ပညာရေး

ရွှေမြင့်မိုရ်ကွတ်ခိုင်ချောင် စစ်ဘေးရှောင်ပလောင်သီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ရွှေမြင့်မိုရ်ကွတ်ခိုင်ချောင် စစ်ဘေးရှောင်ပလောင်သီလရှင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁.၄.၂၀၂၀)နေ့တွင် စစ်ကိုင်းတိုင်းမှ MWCDF အဖွဲ့ဝင်များသည် စစ်ကိုင်းတောင်ပေါ်               ရှိရွှေမြင့်မိုရ်ကွတ်ခိုင်ချောင်မှ စစ်ဘေးရှောင် ပလောင်သီလရှင်ဆရာလေးအပါး(၄၀)တို့သည် covid.19 ရောဂါကြောင့် ဆွမ်းဆန်အလှူခံမထွက်ရသော ကြောင့် စားသောက်ကုန်ပစ္စည်းများ စုစုပေါင်း-(၁၅၀၀၀၀)ကျပ်ဖိုး သွားရောက်လှူဒါန်းခဲ့ပါသည်။

ကျောင်းဆောင်ဆောက်လုပ်ရန် စာချုပ်ချုပ်ဆိုခြင်းနှင့် Covid-19 အကြောင်းဟောပြောခြင်း

ကျောင်းဆောင်ဆောက်လုပ်ရန် စာချုပ်ချုပ်ဆိုခြင်းနှင့် Covid-19 အကြောင်းဟောပြောခြင်း

မကွေးတိုင်း MWCDFအသင်းမှ အလုပ်အမှုဆောင်များ သည်မ​ကွေးမြို့နယ်​၊ ကျွန်းပြတ်​​ကျေးရွာ မူလတန်းလွန်​​ကျောင်းတွင်​ ​ဟောင်​​ကောင်​ SOWERS. ACTION. မှ ​ဆောက်​လုပ်​လှူဒါန်းမည့် ပေ. ၉၀. ၃၀. ​ကျောင်းဆောင်​အတွက်​ စာချုပ်​ချုပ်​ဆိုရန်​ (29-3-2020) ​နေ့တွင်​ ကျွန်းပြတ်​​ကျေးရွာသို့           သွား​ရောက်​ရာ စာချုပ်​ချုပ်​ဆိုပြီးနောက် (COVID. -19) အ​ကြောင်းဟော​ပြောကာ လက်​ကမ်းစာ​စောင်​များ​ဝေငှခဲ့ပါသည်​။

သက်ငယ်မုဒိမ်းကင်းစင်ရေး အားလုံးပူးပေါင်းပါဝင်ပေး ခေါင်းစဉ်ဖြင့် ဟောပြောခြင်း

သက်ငယ်မုဒိမ်းကင်းစင်ရေး အားလုံးပူးပေါင်းပါဝင်ပေး ခေါင်းစဉ်ဖြင့် ဟောပြောခြင်း

(၉.၃.၂၀၂၀) တောင်ကြီးမြို့၊ ကရင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် ၌ သက်ငယ်မုဒိမ်းကင်းစင်ရေး အားလုံးပူးပေါင်းပါဝင်ပေး ခေါင်းစဉ်ဖြင့် ကလေး (၁၀၀) ကျော်ကို သက်ငယ်မုဒိမ်းနှင့်ပါတ်သက်သည့် အန္တရာယ် မည်သို့ကာကွယ်ဆောင်ရွက်ရန်၊ ရှောင်ကြဉ်ရမည့် လိုက်နာရမည့်အချက်များကို မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ရှမ်းတောင်၏ဥက္ကဌ သုဓမ္မသိင်္ဂီဒေါ်ကေသီအောင် က ဟောပြောသင်ကြားကာ ကလေးများအား ပြန်လှန်မေးခွန်းများမေးကြားခြင်း၊ ဖြေဆိုနိုင်သည့် ကလေးများကို ဆုငွေများချီးမြှင့်ကာ ချီးကျုးစကားဆိုဖြစ်ခဲ့ပါသည်။မိမိတို့အသင်း၏ ဆောင်ပုဒ်ဖြစ်သည့် “လုံခြုံလှပဘဝများအမျိုးသမီးနှင့်ကလေးတိုင်း ရစေသား” ဆောင်ပုဒ်အား တပြိုင်နက်ရွတ်ဆိုခြင်း မေတ္တာကမ္ဘာအစီအစဉ်တိုင်း တစ်ယောက်နှင့်တစ်ယောက် ချစ်ခြင်းမေတ္တာစကားဆိုကာ အပြန်အလှန်တာဝန်ရှိသူများက ကျေးဇူးတင်စကားပြောကာ အခမ်းအနားပြီးဆုံးခဲ့ပါသည်။

