ပညာရေး

ဇေယျာရာမသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ဇေယျာရာမသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၇.၇.၂၀၂၀)ရက်နေ့၊ MWCDF အသင်းမှ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် Covid-19 ကာ မိုးရာသီကာလအတွင်း ပျဉ်းမနားမြို့၊ ဇေယျာရာမပရိယတ္တိစာသင်တိုက်ရှိ သီလရှင်ဆရာကြီး၊ ဆရာလေးများ ဆွမ်းဆန်တော် အလှူခံကြွရောက်ရန် ခက်ခဲမှုရှိနေသည့်အတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ကာ စာသင်တိုက်သို့ သွားရောက်ပြီး သီလရှင်ဆရာကြီးထံ နဝကမ္မဝတ္ထုငွေ၊ လှူဘွယ်ခြင်း၊ သီလရှင်ဝတ်စုံများ၊ ဆိုလာ မီးအိမ်၊ ဖယောင်းတိုင်၊ လက်ဆေးဂျယ်၊ Mask များ၊ လစဉ်သုံးထုပ်များနှင့် အခြေခံစားသောက်ကုန်များ လှူဒါန်း ခဲ့ပါသည်။

ခေမာကံမြင့် ကြယ်တံခွန် သီလရှင်သင်ပညာရေးကျောင်းသို့ လှူဒါန်းခြင်း

ခေမာကံမြင့် ကြယ်တံခွန် သီလရှင်သင်ပညာရေးကျောင်းသို့ လှူဒါန်းခြင်း

(၄.၇.၂၀၂၀) ရန်ကုန်တိုင်း MWCDF အသင်းမှ သုံးခွမြို့၊ ခေမာကံမြင့် ကြယ်တံခွန် သီလရှင်သင် ပညာရေးကျေင်းသို့ ဆွမ်းဆန်အိတ်၊ ဆီ၊ ကြက်ဥ၊ ငါးသေတ္တာ၊ ဆပ်ပြာမှုန့်နှင့် Mask များ လှူဒါန်းခဲ့ပြီး သီလရှင်လေးများ၊ ကျောင်းသားလေးများအား ကျန်းမာရေးစစ်ဆေးပြီး ဆေးကုသပေးခဲ့ပါသည်။

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသင်း၏ လုပ်ဆောင်နေမှုများအား ရှင်းလင်းပြောကြားခြင်း

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသင်း၏ လုပ်ဆောင်နေမှုများအား ရှင်းလင်းပြောကြားခြင်း

မြဝတီရုပ်မြင်သံကြားမှ ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် “မြန်မာအမျိုးသမီးများနေ့” ကို ဂုဏ်ပြုသည့် အစီအစဉ် ထုတ်လွှင့်ပြသရန် အသင်းသို့ ဆက်သွယ်လာ သဖြင့် ရန်ကုန်တိုင်း၊ MWCDF အသင်း ဥက္ကဌ ဒေါ်တင်စိန်မှ အသင်း၏ကိုယ်စား “မြန်မာအမျိုးသမီးများ နေ့” အထိမ်းအမှတ် လုပ်ဆောင်မှုများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များနှင့် ယခုကျရောက်နေသော Covid-19 ကမ္ဘာကပ်ရောဂါကာလ တွင် ပြည်နယ်/တိုင်းများရှိ အသင်းများမှ ကူညီစောင့်ရှောက်ရန် လိုအပ်နေသော နေရာဒေသများတွင် ကူညီထောက်ပံ့ပေးနေမှုများကို ရိုက်ကူးရေးအစီအစဉ်တွင် ရှင်းလင်းပြောကြားခဲ့ပါသည်။ ၂၀၂၀ခုနှစ် ၊

စမတောင် လူငယ်ဖွံ့ဖြိုးရေးပရဟိတဥယျာဉ်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

စမတောင် လူငယ်ဖွံ့ဖြိုးရေးပရဟိတဥယျာဉ်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၅.၆.၂၀၂၀)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ အလုပ်အမှုဆောင်များနှင့် အဖွဲ့ဝင်တို့သည် COVID-19 ကာလအတွင်း စမတောင် လူငယ်ဖွံ့ဖြိုးရေးပရဟိတဥယျာဉ်ကျောင်း ဆရာတော်နှင့် မိဘမဲ့ ကလေး 1000 ကျော်အတွက် ဆန်အိတ်၊ ဆီ၊ ကြက်သွန်၊ masks သွားတိုက်ဆေး၊ ဆပ်ပြာ နှင့် မုန့်များ စုစုပေါင်းတန်ဖိုးငွေ(၅၀၀၀၀၀)ကျပ်ဖိုး သွားရောက် လှူဒါန်းခဲ့ပါသည်။

မာဃချောင်နှင့်ကွတ်ခိုင်ချောင် (စစ်ဘေးရှောင် ပလောင်၊ နာဂ၊ ပအို့ဝ်) သီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

မာဃချောင်နှင့်ကွတ်ခိုင်ချောင် (စစ်ဘေးရှောင် ပလောင်၊ နာဂ၊ ပအို့ဝ်) သီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၆.၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့် တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များသည် Covid -19 ကာလတွင် ဆွမ်းဆန်တော် အလှူခံမထွက်နိုင်၍ အခက်အခဲဖြစ်နေသော မာဃချောင်နှင့်ကွတ်ခိုင်ချောင်(စစ်ဘေးရှောင် ပလောင်၊ နာဂ၊ ပအို့ဝ်)ဆရာလေးများထံ ခရမ်းချဉ်သီး(၂၀)ပိဿာ၊ ငရုပ်သီးစိမ်း(၂)ပိဿာ၊ ကတ္တီပါ ဖိနပ် (၅၀)ရံ၊ အမျိုးသမီးလစဉ်သုံးအထုတ်(၂၀၀)ထုတ်ကို သွားရောက်လှူဒါန်းခဲ့ပါသည်။

Covid-19 ကာလအတွင်း စားရေးသောက်ရေးအခက်အခဲရှိနေသော ဓမ္မလုံးကောင်လွယ်ကောင်း ပရဟိတ ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

Covid-19 ကာလအတွင်း စားရေးသောက်ရေးအခက်အခဲရှိနေသော ဓမ္မလုံးကောင်လွယ်ကောင်း ပရဟိတ ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၆.၂၀၂၀)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာနိုင်ငံအမျိုး သမီးများနှင့် ကလေးသူငယ် များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ဓမ္မလုံးကောင်လွယ် ကောင်း ပညာဥယျာဉ်ပရဟိတ(ဘ.က)ကျောင်းသို့ ဆန်အိတ်(၂၀)အိတ်၊ Mask (၄၀၀)ခု၊ စာအုပ်ဒါဇင် (၄၀)ဒါဇင်၊ ကြက်ဥ (၉၀၀)လုံး၊ လက်သန့်ဆေးရည်(၅၀၀)ml- (၁၀)ဘူး၊ လက်ဆေးဆပ်ပြာ(၅၀၀)ml -(10)ဘူး စုစုပေါင်း-(၉၃၆၀၀၀)ကျပ်ဖိုး လှုဒါန်းခဲ့ပါသည်။