြောကြားအသိပညာပေးခြင်း၊ ဗလာစာအုပ်နှင့် မုန့်များ လှူဒါန်းပေးခြင်း၊ ကလေးများနှင့်ကျောင်းရှိသံဃာများအတွက် ဆေးဝါးများ လှူဒါန်းခြင်း၊ ဗီနိုင်းဖြင့် အသိပညာပေးပြီး အပြန်အလှန်မေးခွန်းများ မေးမြန်းကာ ဆုချပေးခြင်းနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် လက်သဲညှပ်ခြင်းများအား စုပေါင်းလုပ်ဆောင်ခဲ့ကြပါသည်။

တောင်ကြီးမြို့၊ အ.မ.က(၅)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

တောင်ကြီးမြို့၊ အ.မ.က(၅)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁.၇.၂၀၂၂)နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် တောင်ကြီးမြို့၊ အ.မ.က(၅)ကျောင်းရှိ ကျောင်းသား/သူကလေးများအား ကျောင်းသုံးစာရေးကိရိယာ များ သွားရောက်လှူဒါန်းခဲ့ပါသည်။ ထို့ပြင် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအနေနှင့် အမျိုးသမီးနှင့်ကလေးများအပေါ်အကြမ်းဖက်မှုကို ကာကွယ်သောအားဖြင့် သက်ငယ်မုဒိမ်းကင်းစင်ရေး အားလုံးပူးပေါင်းပါဝင်ပေး ခေါင်းစဉ်ဖြင့် လက်ကမ်းစာစောင်များပေးအပ်၍ အသိပညာပေး ဟောပြော ဆွေနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

Covid-19 ကာကွယ်ဆေးထိုးပေးရာတွင် ပူးပေါင်းပါဝင်ခြင်း

Covid-19 ကာကွယ်ဆေးထိုးပေးရာတွင် ပူးပေါင်းပါဝင်ခြင်း

(၇.၆.၂၀၂၂)နေ့တွင် မကွေးတိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မကွေးမြို့၊ အ.လ.က အောင်စေတနာကျောင်းရှိ ကျောင်းသား/သူများအား ကျန်းမာရေးဌာနမှ Covid-19 ကာကွယ်ဆေးထိုးနှံ ပေးခြင်းလုပ်ငန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။