ဂရုဏာပရဟိတကျောင်းအတွက် လှူဒါန်းခြင်း

(၅.၆.၂၀၂၂)နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်တို့သည် ပုလဲမြို့သစ်၊ ဂရုဏာပရဟိတကျောင်းအတွက် ဆရာတော်ထံ နဝကမ္မဝတ္ထုငွေ၊ ဆွမ်းစရိတ်နှင့် သင်္ကန်း၊ ဆန်၊ ဆီ၊ ဆိုလာများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
Myanmar Women and Children Development Foundation

(၅.၆.၂၀၂၂)နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်တို့သည် ပုလဲမြို့သစ်၊ ဂရုဏာပရဟိတကျောင်းအတွက် ဆရာတော်ထံ နဝကမ္မဝတ္ထုငွေ၊ ဆွမ်းစရိတ်နှင့် သင်္ကန်း၊ ဆန်၊ ဆီ၊ ဆိုလာများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

(၈.၅.၂၀၂၂)နေ့တွင် ဧရာဝတီတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ ကလေးပြုစုရေးဌာနမှ မိဘမဲ့ကလေးများအား နေ့လည်စာ- ထမင်း၊ ကြက်သား/ဝက်သားဟင်း၊ သီးစုံဟင်း၊ ငါးပိ+တို့စရာ၊ ငှက်ပျောသီးတို့ကို အဖွဲ့ဝင်များမှ ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးခြင်း၊ ပုသိမ်နှင့်လပွတ္တာမြို့ ကလေးပြုစုရေးဌာနသို့ အားသွင်းမီးသီး(၁၀)လုံးနှင့် အားသွင်းခေါင်းများ၊ သွားတိုက်ဆေးနှင့်သွားတိုက်တံ(၃)ဒါဇင်စီ ပေးအပ်လှူဒါန်းခဲ့ပါသည်။

(၂၁.၄.၂၀၂၂)နေ့တွင် ဧရာဝတီတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ နေ့ကလေးထိန်းကျောင်းသို့ အလှူငွေ-(၃၀,၀၀၀)ကျပ် သွားရောက်လှူဒါန်းခဲ့ပါသည်။

(၁၀.၄.၂၀၂၂)နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဇေယျသိဒ္ဓိ ရွှေတောင်ဦးပရဟိတကျောင်းသို့ သွားရောက်၍ နဝကမ္မအလှူတော် ငွေနှင့် ဆန်၊ ဆီ၊ ဆိုလာမီးတိုင်များ လှူဒါန်းခဲ့ပါသည်။

(၂၅.၃.၂၀၂၂)နေ့တွင် MWCDF အသင်းမှ ခေတ္တဥက္ကဌ၊ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြင်ကြီးသာသနဝေပုလ္လသီလရှင်စာသင်တိုက်သို့ သွားရောက်၍ ဝတ္ထုငွေ၊ လှူဖွယ်ခြင်း၊ ဗလာစာအုပ်၊ Mask, မုန့်၊ ဆပ်ပြာ၊ သွားတိုက်ဆေးနှင့် အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ပါသည်။

(၂၅.၃.၂၀၂၂)နေ့တွင် MWCDF အသင်းမှ ခေတ္တဥက္ကဌ၊ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ YGW ပရဟိတမိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းသို့သွားရောက်၍ ဝတ္ထုငွေ၊ သင်္ကန်း၊ လှူဖွယ်ခြင်း၊ ဗလာစာအုပ်၊ Mask, မုန့်၊ ဆပ်ပြာ၊ သွားတိုက်ဆေးနှင့် အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ပါသည်။