ပညာရေး

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၁၃.၈.၂၀၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၆)ဦးသည် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)အတွက် အလှူငွေ- (၅၀၀၀၀၀)ကျပ်နှင့် ကင်ဆာဌာန၌ ဆေးကုသမှုခံယူနေကြသော လူနာ(၂၀၀)ဦးအား (မုန့်၊ ကွေကာအုပ်၊ ကော်ဖီမစ်၊ ခေါက်ဆွဲခြောက်ရေသန့်ဗူးများ)တန်ဖိုး-(၉၀၀,၀၀၀)ကျပ်၊ စုစုပေါင်း (၁,၄၀၀,၀၀၀)ကျပ်အား သွားရောက်လှူဒါန်းခဲ့ကြပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၈.၈.၂၀၂၅ ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၁၃)ဦးသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း (ငန်းစပ်)ရှိ ကျောင်းသား/သူများအတွက် စာရေးကိရိယာ၊ မုန့်များနှင့် ရေသန့်ဗူးများလှူဒါန်းခဲ့ပါသည်။ လှူဒါန်းမှုစုစုပေါင်းငွေ (၁,၀၀၀,၀၀၀)ကျပ် ဖြစ်ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

(၇.၈.၂၀၂၅) ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် (၈)ဦးသည် တောင်ကြီးမြို့၊ စိတ္တသုခပရဟိတကျောင်းသို့ ဆန် (၃)အိတ်၊ ကာလတန်ဖိုး (၃၃၀,၀၀၀)ကျပ်အား သွားရောက်လှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၆.၈.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုတိယဥက္ကဌ ဒေါ်စုညွန့်ဦး မိသားစုမှ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းရှိ  နေရပ်စွန့်ခွါကျောင်းသား/သူများအတွက် ကျောင်းစိမ်းလုံချည်၊ ထီး၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို ကျောင်းအုပ်ကြီးကိုယ်စား ဆရာ/ဆရာမ (၃)ဦးထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၆.၈.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုတိယဥက္ကဌ ဒေါ်စုညွန့်ဦး မိသားစုမှ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အ.မ.က (၃)ချင်းရွာကျောင်းရှိ ဆရာ/ဆရာမများအတွက် ကျောင်းစိမ်းလုံချည်များ၊ ဆန် (၃)ပြည်ဝင်အိတ်များ၊ မြေပဲဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ကျောင်းသား/သူ (၂၀၄)ဦးအတွက် ဗလာစာအုပ်၊ စာရေးကိရိယာများ၊ ဘီစကစ်မုန့်အိတ်ကြီးများ၊ KG ကျောင်းသား/သူ (၄၂)ဦးအတွက် အရုပ်စုံ (၄၂) ရုပ်အား မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုတိယ ဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်များက တာဝန်ခံ ကျောင်းအုပ်ကြီး ဦးဇော်လင်းမိုးနှင့် ဆရာ/ဆရာမ

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂.၈.၂၀၂၅ ရက်‌နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရေကြီးမှုကြောင့်ရေဘေးခံစားနေရသော ဇမ္ဗူမြိုင် ဘုန်းကြီးကျောင်းအတွက် နဝကမ္မ (၂) သိန်းကျပ် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ကရင်ပြည်နယ် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဇမ္ဗူမြိုင်သီလရှင် စာသင်တိုက်ရှိ သီလရှင် ( ၁၆၅ )ပါးအတွက် နဝကမ္မ ( ၁၃၀၀၀၀ )ကျပ်နှင့် လိုအပ်သောပစ္စည်းဖြစ်သော အချိုမှုန့် ပေါင်ထုတ် (၁၀) ထုတ်၊ အာလူး (၂) အိတ်၊ ဆီ (၂)လီတာ (၂)ဘူး၊