ဘက်စုံ မူကြိုကျောင်း ပဒေသာကပွဲ သို့ တက်ရောက်အားပေး၍ ဆုတော်ငွေများချီးမြှင့်ခြင်း

ဘက်စုံ မူကြိုကျောင်း ပဒေသာကပွဲ သို့ တက်ရောက်အားပေး၍ ဆုတော်ငွေများချီးမြှင့်ခြင်း

(၁.၃.၂၀၂၀)ရက်နေ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မန္တလေးရပ်၌ ဖွင့်လှစ်ထားသော ဒေါ်ခင်ကြည် သားဖွားနှင့်ဆေးပေးခန်းတွင် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကျင်းပပြုလုပ်သော ဘက်စုံမူကြိုကျောင်း ပဒေသာကပွဲသို့ မွန်ပြည်နယ် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အဖွဲ့ဝင်များတက်ရောက်၍ အားပေးကာ ဆုတော်ငွေများ ချီးမြှင့်ပေးခဲ့ပါသည်။

Good Treatment Program (မေတ္တာကမ္ဘာပျို:ထောင်ရာ)နှင့် Leadership Development Program (ခေါင်းဆောင်မှုဆိုင်ရာ)သင်တန်း ဖွင့်လှစ်ခြင်း

Good Treatment Program (မေတ္တာကမ္ဘာပျို:ထောင်ရာ)နှင့် Leadership Development Program (ခေါင်းဆောင်မှုဆိုင်ရာ)သင်တန်း ဖွင့်လှစ်ခြင်း

နေပြည်တော်၊ ရုံးချုပ်၌ ဖေဖော်ဝါရီလ(၂၃)ရက် မှ ဖေဖော်ဝါရီလ(၂၄)ရက်နေ့ထိ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ Good Treatment Program (မေတ္တာကမ္ဘာပျိုးထောင်ရာ)နှင့် Leadership Development Program (ခေါင်းဆောင်မှု ဆိုင်ရာ)သင်တန်းအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့် CECများ၊ သင်ကြားပေးမည့် အဖွဲ့ဝင် ဆရာမများ၊ ပြည်နယ်/တိုင်း အသီးသီးမှ အဖွဲ့ဝင်(၃၄)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်း ဥက္ကဌ ဒေါက်တာဒေါ်ဝေဝေသာမှ

” မြန်မာ ကလေးများနေ့”ကို ကြိုဆိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောင်းသား/သူများအတွက် လိုအပ်သည်များထောက်ပံ့ခြင်း

” မြန်မာ ကလေးများနေ့”ကို ကြိုဆိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောင်းသား/သူများအတွက် လိုအပ်သည်များထောက်ပံ့ခြင်း

ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ကျရောက်မည့် ” မြန်မာ ကလေးများနေ့”ကို ကြိုဆိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောင်းသား/သူများအတွက် စာရေးကိရိယာ များ၊ မုန့်များပေးအပ်လှူဒါန်းကာ ယဉ်ကျေးလိမ္မာ၊ ပြည်သူ့နီတိ၊ မြန်မာကလေးများနေ့အကြောင်း သိကောင်းစရာများ၊ ကျောင်းကျန်းမာရေးနှင့်ဆိုင်သောအကြောင်းအရာများကို အသိပညာပေးဟော ပြောခြင်းနှင့် မေးခွန်းများမေးမြန်းကာ ဖြေဆိုနိုင်သူများအား ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ခဲချွန်စက်များ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ကျောင်းပညာရေးစုံညီပွဲတော် အခမ်းအနားတွင် ထူးချွန်ကျောင်းသား/သူများအား ဆုချီးမြှင့်နိုင်ရန်အတွက် အသင်းမှ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ခဲချွန်စက်၊ ကွန်ပါဘူးများကို ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများထံ ပေးအပ်လှူဒါန်း ခဲ့ပါသည်။ ဆက်လက်၍