ပညာရေး

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၇.၇.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ အသင်းသူများစုပေါင်း၍ ဆားတိုင်ကန်ကျေးရွာ ရေတွင်းဘုန်းတော်ကြီးပညာသင်ကျောင်းတွင်ဖွင့်လှစ်ထားသော ကျောင်းပြင်ပမူလတန်းပညာရေးစခန်း (NFPE)တွင်တက်ရောက်နေကြသော စလင်း၊ ဆော၊ မင်းတုန်း၊ ဆိပ်ဖြူမြို့များမှ နေရပ်စွန့်ခွါ ကျောင်းသား/သူ ၂၂ ဦးနှင့် ဘုန်းတော်ကြီးသင်ပညာကျောင်းတွင် G-1 မှ G-8 အထိ တက်ရောက်ပညာသင်ကြားနေသော ကျောင်းအိပ်/ကျောင်းစား နေရပ်စွန့်ခွါကျောင်းသားကလေးများအတွက် ဆန်၊ ဆီ၊ စာရေးကိရိယာနှင့် ဝတ္ထုငွေ(၁၀၀၀၀၀/-)ကျပ် စုစုပေါင်းလှူဒါန်းငွေ (၆၈၅,၀၀၀/-)ကျပ်ကို ကျောင်းထိုင်ဆရာတော်ထံ သွားရောက်လှူဒါန်းထောက်ပံ့ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၀-၇-၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အမှုဆောင်များနှင့်အသင်းဝင်များမှ ထီးချိုင့်၊ ကသာ၊ ဗန်မော်မြို့များမှ နေရပ်စွန့်ခွါ ကျောင်းသား/သူ (ကျား/မ)စုစုပေါင်း (၄၈)ဦးကို ပုဆိုး၊ ထမီ၊ အချိုရည်၊ လက်ဖက်အကြော်စုံများ၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ တန်ဖိုးသင့်ငွေမှာ ၇၈၅,၀၀၀ ကျပ် ဖြစ်ပါသည်။

သင်တန်းဆင်းပွဲတက်ရောက်ခြင်း

သင်တန်းဆင်းပွဲတက်ရောက်ခြင်း

၈.၇.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်(၅)ဦးသည် ပဲခူးတိုင်းဒေသကြီး၊ လူမှု၀န်ထမ်းဦးစီးဌာနမှ သီရိဟံသာခန်းမ၌ ကျင်းပပြုလုပ်သည့် အသက် (၃)နှစ် မှ အသက် (၅)နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် အခြေခံသင်တန်းဆင်းပွဲကို သင်တန်းသား/သူ (၃၀)ဦးဖြင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၈.၆.၂၀၂၅ ရက်နေ့တွင် ကချင်ပြည်နယ်၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ နှင့် အဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ လယ်ကုန်းရပ်ကွက်ရှိ အောင်တော်မူ ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်း အောင်တော်မူကျောင်းအတွက် စာအုပ်(၁၀)ဒါဇင်၊ ဘောပင်၊ ခဲတံ၊ မင်ဖျက်ဆေး၊ ခဲဖျက်နှင့် အထပ်သား ၅ ချပ်တို့ကို ဆရာတော်ထံ လှူဒါန်းခဲ့ကြပါသည်။ လှူဒါန်းမှုမှာ ၅၀၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၅.၆.၂၀၂၅ ရက်နေ့တွင် ကချင်ပြည်နယ်၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ၊ စီတာပူ အ.ထ.က ကျောင်းအတွက် စက်မှု့လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ ပန်ကာ(၈)လုံးသွား‌ရောက် လှူဒါန်းခဲ့ပါသည်။ လှူဒါန်းငွေ ၁,၂၆၄,၀၀၀/-ကျပ်ဖြစ်ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၃.၆.၂၀၂၅ ရက်နေ့တွင် နေ့လည် ၄:၃၀ အချိန်တွင် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် လားရှိုးမြို့နှင့် လွိုင်ကော်မြို့တို့မှ စစ်ဘေးရှောင် ရပခ၊ တိုင်းမှ တာဝန်ယူကာ မဆရ(၂)တွင် စောင့်ရှောက်ထားသည့် ကျောင်းသား ၃၅ ဦးအား မိုးရာသီတွင်လိုအပ်သော ထီး ၃၅ လက်အား ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ကေသီအောင်နှင့် အလုပ်အမှုဆောင် ၈ ဦးတို့က သွားရောက်လှူဒါန်းကာ ဥက္ကဌမှ ကျောင်းသားကလေးများအား စိတ်ခွန်အားမြှင့်တင်စေရေးအတွက် အားပေးစကားပြောကြားခဲ့ပါသည်။