ပညာရေး

YGW ပရဟိတမိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

YGW ပရဟိတမိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၅.၃.၂၀၂၂)နေ့တွင် MWCDF အသင်းမှ ခေတ္တဥက္ကဌ၊ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ YGW ပရဟိတမိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းသို့သွားရောက်၍ ဝတ္ထုငွေ၊ သင်္ကန်း၊ လှူဖွယ်ခြင်း၊ ဗလာစာအုပ်၊ Mask, မုန့်၊ ဆပ်ပြာ၊ သွားတိုက်ဆေးနှင့် အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ပါသည်။

ရေတွင်းတူးဖော်လှူဒါန်းခြင်း

ရေတွင်းတူးဖော်လှူဒါန်းခြင်း

(၇.၂.၂၀၂၂)နေ့တွင် မကွေးတိုင်း MWCDF အသင်းမှ အသင်းသူများ၏ မတည်ငွေနှင့် စေတနာရှင် အလှူရှင်များ၏ လှူဒါန်းငွေများ စုပေါင်း၍ မကွေးမြို့၊ အ.လ.က အောင်စေတနာကျောင်းတွင် ရေအခက်အခဲမရှိစေရေးအတွက် ကုန်ကျငွေ-(၈၃၅,၀၀၀)ကျပ် တန်ဖိုးရှိသော အနက်ပေ ၁၈၀ /(၂ လက်မ) ရေတွင်းတစ်တွင်းကို အောင်မြင်စွာ တူးဖော်လှူဒါန်းခဲ့ပါသည်။

မင်္ဂလာသီရိပတ္တာကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

မင်္ဂလာသီရိပတ္တာကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၂၈.၁.၂၀၂၂)နေ့တွင် MWCDF အသင်းမှ ခေတ္တဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် နေပြည်တော်၊ ပုဗ္ဗသီရိ မြို့နယ်၊ မင်္ဂလာသီရိပတ္တာကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်နှင့် သံဃာတော်များ အတွက် ဝတ္ထုငွေ၊ ဗလာစာအုပ်၊ Mask, ဆေးအိတ်၊ ဆပ်ပြာဆီဘူး၊ ဖယောင်းတိုင်နှင့် ဆန်၊ ဆီ၊ ကုလားပဲ၊ ကြက်သွန်အစရှိသည့် အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ပါသည်။

လွယ်ဆိုင်းမူလတန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

လွယ်ဆိုင်းမူလတန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၉.၁၂.၂၀၂၁)နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း အဖွဲ့ဝင်များသည် နမ့်စန်မြို့နယ်၊ လွယ်ဆိုင်းမူလတန်းကျောင်းသို့ Mask များ လှူဒါန်းခဲ့ပါသည်။

အ.ထ.က(၇)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

အ.ထ.က(၇)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၉.၁၂.၂၀၂၁)နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် တောင်ကြီးမြို့၊ အ.ထ.က(၇)ကျောင်းသို့ သွားရောက်၍ ပြည်နယ်အသင်းနှင့် အလှူရှင်များမှ Mask, Covid Test Kit နှင့် လက်သန့်ဆေးရည်များ လှူဒါန်းခဲ့ပါသည်။

အ.ထ.က(၁၂)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

အ.ထ.က(၁၂)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၉.၁၂.၂၀၂၁)နေ့တွင် MWCDF အသင်းမှ ဥက္ကဌနှင့် CEC များကိုယ်စား ရုံးအဖွဲ့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(၁၂)ကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီးနှင့်တွေ့ဆုံပြီး အသင်းမဂ္ဂဇင်း၊ တီရှပ်၊ Pamphlet များ၊ ဆရာ/မများအတွက် ခေါက်ဆွဲကြော်၊ ကြက်ဥ၊ Mask နှင့် ကျောင်းသား/သူများအတွက်  ဗလာစာအုပ်၊ ကျန်းမာရေးဆေးအိတ်၊ Health Care First Aid Kit, Mask နှင့် လက်ဆေးဆပ်ပြာဆီများ လှူဒါန်းခဲ့ပါသည်။