ပညာရေး

ဇေယျာရာမသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ဇေယျာရာမသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၂၈.၁၂.၂၀၂၀)နေ့တွင် MWCDF အသင်းမှ တွဲဘက်အတွင်းရေးမှူးနှင့် CEC အဖွဲ့ဝင်များသည် နေပြည်တော်၊ ပျဉ်းမနားမြို့၊ ဇေယျာရာမပရိယတ္တိသီလရှင်စာသင်တိုက်သို့ သွားရောက်၍ သီလရှင်ဆရာကြီး၊ ဆရာလေးများ Covid-19 ကာလ ဆွမ်းဆန်တော်အလှူခံကြွရောက်ရန် ခက်ခဲမှုရှိနေသည့်အတွက် အထောက် အပံ့ဖြစ်စေရန် အလှူငွေ၊ စားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

ပြည်လုံးချမ်းသာ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ပြည်လုံးချမ်းသာ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၈.၁၀.၂၀၂၀ )ရက်နေ့တွင် မွန်ပြည်နယ်၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေး အသင်း(M W C D F)မှ အဖွဲ့ဝင်များသည် မော်လမြိုင် မြို့နယ်၊ ပြည်လုံးချမ်းသာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ mask များ၊ Hand Jellများ၊ ဆန်၊ ဆီ၊ အာဟာရမုန့်များနှင့် ဆရာတော်မှ စောင့်ရှောက်ထားသော အမျိုးသမီးများငယ်(၂၀)ဦးအတွက် ထောက်ပံ့ငွေနှင့် ယောဂီဝတ်စုံ(၄၀)စုံကို လှူဒါန်းပေးခဲ့ပါသည်။

ရန်ကုန်တိုင်း MWCDF အသင်းမှ ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း

ရန်ကုန်တိုင်း MWCDF အသင်းမှ ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း

(၂၃.၈.၂၀၂၀)နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် သုံးခွမြို့နယ်၊ ရဲနွဲ့ကျေးရွာရှိ ပညာရေးထူးချွန်ပြီး ပညာသင်ယူရန် အခက်အခဲရှိနေသည့် အမွှာကျောင်းသူ(၂)ဦးအား တစ်နှစ်စာ ပညာသင်စရိတ်ထောက်ပံ့ခြင်းနှင့် သုံးခွမြို့တွင် ဆောက်လုပ်ဆဲ ဘိုးဘွားရိပ်သာအတွက် အလှူငွေများ လှူဒါန်းခဲ့ပါသည်။

မင်္ဂလာရံသီ မဟာစည်ကျောင်းတိုက်နှင့် ဗုဒ္ဓဓီတာ သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

မင်္ဂလာရံသီ မဟာစည်ကျောင်းတိုက်နှင့် ဗုဒ္ဓဓီတာ သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၁၉.၈.၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်း ဗဟိုမှ ဒုဥက္ကဋ္ဌနှင့် CEC များသည် မကွေးတိုင်း MWCDF အသင်းအဖွဲ့၊ စလင်းမြို့MWCDF အသင်းအဖွဲ့နှင့်အတူ မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့ ၊ မင်္ဂလာရံသီ မဟာစည် ကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်ဘဒ္ဒန္တကဝိန္ဒ အား ဖူးမျှော်ကန်တော့ပြီး ၀တ္ထုငွေ၊ ဝါဆိုသင်္ကန်း၊ ဆန်၊ ဆီ၊ မုန့်များ ၊ Mask များ၊ လက်ဆေးဆပ်ပြာများ ဆက်ကပ်လှူဒါန်းကာ တရားနာယူခဲ့ကြပါသည်။             ဆက်လက်၍ ဆင်ဖြူကျွန်းမြို့၊ ပေါ်ကျက်ဆူတန်းကျေးရွာ အနီးရှိ

ပဲခူးမြို့နယ်၊ ပရဟိတ(ဘ.က)ကျောင်းများသို့ သွားရောက်လှူဒါန်းခြင်း

ပဲခူးမြို့နယ်၊ ပရဟိတ(ဘ.က)ကျောင်းများသို့ သွားရောက်လှူဒါန်းခြင်း

(၁၅.၈.၂၀၂၀)ရက်နေ့တွင် MWCDF (ဗဟို)မှ ဥက္ကဌ၊ CEC အဖွဲ့ဝင်များနှင့် ပဲခူးတိုင်း MWCDF ဥက္ကဌနှင့် EC အဖွဲ့ဝင်များသည် Covid-19 ကာလအတွင်း ပဲခူးမြို့၊ ပန်းခြံကုန်း လူငယ်ပရဟိတ(ဘ.က)ကျောင်း၊ အလင်းစစ်ပညာဒါန(ဘ.က)ကျောင်း၊ ရွှေဂူကြီးတောရ(ဘ.က)ကျောင်းသို့ အလှူငွေ၊ အခြေခံစားသောက်ကုန်၊ မုန့်များနှင့် Covid-19 အကာအကွယ်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ပါသည်။

မြစ်ကြီးနားမြို့၊ အမှတ်(၁) မူလတန်းကြိုကျောင်းအတွက် လက်ဆေးဘေဇင်များ လှူဒါန်းခြင်း

မြစ်ကြီးနားမြို့၊ အမှတ်(၁) မူလတန်းကြိုကျောင်းအတွက် လက်ဆေးဘေဇင်များ လှူဒါန်းခြင်း

(၂၉.၇.၂၀၂၀)နေ့တွင် ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် Covid-19 ကာလအတွင်း မြစ်ကြီးနားမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော အမှတ်(၁) မူလတန်းကြို ကျောင်းအတွက် လက်ဆေးဘေဇင်(၁၅)ခု သွားရောက်လှူဒါန်းခဲ့ပါသည်။