အခမ်းအနားတက်ရောက်ခြင်း

၁၁.၉.၂၅ ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင် ၅ ဦးသည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က အ.ထ.က (၈)၊ ထားဝယ်မြို့တွင် ကျင်းပပြုလုပ်သော စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့် ပွဲတော်အထိမ်းအမှတ် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့တက်ရောက်ခဲ့ပြီး အသင်းဗလာစာအုပ် ၁ ဒါဇင်နှင့် ထားဝယ်စာရေးဆရာများရေးသားသော သုတ၊ ရသစာအုပ် ၆ အုပ်ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။













